ရီးရဲလ်မက်ဒရစ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ မိုနာကို,ကို ဘာနေဗျူးမှာ ၆-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းစလုံး တိုက်စစ် ခြေစွမ်းပြနိုင်ခဲ့ကြပြီး အဆုံးသတ် ပိုပြီး သေချာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က ထိုက်တန်တဲ့ ဂိုးပြတ် နိုင်ပွဲကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲလ်ဗာရို အာဘီလိုအာရဲ့ အသင်းက အမ်ဘာပေး၊ မက်စတန်တူအို၊ ဗင်နီးစီးယပ်စ် ဂျူနီယာတို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ချူအာမန်နီ၊ ဘယ်လင်ဟမ်၊ ဂူလာ၊ ကာမာဗင်ဂါ၊ ဟောက်ဆန်၊ အဆန်စီယို၊ ဗယ်လ်ဗာဒီ၊ ကော့တွာစ် တို့ ပွဲထွက်လာခဲ့ပါတယ်။ မိုနာကို ဘက်မှာတော့ ခွန်း၊ ဒိုင်ယာ၊ ခါရာ၊ ဇာကာရီယာ၊ ဖာတီ၊ ဂိုလိုဗင်၊ ဘယ်လိုဂန် တို့နဲ့ ပွဲထွက်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံး ရင်ဆိုင်ဖို့ ကြိုုးစားခဲ့ပါတယ်။
တကယ်တမ်း ကစားချိန်မှာလည်း နှစ်သင်းပေါင်း ဂိုးပေါက် ကန်ချက် ၂၅ ကြိမ်အထိ ရှိခဲ့ပြီးတော့ မိုနာကို ကတောင် ဂိုးပေါက် တည့်မှုမှာ ပိုသာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အတွက် ဂိုးတွေ ကိုတော့ ကီလီယန် အမ်ဘာပေး (၅ မိနစ်၊ ၂၆ မိနစ်)၊ မက်စတန်တူအိုနို (၅၁ မိနစ်)၊ ခါရာ (၅၅ မိနစ်၊ OG)၊ ဗင်နီးစီးယပ်စ် ၆၃ မိနစ်၊ ဘယ်လင်ဟမ် (မိနစ် ၈၀) တို့က သွင်းယူပေးခဲ့ပါတယ်။ မိုနာကို အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ တီဇီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဗင်နီးစီးယပ်စ် အနေနဲ့ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပြီး ကိုယ်တိုင်လည်း ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်သားက ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၃၅ ပွဲ ကစားရာမှာ ၇ ဂိုးသွင်း၊ ၈ ဂိုးဖန်တီးထားပြီး ရုန်းကန်နေရတာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဗင်နီဟာ အခု ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ ပွဲစဉ် အလိုက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပြီး ဝေဖန် လှောင်ပြောင်သံတွေ ကိုလည်း တိတ်ဆိတ်စေနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗင်နီးစီးယပ်စ်က ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး သူက အမ်ဘာပေး၊ မက်စတန်တူအိုနို တို့ရဲ့ သွင်းဂိုးတွေ အတွက် ဂိုးဖန်တီးနိုင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဗင်နီ တစ်ယောက် အသင်းဖော်တွေ အပြင် နည်းပြ အာဘီလိုအာနဲ့လည်း ပွေ့ဖက် အောင်ပွဲခံခဲ့ပါသေးတယ်။ ပွဲအပြီး မှာတော့ ဗင်နီးစီးယပ်စ်က အခုပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တာဟာ အသင်းဖော်တွေရဲ့ သူ့ အပေါ်မှာ ယုံကြည်မှု ရှိခဲ့တာကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ဗင်နီက “ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့် အတွက်၊ ကျွန်တော့် အသင်းဖော် အားလုံး အတွက် အရမ်းခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က အဓိကပါ။ ဘာကြောင့်လဲ ဆိုတော့ အားလုံးက ကျွန်တော့် အကြောင်း ပြောပြီး ကျွန်တော့်ကို လှောင်ပြောင်ခဲ့ကြတာကြောင့်ပါ။ ကျွန်တော်က အားလုံးရဲ့ အာရုံစိုက်ခံနေရပြီး ကွင်းပြင်မှာလည်း အဲဒီလိုဖြစ်နေပါတယ်။ ကျွန်တော် ဒီလိုမျိုး မဖြစ်စေချင်ပါဘူး။ ဒါကြောင့် လက်ရှိ အခိုက်အတန့်က အရမ်းပဲ ထူးခြားပါတယ်။ ကျွန်တော် ဂိုးဖန်တီးမှု တချို့ ပြုလုပ်နိုင်ခဲ့ပြီး အသင်းဖော်တွေက ကျွန်တော့်ကို ဂိုးသွင်းဖို လိုသေးတယ်လို ပြောခဲ့ကြပါတယ်။ အသင်းဖော်တွေရဲ့ ယုံကြည်မှုက အရေးပဲ အရေးပါခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


