လိုင်လီနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ပွဲစဉ်ဟာ အက်စတွန်ဗီလာ အတွက် “ကြီးမားတဲ့ စမ်းသပ်မှု” ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း အသင်းသားတွေ အနေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ရင်ဆိုင်ကြဖို့ နည်းပြ အူနိုင်း အမ်မရီက တိုက်တွန်းလိုက်ပါတယ်။
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ တွေ့ဆုံရမယ့် ပြင်သစ် ကလပ် လိုင်လီဟာ အက်စတွန်ဗီလာ အတွက် “ ကြီးမားတဲ့ တာဝန်” တစ်ရပ် ဖြစ်လာလိမ့်မယ်လို့ နည်းပြ အူနိုင်း အမ်မရီက ယုံကြည်နေပြီး၊ ကစားသမားတွေ အနေနဲ့ အဲဒီစိန်ခေါ်မှုကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လိုင်လီဟာ ပထမအကျော့မှာ အိမ်ကွင်း အသာစီး ရရှိမှာ ဖြစ်ပြီး ဒုတိယအကျော့ ကိုတော့ ဗီလာပါ့ခ်မှာ ပြန်လည် ကစားရမှာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာက ယူရိုပါလိဂ်မှာ နောက်ဆုံး ၅ ပွဲ ဆက်တိုက် အနိုင်ရရှိထားပြီး ဒါဟာ အသင်း သမိုင်းတလျှောက် ဥရောပပြိုင်ပွဲတွေမှာ အရှည်ကြာဆုံး နိုင်ပွဲဆက်မှုလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Decathlon Arena မှာ ပထမဆုံးအကြိမ် တွေ့ဆုံမယ့် ပွဲက ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်လာလိမ့်မယ်လို့ အူနိုင်း အမ်မရီက မျှော်လင့်ထားပါတယ်။
ဒီပွဲ မတိုင်ခင် အူနိုင်း အမ်မရီက “မနက်ဖြန်ပွဲက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခုပါ။ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားရမှာ ဖြစ်ပေမယ့် အဝေးကွင်းပွဲက တကယ်ကို ခက်ခဲလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အာရုံစူးစိုက်မှု အပြည့်ထားရမယ်။ အသင်းရဲ့ တည်ဆောက်ပုံကို ခိုင်ခိုင်မာမာ တည်ဆောက်ရမယ်။ ပြိုင်ဘက် ကိုလည်း လေးစားမှု ရှိရပါမယ်။”

“နောက်ဆုံး ပြောချင်တာ ကတော့ ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင် ကစားဖို့ပါပဲ။ ပွဲအတွက် ပြင်ဆင်တာ၊ ဟိုတယ်မှာ တည်းခိုတာက အစ မနက်ဖြန် ပွဲကစားချိန်မှာ ကွင်းအတွင်းက ပတ်ဝန်းကျင် အခြေအနေနဲ့ ကျွန်တော် တို့ရဲ့ တုံ့ပြန်ပုံတွေ ကိုပါ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းကြဖို့ လိုပါတယ်။” လို့ ပြောကြားသွးခဲ့ပါတယ်။
အက်စတွန်ဗီလာက ပြင်သစ်မြေမှာ ကစားခဲ့တဲ့ ဥရောပ ပွဲစဉ် ၆ ပွဲမှာ တစ်ပွဲမျှ အနိုင်မရရှိဖူးတဲ့ (၂ ပွဲ သရေ၊ ၄ ပွဲ ရှုံး) မှတ်တမ်းဆိုး တစ်ခု ရှိနေပြီး နောက်ဆုံး ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ စပိန် လူမျိုး နည်းပြ အမ်မရီက လိုင်လီ အသင်း ပရိသတ်တွေရဲ့ ဆူညံ ပြင်းထန်တဲ့ အားပေးမှုတွေ အကြားမှာ ကစားသမားတွေ အနေနဲ့ မိမိတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ရန် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
“ကျွန်တော် တို့ရဲ့ အသင်း တည်ဆောက်ပုံမှာ စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့လည်း ပါဝင်ပါတယ်။ တစ်ဦးချင်းရော၊ အသင်းလိုက်ပါ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ရမယ်။ လွန်ခဲ့တဲ့ ၂ နှစ်က လိုင်လီနဲ့ ဒီကွင်းမှာ ကစားခဲ့တုန်း ကလည်း ပြင်သစ် ပရိသတ်တွေဟာ သူတို့ အသင်းကို အားပေးရင်း ကျွန်တော်တို့ ကစားသမားတွေကို နည်းမျိုးစုံနဲ့ ဖိအားပေးဖို့ ကြိုးစားခဲ့ကြတာ သိပါတယ်။ ဒါပေမယ့် မနက်ဖြန် မှာတော့ ကျွန်တော်တို့ ပွဲအပေါ်မှာပဲ အာရုံစိုက်ပြီး အသင်းလိုက် စုစည်းမှုနဲ့ စိတ်ဓာတ်ပိုင်းကို ကာကွယ်သွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။အက်စတွန်ဗီလာဟာ ဒီနှစ် ယူရိုပါလိဂ် လိဂ်အဆင့်မှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပြီး အဆင့် ၂ နေရာနဲ့ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လိုင်လီ ကတော့ လိဂ် အဆင့်မှာ ၄ ပွဲနိုင်၊ ၄ ပွဲ ရှုံးပြီး အဆင့် ၁၈ နေရာသာ ရခဲ့တာကြောင့် ပလေးအော့ဖ် ကစားခဲ့ရပြီး ရက်စတား ဘဲလ်ဂရိတ်ကို နှစ်ကျော့ပေါင်း ၂-၁ နဲ့ ကျော်ဖြတ်ကာ ဒီအဆင့်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


