နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အလိုင်းရန့်ဇ်အရီနာမှာ သရေကစားပြီး ဗိုလ်လုပွဲမှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် ပီအက်စ်ဂျီ | ချန်ပီယံလိဂ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ မှာတော့ ပီအက်စ်ဂျီက ဘေယန်မြူးနစ်နဲ့ ၁-၁ သရေကျခဲ့ပေမယ့်လည်း၊ နှစ်ကျော့ပေါင်း ရလဒ် ၆-၅ နဲ့ အနိုင်ရကာ ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဘူဒါပက်စ်မှာ ကျင်းပမယ့် ဗိုလ်လုပွဲ မှာတော့ တဖက်က အက်တလက်တီကို ကျော်ဖြတ်လာတဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တပတ်က ပက်ဒက်စ်ပရင့်စ်ကွင်းမှာ ၅-၄ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပထမအကျော့နဲ့ မတူဘဲ၊ အခု ဒုတိယအကျော့ မှာတော့ လူးဝစ် အန်နရီကေးရဲ့ ပီအက်စ်ဂျီက ခံစစ် အသားပေး ကစားဟန်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစပြီး ၃ မိနစ်မှာတင် အူစမန်နီ ဒမ်ဘီလီရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ခြင်းက ပီအက်စ်ဂျီ အတွက် အားသာချက် ဖြစ်စေခဲ့ပါတယ်။ ဘေယန်မြူးနစ် အတွက် ဟယ်ရီကိန်းက ပွဲပြီးခါနီး နာကျင် အချိန်ပို ၄ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း နောက်ကျလွန်းနေတဲ့ အတွက် ပီအက်စ်ဂျီကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ပယ်ဖျက်ခံလိုက်ရပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲအစမှာ ခါဗစ်ချာ ခါဗရာစခီလီယာရဲ့ ဖန်တီးပေးမှုက တစ်ဆင့် အူစမန်နီ ဒမ်ဘီလီက ဂိုးသမား မန်နျူရယ် နော်အာကို ကျော်ဖြတ်ကာ အလိုင်းရန့်ဇ်အရီနာကွင်းကြီးကို တိတ်ဆိတ်သွားစေခဲ့ပါတယ်။ အဲဒီနောက် ခါဗရာစခီလီယာရဲ့ ကန်ချက် တစ်ကြိမ် ကလည်း ဂိုးဘေးပိုက်ကိုသာ ထိမှန်ခဲ့ပါတယ်။ ဘေယန်မြူးနစ် ဘက်မှလည်း အခွင့်အရေး တချို့ ရရှိခဲ့ပြီး လူးဝစ် ဒီးယက်ဇ်၏ ကန်ချက် လွဲချော်ခဲ့သလို၊ မိုက်ကယ် အိုလီဆေးရဲ့ ကန်ချက် ကလည်း ဂိုးဘားတန်းပေါ် ကနေ ကပ်ကျော်သွားခဲ့ပါတယ်။ ဘေယန် တို့ဟာ ဗစ်တင်ညာရဲ့ ဘောလုံးဖျက်ထုတ်မှုက တဆင့် ယာအို နီးဗက်စ်ရဲ့ လက်ကို ထိမှန်ခဲ့တာကြောင့် ပင်နယ်တီ တောင်းခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရပါတယ်။

ခါဗစ်ချာ ခါဗရာစခီလီယာက ချန်ပီယံလိဂ် တစ်ရာသီ အတွင်း ရှုံးထွက် အဆင့် ၇ ပွဲ ဆက်တိုက် ဂိုးသွင်း သို့မဟုတ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
ပီအက်စ်ဂျီရဲ့ နိုင်ပွဲတွေ အတွက် အဓိကကျနေခဲ့တဲ့ ခါဗရာစခီလီယာ

ဒုတိယပိုင်းမှာ ဘေယန်တို့ ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ပီအက်စ်ဂျီ ဂိုးသမား မတ်ဗီ ဆာဖိုနော့ဗ်နဲ့ နော်အာ တို့ရဲ့ လက်စွမ်းပြမှုတွေကြောင့် ဂိုးတွေ ထပ်မရခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ အဲလ်ဖွန်ဆို ဒေးဗီးစ်ရဲ့ ဖန်တီးပေးမှုက တဆင့် ဟယ်ရီကိန်းက ချေပဂိုး သွင်းယူခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကို ကျော်ဖြတ်ဖို့တော့ မလုံလောက်ခဲ့ပါဘူး။ 

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အူစမန်နီ ဒမ်ဘီလီ သွင်းယူခဲ့တဲ့ (၂ မိနစ်၊ ၁၉ စက္ကန့်) ဂိုးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် သမိုင်းမှာ တတိယမြောက် အစောဆုံး သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ (အစောဆုံး ဂိုးကတော့ မားကပ်စ် သူရမ် – ၃၀ စက္ကန့် နဲ့ ကီဗင် ဒီဘရွန်းနား – ၁ မိနစ် ၃၄ စက္ကန့် တို့ ဖြစ်ကြပါတယ်)။

ခါဗစ်ချာ ခါဗရာစခီလီယာက ချန်ပီယံလိဂ် တစ်ရာသီ အတွင်း ရှုံးထွက် အဆင့် ၇ ပွဲ ဆက်တိုက် ဂိုးသွင်း သို့မဟုတ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ၂၀၂၅ ဖေဖော်ဝါရီမှာ ပီအက်စ်ဂျီကို ရောက်ရှိလာပြီး နောက်ပိုင်း ဂျော်ဂျီယာ တိုက်စစ် ကစားသမားက ချန်ပီယံလိဂ်မှာ ၂၁ ဂိုး ပါဝင် ပတ်သက်ထားပြီး သူ့ထက် သာလွန်နေသူ ကတော့ ၂၂ ဂိုးနဲ့ ဟယ်ရီကိန်း တစ်ဦးတည်းသာ ရှိနေပါတယ်။

ဒီပွဲမှာ ဘေယန်မြူးနစ်ဟာ ဂိုး ကန်သွင်းမှု (၁၈ ကြိမ်) နဲ့ မျှော်မှန်းဂိုး (xG) ၁.၄ ရှိခဲ့ပြီး ပီအက်စ်ဂျီထက် သာလွန်ခဲ့ပေမယ့်လည်း ဆီမီးဖိုင်နယ် ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန် အတွင်း ပီအက်စ်ဂျီ ကစားသမား နှစ်ဦး ဖြစ်တဲ့ နူနို မန်းဒက်စ်နဲ့ ယာအို နီးဗက်စ်တို့ ဂိုးဧရိယာထဲ လက်ထိခဲ့ပေမယ့် ပင်နယ်တီ မရခဲ့တာက ဘေယန် အတွက် အကြီးအကျယ် နစ်နာစရာ ဖြစ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်