နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကင်စကီးရဲ့ အမှားတွေနဲ့ အက်တလက်တီကိုမက်ဒရစ်ကို ဂိုးပြတ် ရှုံးခဲ့တဲ့ စပါး | ချန်ပီယံလိဂ်

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ မှာတော့ တော့တင်ဟမ်ဟော့စပါးက အဝေးကွင်းမှာ အက်တလက်တီကိုမက်ဒရစ်ကို ၅-၂ ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒါကြောင့် စပါးဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ဖို့ အတွက် ဒုတိယအကျော့မှာ တော်တော်လေး ရုန်းကန်ရမယ့် အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ အထူးသဖြင့် ဒီနေ့ပွဲမှာ စပါးရဲ့ လူငယ် ဂိုးသမား အန်တိုနင် ကင်စကီး အတွက်တော့ သူ့ရဲ့ ချန်ပီယံလိဂ် ပထမဆုံး ပွဲဦးထွက်ဟာ မေ့ပစ်ချင်စရာ ကောင်းတဲ့ အိပ်မက်ဆိုး တစ်ခု ဖြစ်ခဲ့မှာ အသေအချာပါပဲ။

 

ပွဲစဉ်အကျဉ်း

ပွဲစပြီး ၁၅ မိနစ် အတွင်း မှာတင် ကင်စကီးရဲ့ အမှား နှစ်ကြိမ်နဲ့ အတူ စပါးတို့ ၃ ဂိုးအထိ ပေးလိုက်ရပါတယ်။ ပွဲချိန် ၆ မိနစ်မှာ ကင်စကီး ဘောလုံးရှင်းထုတ်ဖို့ ကြိုးစားရာမှာ ချော်လဲသွားခဲ့တာကြောင့် အက်တလက်တီကို တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်က ဘောလုံးရသွားပြီး ဖန်တီးပေးခဲ့ရာ ကနေ မာကို့စ် ယော်ရန်းတေးက အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။

၁၄ မိနစ် မှာတော့ ဂရစ်ဇ်မန်းက ဒုတိယဂိုး သွင်းယူခဲ့ပြီး တစ်မိနစ် မပြည့်ခင်မှာတင် ကင်စကီးက သူ့နောက်ခံလူဆီ ပေးတဲ့ ဘောလုံး အမှားအယွင်း ဖြစ်ရာ ကနေ အဲလ်ဗာရက်ဇ်က တတိယဂိုးကို အလွယ်တကူ သွင်းယူခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၁၇ မိနစ် မှာတင် ကင်စကီးကို လူစားလဲပြီး ဂိုးသမား ဗစ်ကာရီယိုကို ထည့်သွင်းခဲ့ရပါတယ်။ ဒါပေမယ့် ဗစ်ကာရီယို ဝင်လာပြီး ၅ မိနစ် မှာတင် လီ နော်မန်က ခေါင်းတိုက်ပြီး စတုတ္ထဂိုး သွင်းယူခဲ့ပါတယ်။

စပါး အတွက် ချေပဂိုး တစ်ဂိုးကို ပက်ဒရို ပေါ်ရိုက သွင်းယူပေးခဲ့သလို၊ ပထမပိုင်း ပြီးခါနီးမှာ ခရစ္စတီယန် ရိုမီယိုရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၁၀ မိနစ်မှာ အဲလ်ဗာရက်ဇ်က သူ့ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူပြီး အက်တလက်တီကို အတွက် ၅ ဂိုးမြောက် ရယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး ၁၄ မိနစ် အလို မှာတော့ အက်တလက်တီကို ဂိုးသမား အော်ဘလက်ခ်ရဲ့ အမှား ကနေ တစ်ဆင့် ဒေါမနစ်ခ် ဆိုလန်ကီက စပါး အတွက် ဒုတိယ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အက်တလက်တီကိုမက်ဒရစ်ဟာ သူတို့ရဲ့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ပထမပိုင်းမှာတင် ၄ ဂိုး သွင်းယူနိုင်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ဖို့ အားသာချက်ရသွားတဲ့ အက်တလက်တီကိုမက်ဒရစ်

အက်တလက်တီကိုမက်ဒရစ်ဟာ သူတို့ရဲ့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ပထမပိုင်းမှာတင် ၄ ဂိုး သွင်းယူနိုင်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ချန်ပီယံလိဂ် ပွဲဦးထွက်ကတည်းက ဆိုရင် ဟူလီယန် အဲလ်ဗာရက်ဇ်ဟာ ဂိုးပါဝင် ပတ်သက်မှု အကြိမ် ၃၀ အထက် ရှိတဲ့ ၅ ယောက်မြောက် ကစားသမား ဖြစ်လာပါတယ်။ (အမ်ဘာပေး ၄၀၊ ဗင်နီးစီးယပ်စ် ၃၉၊ ဟယ်ရီကိန်း ၃၆၊ ဟာလန်း ၃၅ တို့ ပြီးရင် သူက ၃၀ ကြိမ်နဲ့ စာရင်းဝင်ခဲ့ပါတယ်)။

တော့တင်ဟမ်ဟော့စပါးဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက်မှာ ပြိုင်ပွဲစုံ ၆ ပွဲ ဆက်တိုက် ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ ဂိုးကန်သွင်းမှု ၁၁ ကြိမ် မှာတင် ဂိုးရနိုင်ခြေ (xG) ၃.၁၂ အထိ ရှိခဲ့ပြီး စပါး ကတော့ ၁၁ ကြိမ် ကန်သွင်းပေမယ့် (xG) ၁.၄၁ သာ ရှိခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အက်တလက်တီကိုမက်ဒရစ်ဟာ လာမယ့် မတ်လ ၁၄ ရက်နေ့မှာ ဂီတာဖေးနဲ့ လာလီဂါ ပွဲစဉ် ကစားရမှာ ဖြစ်ပြီး စပါး ကတော့ လစ်ဗာပူးလ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တီကိုနဲ့ စပါး တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ကတော့ မတ်လ ၁၉ ရက်နေ့မှ ပြန်ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်