နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဥရောပပွဲ ၅၀၀ ပြည့် ကလပ် အဖြစ် မှတ်တမ်းဝင်တော့မယ့် ရီးရဲလ်မက်ဒရစ် | ချန်ပီယံလိဂ်

ရီးရဲလ်မက်ဒရစ် ကတော့ အက်တလက်တီကိုမက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ်မှာ ဥရောပပွဲ ၅၀၀ ပြည့်မြောက်တဲ့ ပထမဦးဆုံး ကလပ် အဖြစ် မှတ်တမ်း ဝင်တော့မှာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဥရောပ ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး အသင်း တနည်းအားဖြင့် ဘုရင်ကြီး အဖြစ် တင်စားခံထားရတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ ဥရောပရဲ့ အဆင့်အမြင့်ဆုံး ဖြစ်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆုဖလား အများဆုံး အဖြစ် ၁၅ ကြိမ်အထိ ရယူထားနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို ပထမဦးဆုံး ရယူထားနိုင်တဲ့ အသင်း၊ ရာသီဆက် အများဆုံး ရယူထားနိုင်တဲ့ အသင်း စတဲ့ ဂုဏ်ပုဒ်တွေလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဥရောပ ပြိုင်ပွဲတွေမှာ ၄၉၉ ပွဲ ယှဉ်ပြိုင်ကစားထားပြီး ဖြစ်တာကြောင့် အက်တလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ပွဲ ၅၀၀ ပြည့်မြောက်မှာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အခုနှစ်မှ စတင်ပြောင်းလဲလိုက်တဲ့ ချန်ပီယံလိဂ် ပုံစံသစ်အောက်မှာ အနည်းငယ် ရုန်းကန်ခဲ့ရပြီး လိဂ်အဆင့်မှာ ဆိုရင် ရှုံးပွဲ ၃ ပွဲ အထိ ရှိခဲ့ပြီး အဆင့် ၁၁ နေရာသာ ရရှိခဲ့တာပါ။
ချန်ပီယံလိဂ် ပလေးအော့ဖ်မှာ မန်စီးတီးကို ကျော်ဖြတ်လာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ရဲ့ နောက်မှာတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်က ၄၀၄ ပွဲနဲ့ ဒုတိယမြောက် ဥရောပပွဲ အများဆုံး ကစားထားတဲ့ အသင်း အဖြစ် ရပ်တည်နေပါတယ်။ ဘာစီလိုနာ ကတော့ ၃၅၇ ပွဲနဲ့ တတိယ၊ ဂျူဗင်တပ်စ်က ၃၁၁ ပွဲနဲ့ စတုတ္ထ၊ ဘင်ဖီကာက ၃၀၂ ပွဲနဲ့ ပဥ္စမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။ ဒီအသင်းတွေထဲ ကမှ ဒီနှစ် ချန်ပီယံလိဂ် ကနေ ထွက်ခွာထားရတဲ့ အသင်း ဆိုလို့ ဂျူဗင်တပ်စ်သာ ရှိတာကြောင့် ကျန်အသင်းတွေ ကတော့ ပွဲအရေအတွက် ပိုပြီး တိုးလာဖို့ ရှိနေပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မှာတော့ ရီးရဲလ်မက်ဒရစ်က လာလီဂါ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်နဲ့ တွေ့ဆုံနေသလို ဘင်ဖီကာက ဘာစီလိုနာ၊ ဘေယန်မြူးနစ်က လေဗာကူဆင် တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ တခြားသော ပွဲစဉ်တွေ အဖြစ် ပီအက်စ်ဗွီနဲ့ အာဆင်နယ်၊ ပီအက်စ်ဂျီနဲ့ လစ်ဗာပူးလ်၊ ကလပ် ဘရုဂေးနဲ့ အက်စတွန်ဗီလာ၊ ဖီယင်နော့ဒ်နဲ့ အင်တာမီလန်၊ ဒေါ့မန်နဲ့ လိုင်လီတို့ ရင်ဆိုင် ယှဉ်ပြိုင်ရမှာပါ။

ရီးရဲလ်မက်ဒရစ်ဟာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပ ပွဲစဉ် ၄၉၉ ပွဲမှာ ၃၀၁ ပွဲ အထိ အနိုင်ရရှိခဲ့ပြီးတော့ ၈၅ ပွဲ သရေကျကာ ၁၁၃ ပွဲ ရှုံးနိမ့်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ၁၉၅၅ ခုနှစ်မှာ ပထမဦးဆုံး ဥရောပ ပွဲစဉ်ကို စတင် ယှဉ်ပြိုင် ကစားခဲ့ပြီးတော့ နှစ်ပေါင်း ၇၀ အကြာ မှာတော့ ပွဲပေါင်း ၅၀၀ ပြည့်မြောက် မှာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အခုနှစ်မှ စတင်ပြောင်းလဲလိုက်တဲ့ ချန်ပီယံလိဂ် ပုံစံသစ်အောက်မှာ အနည်းငယ် ရုန်းကန်ခဲ့ရပြီး လိဂ်အဆင့်မှာ ဆိုရင် ရှုံးပွဲ ၃ ပွဲ အထိ ရှိခဲ့ပြီး အဆင့် ၁၁ နေရာသာ ရရှိခဲ့တာပါ။ ဒါကြောင့် အန်ဆယ်လော့တီရဲ့ အသင်းက ပလေးအော့ဖ် ကစားခဲ့ရပြီး မန်စီးတီးကို နှစ်ကျော့စလုံး အနိုင်ရခဲ့တာကြောင့် ဒီအဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ အခုအဆင့်မှာလည်း ရီးရဲလ်မက်ဒရစ်က ခါးသီး မြို့ခံ ပြိုင်ဘက် တီကိုနဲ့ ကစားရဦးမှာ ဖြစ်တာကြောင့် လွယ်ကူမှာ‌တော့ မဟုတ်ပါဘူး။ အက်တလက်တီကိုမက်ဒရစ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၃ ကြိမ်စလုံး သရေ ရလဒ် ရရှိအောင် စွမ်းဆောင်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်