ဂါလာတာဆာရေး – ဂျူဗင်တပ်စ်
တူရကီ ထိပ်သီး ဂါလာတာဆာရေးနဲ့ အီတလီ ထိပ်သီး ဂျူဗင်တပ်စ် တို့ကတော့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် ပလေးအော့ဖ် ပထမအကျော့ ပွဲစဉ်ကို စတင် ရင်ဆိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။ ဂါလာတာဆာရေးဟာ ၁၂ နှစ် အတွင်း ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ဂျူဗင်တပ်စ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ရှုံးထွက်အဆင့် ၅ ကြိမ်စလုံး မှာတော့ ရလဒ်မကောင်းထားပါဘူး
ဂါလာတာဆာရေး
ပြီးခဲ့တဲ့လက ချန်ပီယံလိဂ် လိဂ်အဆင့် နောက်ဆုံး ပွဲစဉ်မှာ မန်စီးတီးကို ၂-၀ နဲ့ ရှုံးနိ့မ့်ခဲ့ပေမယ့် ဂါလာတာဆာရေး တို့ဟာ ရမှတ် အသာစီးရထားတာကြောင့် အဆင့် ၂၀ နဲ့ နောက်တစ်ဆင့်ကို ကပ်ပြီး တက်လှမ်းနိုင်ခဲ့ပါတယ်။ တူရကီ ကလပ်က အဲဒီ ရှုံးပွဲ အပါအဝင် ဥရောပ ပွဲစဉ် ၁၄ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိထားပြီး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားတာပါ။ ဒါပေမယ့် သူတို့က လက်ရှိ မှာတော့ ပြည်တွင်းလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၄ ပွဲဆက် အနိုင်ရရှိထားကာ သွင်းဂိုး ကလည်း ၁၅ ဂိုး အထိ ရှိထားကာ ခြေစွာနေပါတယ်။ အသင်းခေါင်းဆောင် မော်ရို အီကာဒီဟာ ပြီးခဲ့တဲ့ သောကြာနေ့က အီယွပ်စပေါကို ၅-၁ နဲ့ အနိုင်ရတဲ့ ပွဲမှာ ဟက်ထရစ် သွင်းခဲ့သလို ဂိုးမြူးနေပါတယ်။ နည်းပြ အိုကန် ဘူရွတ်ဟာ ဂါလာတာဆာရေးကို တူရကီလိဂ် ဖလား ၃ ကြိမ် ဆက်တိုက် ရယူပေးထားနိုင်သလို အသင်းရဲ့ ကစားသမားဟောင်း ဖြစ်ခဲ့စဉ်ကလည်း ၂၀၀၀ ပြည့်နှစ် ယူအီးအက်ဖ်အေ ဖလားနဲ့ စူပါဖလားတို့ကို ဆွတ်ခူးပေးခဲ့သူပါ။ အခုအခါမှာတော့ သူဟာ အသင်းကို ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ပို့ဆောင်ပေးထားပါတယ်။
ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ် ကတော့ ချန်ပီယံလိဂ် လိဂ်အဆင့် နောက်ဆုံး ပွဲမှာ မိုနာကိုနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်ကာ ပလေးအော့ဖ် အဆင့်ကို တက်လာခဲ့တာပါ။ နည်းပြသစ် လူစီယာနို စပယ်လက်တီ ဟာ အသင်းကို နိုဝင်ဘာလမှာ စတင်ကိုင်တွယ်ခဲ့ပြီး နောက်ပိုင်း ၅ ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ပေမယ့် ပြီးခဲ့တဲ့ စနေနေ့က အင်တာမီလန်နဲ့ ကစားခဲ့တဲ့ “ Derby d’Italia” ပွဲစဉ် မှာတော့ ၁၀ ယောက်တည်းနဲ့ ရုန်းကန်ခဲ့ရပြီး ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဂျူဗင်တပ်စ် အတွက် စိုးရိမ်စရာက အဝေးကွင်း ခြေစွမ်း ဖြစ်နေပါတယ်။ လိဂ်အဆင့်တုန်းက အဝေးကွင်း ၄ ပွဲမှာ ၅ မှတ်သာ ရခဲ့သလို ပြီးခဲ့တဲ့လက စလို့ အဝေးကွင်း ပွဲစဉ်တွေမှာ ဆက်တိုက် ဆိုသလို ရုန်းကန်နေရတာ တွေ့ရပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဂါလာတာဆာရေး ဘက်က ဘဲလ်တက်စီ၊ အမ်မရီဘိုင်ယွတ်ခ်တို့ လွဲချော်ဖို့ ရှိနေပါတယ်။ ဂျူဗင်တပ်စ် ဘက်မှာတော့ ဟုမ်း၊ ကီဖရန် သူရမ်-အူလီယန်၊ မီလစ်ခ်၊ ဗလာဟိုဗစ်တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဂျူဗင်တပ်စ် – ဆာကာ၊ ဆာလာအီ၊ ဘာဒက်စီ၊ ဆန်းချက်ဇ်၊ ဂျက်ကော့ဘ်၊ တော်ရိုင်းယား၊ ဆာရာ၊ ဆာနေး၊ ဂွန်ဒိုအန်၊ ယီလ်မက်ဇ်၊ အိုဆင်မ်ဟန်
