အစောပိုင်းမှာ လာမယ့်နှစ် ချန်ပီယံလိဂ် ပြိုင်ပွဲ အတွက် ပရီးမီးယားလိဂ် ကနေ အသင်း ၅ သင်း အထိ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ နီးစပ်နေခဲ့တာပါ။ ဒါပေမယ့်လည်း အခုတပတ် အင်္ဂလန် အသင်းတွေရဲ့ ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ် ကနေ ၄ သင်းသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး အင်္ဂလန် ကလပ်တွေ ချန်ပီယံလိဂ်မှာ ရုန်းကန်နေရတာကြောင့် မန်ချက်စတာယူနိုက်တက်၊ အက်စတွန်ဗီလာ၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ်တို့ အတွက်လည်း သက်ရောက်မှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ပွဲစဉ်တွေမှာ ဂိုးပြတ် ရှုံးနိမ့်ထားတာကြောင့် ပြိုင်ပွဲ ကနေ ထွက်ခွာရဖို့ နီးစပ်နေပါတယ်။ လစ်ဗာပူးလ်က ဂါလာတာဆာရေးကို ၁-၀ နဲ့ ရှုံးခဲ့သလို၊ အာဆင်နယ်နဲ့ နယူးကာဆယ် တို့ကလည်း သရေရလဒ်တွေသာ ထွက်ပေါ်ထားပါတယ်။ အကယ်၍ အင်္ဂလန် ကလပ်တွေသာ ဒီအဆင့် ကနေ ဆက်တိုက် ထွက်ခွာသွားရမယ် ဆိုရင် ယူအီးအက်ဖ်အေရဲ့ အမှတ်ပေးဇယား (Coefficient rankings) မှာ အဆင့်နိမ့်သွားပြီး ၂၀၂၆-၂၀၂၇ ချန်ပီယံလိဂ် အတွက် ပရီးမီးယားလိဂ် ကနေ ထိပ်ဆုံး ၄ သင်းသာ ဝင်ခွင့်ရမယ့် အခြေအနေ ဖြစ်သွားနိုင်ပါတယ်။
European Performance Spot – EPS ဆိုတာ ဘာလဲ?
ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ကို အသင်းပေါင်း ၃၆ သင်း အထိ တိုးချဲ့လိုက်တဲ့ အခါ တစ်နှစ်တာ အတွင်း ဥရောပပြိုင်ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်းပြတဲ့ ထိပ်တန်းလိဂ် ၂ ခုကို ချန်ပီယံလိဂ် ဝင်ခွင့် “ အပိုတစ်နေရာ” စီ ပေးခဲ့ပါတယ်။ လက်ရှိမှာ အာဆင်နယ်နဲ့ မန်စီးတီး တို့က အဆင့် ၁ နဲ့ ၂ နေရာမှာ စိတ်ချရတဲ့ အနေအထား ရှိနေလို့ ကျန်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် နေရာတွေ အတွက် ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က အပြိုင်အဆိုင် တိုက်ပွဲဝင်နေကြရပါတယ်။ အကယ်၍ အင်္ဂလန်က ၅ နေရာ ရရင် အပေါ်က ၄ သင်းထဲက ၁ သင်းပဲ ဝင်ခွင့်နဲ့ လွဲချော်မှာ ဖြစ်ပေမယ့် ၄ နေရာပဲ ဝင်ခွင့် ရမယ် ဆိုရင်တော့ ၂ သင်း အထိ ဝင်ခွင့် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
ဒါဆိုရင် အမှတ်ပေးစနစ်ကို ဘယ်လိုတွက်ချက်သလဲ
EPS နေရာ ရဖို့ အတွက် ဥရောပပြိုင်ပွဲ (၃) ခုလုံးက ရလဒ်တွေကို အမှတ်ပေး တွက်ချက်တာ ဖြစ်ပါတယ်။ နိုင်ပွဲ တစ်ပွဲ ရရင် (၂) မှတ်၊ သရေ ဆိုရင် (၁) မှတ် ပေးပြီး အဆင့် တက်နိုင်ရင် အပိုဆု အမှတ်တွေ ထပ်ပေးပါတယ်။ မှတ်ချက် အနေနဲ့ ချန်ပီယံလိဂ်မှာ ဆိုရင် အပိုဆု အမှတ်တွေ အများဆုံး ရရှိကြပါတယ်။ ရရှိလာတဲ့ စုစုပေါင်း အမှတ် ကိုတော့ ပြိုင်ပွဲဝင်တဲ့ အသင်း အရေအတွက်နဲ့ ပြန်စားပါတယ်။ ပရီးမီးယားလိဂ် အတွက် ကတော့ ဒီရာသီမှာ ဥရောပ ပြိုင်ပွဲဝင် ၉ သင်း ရှိလို့ ၉ နဲ့ စားရမှာပါ။
ဘယ်လိဂ်တွေက အဓိက ခြိမ်းခြောက်နေသလဲ

အင်္ဂလန်လိဂ်ဟာ လက်ရှိမှာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေဆဲ ဖြစ်ပေမယ့် စပိန်နဲ့ ဂျာမန် ကလပ်တွေက အနောက် ကနေ ဖိအားပေးလာနိုင်ပါတယ်။ စပိန်မှာ ဆိုရင် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ အက်တလက်တီကိုမက်ဒရစ် စတဲ့ အသင်းတွေ ခြေစွမ်းပြနေပြီး ဂျာမန် ကလပ်တွေ ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ လေဗာကူဆင် တို့ရဲ့ ရလဒ်တွေက အင်္ဂလန်ကို ကျော်တက်သွားနိုင်ခြေ ရှိနေပါတယ်။ အီတလီ ကတော့ အတ္တလန္တာ တသင်းတည်း ရှိသလို ထွက်ခွာရမယ့် အခြေအနေလည်း ရှိနေပါတယ်။ ဒါ့အပြင် ရိုးမားနဲ့ ဘိုလော့ဂ်နာ တို့က ယူရိုပါလိဂ်မှာ အချင်းချင်း ပြန်တွေ့နေတာကြောင့် အင်္ဂလန် အတွက် သိပ်ပြီး ခြိမ်းခြောက်ခံရဖို့ မရှိနိုင်ပါဘူး။
အချုပ်အားဖြင့်ဆိုရရင်တော့ ချန်ပီယံလိဂ်မှာ အင်္ဂလန် အသင်းကြီးတွေ စောစောစီးစီး ထွက်ခွာသွားခြင်းဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၅ ရတဲ့ အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရမယ့် အခွင့်အရေးကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်နေပါတယ်။ ဒါကြောင့် အဆင့် ၄ အတွင်း ဝင်ဖို့ ကြိုးစားနေရတဲ့ ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ်တို့ အတွက် ကတော့ အခုတပတ် ရလဒ်တွေက သတင်းဆိုးတွေ ဖြစ်နေပါပြီ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


