နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပက်ထရစ် ရှစ်ခ်ရဲ့ ဂိုးတွေနဲ့ နောက်တဆင့် တက်ရေး အားသာချက် ရှိသွားတဲ့ လေဗာကူဆင် | ချန်ပီယံလိဂ်

နောက်ထပ် ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ပွဲစဉ်မှာတော့ လေဗာကူဆင်က အိုလံပီယာကော့စ်ကို အဝေးကွင်းမှာ ၀-၂ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပက်ထရစ် ရှစ်ခ် ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ လေဗာကူဆင်တို့ အနိုင်ရခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့် အတွက် အရေးပါသော အသာစီးရမှုကို ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ လေဗာကူဆင် တိုက်စစ်မှူး ရှစ်ခ်ဟာ ဒုတိယပိုင်း ၃ မိနစ်အတွင်းမှာ ၂ ဂိုး ဆက်တိုက် သွင်းယူကာ အဝေးကွင်း နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ လေဗာကူဆင် အတွက် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် သမိုင်းတစ်လျှောက် ပထမဆုံးသော အဝေးကွင်းနိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပထမပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်ခဲ့ကြပြီး အကြိတ်အနယ်လည်း ရှိခဲ့ပါတယ်။ အစောပိုင်းတွင် အိမ်ရှင် အိုလံပီယာကော့စ် အတွက် မက်ဒီ တာရေမီက ဂိုးကန်သွင်းခွင့်ရခဲ့သလို၊ လေဗာကူဆင် ဘက်ကလည်း ရှစ်ခ် အပိုင်ပိတ်သွင်းခွင့် ရခဲ့ပေမယ့် အိုလံပီယာကော့စ် ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ အိုလံပီယာကော့စ်တို့ ဂိုးရပြီလို့ ထင်မှတ်ခဲ့ရပေမယ့်လည်း အဲလ်ကာဘီရဲ့ ခေါင်းတိုက်ချက်က လူကျွံအနေအထား ဖြစ်နေတဲ့ တာရေမီနဲ့ ထိမှန် ဝင်သွားခဲ့တာကြောင့် ဂိုး မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် အိုလံပီယာကော့စ် ကစားသမား မာဇာရဲ့ ကန်ချက် ကလည်း ဂိုးဘားတန်း ထိမှန်ခဲ့ပါတယ်။

သေချာတာ ကတော့ ဒီနိုင်ပွဲကြောင့် လေဗာကူဆင်ဟာ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ကို ဖိအားကင်းကင်းနဲ့ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ကို ဖိအားကင်းကင်း ကစားနိုင်တော့မယ့် လေဗာကူဆင်

ပွဲကစားချိန် မိနစ် ၆၀ မှာတော့ လေဗာကူဆင်တို့ အဖွင့်ဂိုး ရရှိခဲ့ပြီး အာနတ်စ် ပါကူးရဲ့ ဖန်တီးပေးမှု ကနေ တဆင့် ရှစ်ခ် က ပြိုင်ဘက် နောက်ခံလူတွေကို ကျော်ဖြတ်ကာ ဂိုးရဲ့ ဘယ်ဘက် အောက်ထောင့်ထဲကို အပိုင် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပထမဂိုး ရပြီး စက္ကန့် ၁၄၀ ကျော် (၂ မိနစ်ခွဲခန့်) အကြာမှာ လေဗာကူဆင်တို့ ဒုတိယဂိုး ထပ်မံ ရရှိခဲ့ပါတယ်။ ဂရီမဲလ်ဒို ကန်တင်လိုက်တဲ့ ဘောလုံးကို ပက်ထရစ် ရှစ်ခ် ကပဲ ခေါင်းတိုက်ကာ ဂိုးစည်းပေါ်မှာ ရှိတဲ့ နောက်ခံလူတွေကို ကျော်ဖြတ်ကာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဒီပွဲမှာ ဧည့်သည် လေဗာကူဆင် တို့ဟာ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ လေဗာကူဆင်ဟာ တစ်ပွဲလုံးတွင် ဂိုးကန်သွင်းခွင့် ၈ ကြိမ်သာ ရရှိခဲ့ပေမယ့်လည်း (အိုလံပီယာကော့စ်က ၁၃ ကြိမ် ရခဲ့) ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ လေဗာကူဆင်ရဲ့ မျှော်မှန်းဂိုး (xG)က ၁.၉၅ ရှိခဲ့ပြီး အိမ်ရှင် တို့ရဲ့ မျှော်မှန်းဂိုး (xG) ကတော့ ၀.၈၇ သာ ရှိခဲ့ပါတယ်။

ပက်ထရစ် ရှစ်ခ်ဟာ သူ့ရဲ့ ချန်ပီယံလိဂ် နောက်ဆုံး ၆ ပွဲမှာ ၄ ဂိုး အထိ သွင်းယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။ ချက် လက်ရွေးစင်ဟာ ချန်ပီယံလိဂ် ပထမဆုံး ၂၈ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဂိုးသွင်းစက် သဖွယ် ခြေစွမ်းကောင်းတွေ ပြသနေတာ ဖြစ်ပါတယ်။ ပက်ထရစ် ရှစ်ခ်ဟာ လေဗာကူဆင် အသင်း အတွက် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တစ်ပွဲတည်းမှာပဲ ၂ ဂိုး သွင်းယူနိုင်သည့် ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ (ပထမဆုံး ကတော့ ၂၀၀၁-၂၀၀၂ ရာသီ၊ လစ်ဗာပူးလ်နဲ့ ကစားစဉ်က မိုက်ကယ် ဘောလက်ခ် ဖြစ်ပါတယ်)။

သေချာတာ ကတော့ ဒီနိုင်ပွဲကြောင့် လေဗာကူဆင်ဟာ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ကို ဖိအားကင်းကင်းနဲ့ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ အကယ်၍ အိုလံပီယာကော့စ် အနေနဲ့ ဒီရလဒ်ကို ပြောင်းပြန်လှန်ချင်တယ် ဆိုရင်တော့ လာမယ့် ဒုတိယအကျော့မှာ မထင်မှတ်တာတွေ လုပ်ပြနိုင်ဖို့တော့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်