နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပီအက်စ်ဗွီနဲ့ ဆိုရင် ရလဒ်မကောင်းတတ်တဲ့ အစဉ်အလာဆိုးကို ချေဖျက်ပြရမယ့် ဆလော့တ် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ပီအက်စ်ဗွီ – လစ်ဗာပူးလ်

ချန်ပီယံလိဂ် လိဂ် အဆင့် နောက်ဆုံး ပွဲစဉ် မှာတော့ လစ်ဗာပူးလ်က ပီအက်စ်ဗွီကို နယ်သာလန်မြေမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အတွက်က ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်ထားနိုင်ပြီ ဖြစ်လို့ အရေးမကြီးတော့ပေမယ့် ပီအက်စ်ဗွီ ကတော့ အိမ်ကွင်းမှာ တတ်နိုင်သမျှ အမှတ်ခွဲယူပြီး ပလေးအော့ဖ် သေချာစေဖို့ အားစိုက်လာမှာ ဖြစ်ပါတယ်။

ပီအက်စ်ဗွီ ကတော့ ဒီရာသီ ချန်ပီယံလိဂ် လိဂ် အဆင့် ပွဲစဉ် ၇ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံး ထားပြီး ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၉ နေရာမှာ ရှိနေပါတယ်။ အဆင့် ရပ်တည်မှုအရ ပီအက်စ်ဗွီက ဒီပွဲမှာ သရေ ကစားနိုင်ရုံနဲ့ ပလေးအော့ဖ် ကို တက်လှမ်းနိုင်မှာပါ။ ပီအက်စ်ဗွီက နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားသလို ဒီရာသီမှာ အိမ်ကွင်း ရှုံးပွဲ မရှိသေးတဲ့ အသင်း ဖြစ်ပါတယ်။

လစ်ဗာပူးလ်က ချန်ပီယံလိဂ် လိဂ် အဆင့် ပွဲစဉ် ၇ ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ၁၆ သင်း အဆင့်ကို စောစောစီးစီး တိုက်ရိုက် တက်ရောက်ထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် မှာရော ချန်ပီယံလိဂ် မှာပါ ဇယားထိပ်က ဦးဆောင်နေတဲ့ လစ်ဗာပူးလ်က ပွဲတိုင်းကို အမှားမခံစတမ်း ကစားနေပြီး ရလဒ်တွေလည်း ကောင်းနေပါတယ်။ အသင်းလိုက်ရော၊ တစ်ဦးချင်း စွမ်းဆောင်ရည်မှာပါ အပြစ်ပြောစရာ မရှိတဲ့ လစ်ဗာပူးလ်က ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက်လည်း အနိုင်ရထားပါတယ်။ တစ်ခုရှိတာက လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က ပီအက်စ်ဗွီနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၇ ကြိမ်မှာ ၁ ကြိမ်သာ အနိုင်ရပြီး ရလဒ်မကောင်းခဲ့တာ တွေ့ရပါတယ်။ 

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အိမ်ရှင် အသင်း ဘက်က ဖလာမင်ဂို၊ နာဂါလို၊ တေးလ်မန်း တို့ လွဲချော်ဖို့ ရှိပြီး ဆာဂျီနို ဒက်စ် ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

လစ်ဗာပူးလ် ဘက်မှာတော့ ကာတစ် ဂျုံးစ်၊ ဂျိုတာနဲ့ ဂိုးမက်ဇ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

လစ်ဗာပူးလ်က ချန်ပီယံလိဂ် လိဂ် အဆင့် ပွဲစဉ် ၇ ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ ၁၆ သင်း အဆင့်ကို စောစောစီးစီး တိုက်ရိုက် တက်ရောက်ထားနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို စောစောစီးစီး တိုက်ရိုက် တက်ရောက်ထားတဲ့ လစ်ဗာပူးလ်

ပီအက်စ်ဗွီ – ဘင်နီတက်ဇ်၊ လက်ဒက်ဇ်မာ၊ အိုဘစ်ပို၊ ဘော့စ်ကက်ဂလီ၊ မော်ရို၊ တေးလ်၊ ဗီးယားမန်း၊ ရှောက်တန်၊ ဘာကာယိုကို၊ ဒီယောင်၊ လန်းဂ်

လစ်ဗာပူးလ် – ကယ်လာဟာ၊ ဘရက်ဒ်လီ၊ ကွန်ဆာ၊ ကိုနာတေး၊ ဆီမီကတ်စ်၊ အန်ဒို၊ ဆိုဘို့ဇ်လိုင်း၊ အဲလီယော့တ်၊ ဆာလာ၊ နူညက်ဇ်၊ ဒီးယက်ဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင်တော့ ပီအက်စ်ဗွီက ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီးတော့ လစ်ဗာပူးလ်က ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ပီအက်စ်ဗွီ နိုင်ရင် ၂.၇၄ ဆ၊ လစ်ဗာပူးလ် နိုင်ရင် ၂.၂၆ ဆ၊ သရေ ဆိုရင်တော့ ၃.၃၉ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ်က သရေ တစ်ဝက်ရှုံး၊ သ‌ရေရှုံး၊ ဒဲ့ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး သွင်းဖို့ လိုအပ်ပါတယ်။ ပီအက်စ်ဗွီလို အိမ်ကွင်း ရှုံးပွဲ မရှိတဲ့ အသင်းကို လစ်ဗာပူးလ်တို့ ခက်ခက်ခဲခဲ ကစားရပါလိမ့်မယ်။ ဆလော့တ် အနေနဲ့ကလည်း ပီအက်စ်ဗွီနဲ့ တွေ့တိုင်းမှာ အသာမရတဲ့ အစဉ်အလာဆိုးကို ချေဖျက်ဖို့ ကြိုးစားရမှာပါ။ လစ်ဗာပူးလ် ၁-၀ လောက်နဲ့ပဲ ကပ်နိုင်သွားမယ် ထင်ပါတယ်။ ဂိုးပေါင်း အောက်လည်း အကြိုက်တွေ့မိပါတယ်။

ခန့်မှန်းရလဒ်

ပီအက်စ်ဗွီ ၀-၁ လစ်ဗာပူးလ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်