နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မော်ရင်ညိုက “ကျွန်တော်တို့ ထဲက တစ်ယောက် အဖြစ် အမြဲရှိနေမှာပါ” လို့ ဆိုလိုက်တဲ့ ရီးရဲလ်မက်ဒရစ် နည်းပြ အာဘီလိုအာ | ချန်ပီယံလိဂ်

ရီးရဲလ်မက်ဒရစ် နည်းပြ အဲလ်ဗာရို အာဘီလိုအာက ဟိုဆေး မော်ရင်ညိုက “ကျွန်တော်တို့ ထဲက တစ်ယောက် အဖြစ် အမြဲရှိနေမှာပါ” လို့ ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဘင်ဖီကာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒါဟာ အာဘီလိုအာ အတွက် သူ့ရဲ့ ဆရာဟောင်း ဟိုဆေး မော်ရင်ညိုနဲ့ ပြန်လည် ဆုံတွေ့ရမယ့် ပွဲလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိမှာ အသင်းပေါင်း ၃၆ သင်း ပါဝင်တဲ့ ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် (၃) နေရာမှာ ရပ်တည်နေပါတယ်။ ဒီပွဲမှာ လော့စ်ဘလန်ကိုတို့ အနိုင်ရရှိပါက အဆင့် (၈) အတွင်း သေချာပေါက် ဝင်ရောက်ကာ ရှုံးထွက် ၁၆ သင်း အဆင့်သို့ တိုက်ရိုက် တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။ ဘင်ဖီကာ ကတော့ လက်ရှိတွင် အဆင့် (၂၉) နေရာမှာ ရှိနေပြီး ပလေးအော့ဖ် အဆင့်သို့ တက်ရောက်နိုင်ဖို့ အတွက် ဒီပွဲမှာ မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။

အာဘီလိုအာဟာ မော်ရင်ညို လက်ထက်မှာ ရီးရဲလ်မက်ဒရစ် အတွက် ၁၂၁ ပွဲ ကစားပေးခဲ့ပြီး လာလီဂါ၊ စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) နဲ့ စပိန်စူပါဖလားတို့ကို အတူတကွ ဆွတ်ခူးခဲ့ဖူးသူပါ။ လက်ရှိမှာ အသက် ၄၃ နှစ် ရှိပြီ ဖြစ်တဲ့ အာဘီလိုအာက မော်ရင်ညိုဟာ သူ့ရဲ့ နည်းပြဘဝ အတွက် စံပြပုဂ္ဂိုလ် ဖြစ်တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော် နည်းပြ စလုပ်တဲ့နေ့ ကတည်းက ပြောခဲ့သလိုပါပဲ၊ ဟိုဆေးလို လူမျိုး နောက်တစ်ယောက် ရှိလာမှာ မဟုတ်ပါဘူး။ သူက ကျွန်တော်တို့ (ရီးရဲလ်မက်ဒရစ်) ထဲက တစ်ယောက် အဖြစ် အမြဲတမ်း ရှိနေမှာပါ။ သူ့ကို အတုခိုးဖို့ ကြိုးစားတဲ့သူတိုင်း ကျရှုံးပါလိမ့်မယ်။ အဲဒါကို ကျွန်တော် ကောင်းကောင်း နားလည်တဲ့ အတွက် ကျွန်တော့်ရဲ့ အောင်မြင်မှုက ကျွန်တော် ကိုယ်တိုင် ဖြစ်နေဖို့ပဲ ကြိုးစားသွားမှာပါ။” လို့ အာဘီလိုအာက ပြောပါတယ်။

အာဘီလိုအာဟာ အသင်းဖော်ဟောင်း ဇာဘီ အလွန်ဆိုရဲ့ နေရာကို ဒီလအစောပိုင်းမှာ အစားထိုး ဝင်ရောက်ခဲ့ပြီး စပိန်ဘုရင်ဖလားမှာ အယ်လ်ဘာစီတေးကို ရှုံးနိမ့်ခဲ့တဲ့ စိတ်ပျက်စရာ ရလဒ်ကနေ အသင်းကို ပြန်လည် ဦးမော့လာအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ရီးရဲလ်က အာဘီလိုအာ လက်ထက် နောက်ဆုံး ၃ ပွဲ ဆက်တိုက် အနိုင်ရရှိထားပြီး မိုနာကိုကို ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲက အထင်ကရ အနိုင်ရလဒ် တစ်ခု ဖြစ်ခဲ့ပါတယ်။

မော်ရင်ညို ကတော့ ရီးရဲလ်မက်ဒရစ်ကို ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီး သူထွက်ခွာပြီးနောက် တစ်နှစ်အကြာမှာ ရီးရဲလ်က ၁၀ ကြိမ်မြောက် ဥရောပဖလားကို ရရှိခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ချိန်မှ ချန်ပီယံလိဂ် ဖလား မရခဲ့ဖူးတဲ့ မော်ရင်ညို

