နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘိုဒို/ဂလင့်မ်ကို အရှက်တကွဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီး | ချန်ပီယံလိဂ်

မန်ချက်စတာစီးတီး ကတော့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ နော်ဝေ ကလပ် ဘိုဒို/ဂလင့်မ်ကို ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ အသင်း ကတော့ မန်ချက်စတာ ဒါဘီ ရှုံးပွဲ အပြီးမှာ မန်စီးတီးဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ နိုင်ပွဲ လုံးဝ မရသေးတဲ့ ဘိုဒို/ဂလင့်မ် ကို ထပ်မံ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဘိုဒို/ဂလင့်မ်ဟာ ခြေစွမ်းပိုင်း အရမ်းကြီး မဆိုးတဲ့ အသင်း တစ်သင်း ဖြစ်ပေမယ့် ချန်ပီယံလိဂ်မှာ ၆ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ မရသေးသလို၊ ပြည်တွင်းလိဂ်လည်း ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် တစ်လကျော်လောက် ပြိုင်ပွဲဝေးနေတဲ့ အသင်း ဖြစ်ပါတယ်။ တကယ်တော့ မန်စီးတီး ကလည်း ဒီနေ့ပွဲမှာ ဟာလန်း၊ ဖိုဒန်၊ ချာကီ၊ ရိုင်ဒါးစ်၊ ရိုဒရီ၊ ဒွန်နာရမ်းမား တို့နဲ့ လူစုံ ပွဲထွက်လာခဲ့ပြီး တောင့်တင်းခဲ့တာပါ။ ဒါပေမယ့်လည်း ပွဲချိန် ၂၂ နဲ့ ၂၄ မိနစ်မှာ ဟော့ဂျ်က ၂ ဂိုး၊ ၅၈ မိနစ်မှာ ဟောက်ဂျ်က ၁ ဂိုး သွင်းခဲ့ပြီး ဘိုဒို/ဂလင့်မ်တို့ ၃ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။

အဲဒီနောက် ချာကီက မိနစ် ၆၀ မှာ ချေပဂိုး ၁ ဂိုး ပြန်လည် သွင်းယူပေးခဲ့ပေမယ့် နောက်ထပ် ၂ မိနစ် အကြာမှာ အဓိက ကွင်းလယ်လူ ရိုဒရီ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် မန်စီးတီးတို့ ပွဲကို ပြန်လိုက်ဖို့ ခက်ခဲခဲ့ပါတယ်။ ရိုဒရီ ကတော့ ၂ မိနစ် အတွင်း နှစ်ဝါထိကာ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပြီး ဒီအနီကတ် ကလည်း မန်စီးတီးရဲ့ အရှုံး အတွက် အတိုင်းအတာ တစ်ခုထိတော့ သက်ရောက်မှု ရှိခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ အိမ်ရှင် အသင်းက လူစား အပြောင်းအလဲတွေ ပြုလုပ်ခဲ့သလို မန်စီးတီးတို့ တစ်ယောက်လျော့နေခဲ့တာကြောင့် ၃-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဂလင့်မ်ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ဒီရာသီမှာမှ ပထမဦးဆုံး အကြိမ် ယှဉ်ပြိုင်ဖူးတဲ့ အသင်း ဖြစ်တာကြောင့် ရှက်စရာကောင်းတဲ့ ရှုံးပွဲ ဖြစ်ကြောင်းလည်း ဟာလန်းက ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ လက်ကျန် ပွဲမှာ နိုင်ပွဲ ရဖို့ လိုအပ်သွားတဲ့ မန်စီးတီး

ဘိုဒို/ဂလင့်မ်တို့ ဒီရာသီ အတွက် ချန်ပီယံလိဂ်မှာ ပထမဦးဆုံး နိုင်ပွဲ ရရှိခဲ့သလို တစ်ဖက် မှာလည်း မန်စီးတီးတို့ ဒုတိယမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးက ရမှတ် ၁၃ မှတ်နဲ့ အတူ လိဂ်အဆင့် အဆင့် ၇ နေရာကို ရောက်ရှိသွားပြီး ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ အတွက် ဆိုရင်တော့ လက်ကျန် ပွဲစဉ် ဖြစ်တဲ့ ဂါလာတာဆာရေးနဲ့ ပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်သွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ရှုံးပွဲ မရှိ မှတ်တမ်း ရပ်တန့်သွားခဲ့ပြီးနောက် ဒီရာသီ မှာတော့ တတိယအကြိမ်မြောက် နှစ်ပွဲဆက် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတာ့ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက ဒီရှုံးပွဲက ရှက်စရာကောင်းကြောင်း ဝန်ခံခဲ့ပြီး အသင်းရဲ့ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ အတူ ရှုံးပွဲ အတွက် တာဝန်ယူကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဘိုဒို/ဂလင့်မ်ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ဒီရာသီမှာမှ ပထမဦးဆုံး အကြိမ် ယှဉ်ပြိုင်ဖူးတဲ့ အသင်း ဖြစ်တာကြောင့် ရှက်စရာကောင်းတဲ့ ရှုံးပွဲ ဖြစ်ကြောင်းလည်း ဟာလန်းက ပြောကြားခဲ့ပါတယ်။

ဟာလန်းက “ရိုဒရီ၊ ဒွန်နာရမ်မာ၊ ရိုင်ဒါးစ် စတဲ့ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ အတူ ကျွန်တော် အပြည့်အဝ တာဝန်ယူပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော် တို့က ပိုပြီး တာဝန်ယူနိုင်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည်က လုံလောက်မှု မရှိလိုပါ။ ကျွန်တော့်မှာ အဖြေတော့ မရှိပါဘူး။ ကျွန်တော် ဂိုးမသွင်းနိုင်ခဲ့တဲ့ အတွက် အပြည့်အဝ တာဝန်ယူပါတယ်။ မန်စီးတီးရဲ့ ပရိသတ် တစ်ယောက်ချင်းစီကို တောင်းပန်ပါတယ်။ လိုက်ပါ အားပေးခဲ့တဲ့ ပရိသတ်တိုင်း ကိုလည်း တောင်းပန်ပါတယ်။” လို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်