ဂါလာတာဆာရေး – ဒီဂရီဂေါ်ရီယို၊ ကာလူလူ၊ ဘရီမာ၊ ကယ်လီ၊ ကမ်ဘီယာဆို၊ လိုကတ်တယ်လီ၊ ကူ့ပ်မိုင်းနားစ်၊ ကွန်ဆီကာအို၊ မက်ကင်နီ၊ ယီလ်ဒစ်ဇ်၊ ဒေးဗစ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
အစဉ်အလာ အရတော့ ဂျူဗင်တပ်စ်ဟာ ဂါလာတာဆာရေးနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ၃ ကြိမ်စလုံးမှာ တစ်ကြိမ်မှ အနိုင်မရရှိခဲ့ဖူးပါဘူး။ ဂျူဗင်တပ်စ်ဟာ ၂၀၁၉ ခုနှစ်မှာ အက်တလက်တီကိုမက်ဒရစ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ပိုင်း နောက်ဆုံး ကစားခဲ့တဲ့ ရှုံးထွက် ပွဲစဉ် ၅ ကြိမ်စလုံးမှာ အရေးနိမ့်ထားပါတယ်။ ဂါလာတာဆာရေးဟာ ဥရောပ အိမ်ကွင်း နောက်ဆုံး ၁၁ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်း နောက်ဆုံး ၁၈ ပွဲမှာ ၁ ပွဲက လွဲလို့ ကျန်ပွဲ အားလုံး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲဟာ နှစ်သင်းအကြား ၇ ကြိမ်မြောက် ချန်ပီယံလိဂ် ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ပြီး နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂၀၁၃ ခုနှစ် မှာတော့ ဂါလာတာဆာရေးက ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဂါလာတာဆာရေး နိုင်ရင် ၃.၁၈ ဆ၊ ဂျူဗင်တပ်စ် နိုင်ရင် ၂.၁၁ ဆ၊ သရေ ဆိုရင်တော့ ၃.၂၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ်မှာ ဒဲ့ကြေးနဲ့ ဂျူဗင်တပ်စ် ဘက်က ခပ်ပါးပါး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ဂါလာတာဆာရေးဟာ လက်ရှိမှာ အရှိန်အဟုန် တော်တော်လေး ကောင်းနေပြီး ပြည်တွင်းလိဂ် ပြိုင်ဘက်တွေကို ဂိုးမိုးရွာကာ အပြတ်အသတ် အနိုင်ယူနေပါတယ်။ သူတို့ဟာ ဒီရာသီ တူရကီစူပါလိဂ် အိမ်ကွင်း ပွဲစဉ် ၉ ပွဲစလုံးမှာ ရှုံးပွဲမရှိဘဲ အနိုင်ရလဒ်တွေကို ဆက်တိုက် ဖော်ဆောင်ထားနိုင်တာပါ။ ဂျူဗင်တပ်စ်ဟာ အဆင့်အတန်း တစ်ခု ရှိတဲ့ အသင်းကြီး ဖြစ်ပေမယ့် လက်ရှိမှာတော့ ခံစစ်ပိုင်းက ဂိုးတွေ ပြန်ပေးနေရသလို၊ မီးကုန်ယမ်းကုန် အားပေးကြမယ့် ဂါလာတာဆာရေး ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဖိအားတွေအောက်မှာ အရှုံးပေးသွားရနိုင်ခြေ ရှိနေပါတယ်။ နောက်ပြီး ဂါလာတာဆာရေးမှာ ပြိုင်ပွဲ အတွေ့အကြုံရင့် ဒိတ်ဒိတ်ကြဲ ကစားသမားကောင်းတွေ ပါဝင်နေပါတယ်။ အပြန်အလှန် ဂိုးသွင်းတာ မြင်ရနိုင်ပြီး အိမ်ရှင် ဘက်က ရပ်တည်ထားတာကပဲ ပိုပြီး စိတ်ချရမယ့် ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။
ခန့်မှန်းရလဒ်
ဂါလာတာဆာရေး ၂-၁ ဂျူဗင်တပ်စ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