မော်ရင်ညို ကတော့ ရီးရဲလ်မက်ဒရစ်ကို ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီး သူထွက်ခွာပြီးနောက် တစ်နှစ်အကြာမှာ ရီးရဲလ်က ၁၀ ကြိမ်မြောက် ဥရောပဖလားကို ရရှိခဲ့ပါတယ်။ အာဘီလိုအာက “မော်ရင်ညိုဟာ အဲဒီကာလတွေ အတွက် အခြေခံအုတ်မြစ်ကို ချပေးခဲ့သူပါ။ ဒါကို ကျွန်တော် အမြဲတမ်း ယုံကြည်တယ်။ ဒါကြောင့်လည်း သူဟာ ဒီကလပ် အတွက် အမြဲတမ်း တန်ဖိုးထားရသူ ဖြစ်သလို၊ ကျွန်တော်တို့ ထဲက တစ်ယောက် အဖြစ် အမြဲတမ်း ရှိနေမှာပါ။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

တစ်ဖက် မှာလည်း ဟိုဆေး မော်ရင်ညိုက ရီးရဲလ်မက်ဒရစ် နည်းပြ အာဘီလိုအာ အပေါ် သူဝေဖန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပြီး အာဘီလိုအာဟာ “သူ့ရဲ့ တပည့်အရင်း” တစ်ယောက် ဖြစ်သလို အောင်မြင်မှုတွေ ရဖို့လည်း ထောက်ခံအားပေးကြောင်း ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့အပတ်က မော်ရင်ညိုဟာ “ဥရောပအသင်းကြီးတွေက အရည်အချင်း မပြည့်ဝသေးတဲ့ နည်းပြတွေကို ခန့်အပ်နေကြတယ်” လို့ ပြောဆိုခဲ့တယ် ဆိုတဲ့ သတင်းတွေကြောင့် ဂယက်ထခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ မော်ရင်ညိုက အခုလိုပဲ ပြန်လည် ရှင်းလင်းလာခဲ့ပါတယ်။ “ခင်ဗျားတို့ သတင်းထောက်တွေမှာ ကျွန်တော် လေးစားရတဲ့ အရည်အချင်း တစ်ခု ရှိတယ်။ အဲဒါကတော့ ကိုယ့်စိတ်ကြိုက် ဖြစ်မယ့် ဘက်ကို စကားတွေကို လှည့်ဖျားပုံဖော်တာပဲ။” လို့ မော်ရင်ညိုက သာသာလေးနဲ့ နာနာလေး နှပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ပေါ်တူဂီသားက “အဲဒီတုန်းက မေးခွန်းက စပယ်လက်တီ ဂျူဗင်တပ်စ်ကို ကိုင်တွယ်တာ အံ့သြသလား ဆိုတဲ့ မေးခွန်းပါ။ ကျွန်တော့်ရဲ့ အဖြေက စပယ်လက်တီ ဘက်က ကာကွယ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်မှု မှတ်တမ်းကောင်းတွေ ရှိတဲ့ နည်းပြတွေ အသင်းကြီးကို ကိုင်တာ ကျွန်တော် မအံ့သြပါဘူး။ မှတ်တမ်းမှတ်ရာ ဘာမှမရှိသေးတဲ့ နည်းပြမျိုးက အသင်းကြီးကို ကိုင်တာ ကိုပဲ ကျွန်တော် အံ့သြမိတာပါ။ ဒါက ပုံမှန် အတွေးအခေါ် တစ်ခုပဲလေ။” လို့ ဆိုပါတယ်။

ဒီလို ပြောဆိုခဲ့တာနဲ့ ပတ်သတ်ပြီး အီတလီ မီဒီယာတွေက အင်တာမီလန် နည်းပြ ချီဗူးကို ရည်ညွှန်းသလို၊ စပိန်မီဒီယာတွေ ကလည်း အာဘီလိုအာကို ရည်ညွှန်းပြီး ရေးသားခဲ့ကြတာပါ။ ဒါနဲ့ပတ်သက်လို့ မော်ရင်ဟိုက ချီဗူးရော အာဘီလိုအာရောက ကျွန်တော့် တပည့်တွေပါ။ ကစားသမားဟောင်းတွေ ဆိုတာထက် ပိုပါတယ်။ အာဘီလိုအာဟာ ကျွန်တော့်ရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားတွေထဲမှာ နည်းစနစ် အကောင်းဆုံး မဟုတ်ခဲ့ရင်တောင် စိတ်ရင်း စေတနာနဲ့ လူမှုဆက်ဆံရေးအရ ကျွန်တော် အနှစ်သက်ဆုံး ကစားသမား တစ်ယောက်ပါ။ သူ့အပေါ် ဖိအားပေးဖို့ဆိုတာ ကျွန်တော့်မှာ စိတ်ကူးတောင်မရှိပါဘူး။ အဲလ်ဗာရို တစ်ယောက် နည်းပြဘဝမှာ အောင်မြင်ပါစေလို့ပဲ ဆုတောင်းပါတယ်။”လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်