လေဗာကူဆင် ကတော့ ဒီကနေ့ ညမှာ ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့မယ် ဆိုရင် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပလေးအော့ဖ်ကို တက်ရောက်နိုင်ဖို့ သေချာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် လေဗာကူဆင် နည်းပြ ကတ်စပါ ဟူးလ်မန်း ဒီပွဲ မတိုင်ခင် “သူတို့ ကိုယ်တိုင် ထိန်းချုပ်လို့ ရတဲ့ အခြေအနေတွေ အပေါ်မှာပဲ အာရုံစိုက်သွားမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ လေဗာကူဆင်ဟာ အခုပွဲမှာ အနိုင်ရတာနဲ့ ပလေးအော့ဖ် တက်ရောက်နိုင်မှာ ဖြစ်ပေမယ့် ဗီလာရီးရဲလ် ကတော့ မျှော်လင့်ချက် မရှိတော့ပါဘူး။
လောလောဆယ် မှာတော့ လေဗာကူဆင်က ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် (၂၀) နေရာမှာ ရပ်တည်နေတာပါ။ အကယ်၍ လေဗာကူဆင်က အခုပွဲမှာ ရှုံးနိမ့်ခဲ့ပြီး တခြား အသင်းတွေ ရလဒ်ကောင်းခဲ့ရင်တော့ ရှုံးထွက်အဆင့်နဲ့ လွဲချော်သွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဟူးလ်မန်း ကတော့ တခြားပွဲတွေရဲ့ ရလဒ်တွေကို စောင့်ကြည့်နေမှာ မဟုတ်ကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။
“ဒါဟာ ကျွန်တော်တို့ အတွက် တကယ် အရေးကြီးတဲ့ ပွဲပါ။ နောက်တစ်ဆင့် တက်ဖို့က ကျွန်တော် တို့ရဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်ပဲ။ ပွဲပြီးခါနီး လိုအပ်လာမယ် ဆိုရင်တော့ တခြားကွင်းက ရလဒ်တွေကို နားစွင့်ထားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က အနိုင်ရဖို့ အတွက်ပဲ ကစားမှာ၊ ဒါက ကျွန်တော် တို့ရဲ့ စိတ်ဓာတ်ပဲ။ အခုပွဲကို ဒီစိတ်နဲ့ပဲ ရင်ဆိုင်သွားမယ်။” လို့ ပြောကြားခဲ့ပါတယ်။

နည်းပြ ကတ်စပါ ဟူးလ်မန်းဟာ ချန်ပီယံလိဂ် အိမ်ကွင်း ၆ ပွဲ ကစားထားရာမှာ နိုင်ပွဲမရဖူးသေးပါဘူး (နော့စ်ဂျဲလန်းနဲ့ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံး၊ လေဗာကူဆင်နဲ့ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံး)။ အဲဒီ ၆ ပွဲမှာ ဂိုးပေါင်း ၂၀ အထိ ပေးထားရပြီး ပျမ်းမျှ တစ်ပွဲကို ၃.၃ ဂိုး အထိ ပေးနေရတာ ဖြစ်ပါတယ်။ ဗီလာရီးရဲလ် ကတော့ ဒီနှစ် ချန်ပီယံလိဂ်မှာ ၇ ပွဲ ကစားပြီး တစ်ပွဲမှ အနိုင် မရသေးတဲ့ တစ်သင်းတည်းသော စပိန် ကလပ် ဖြစ်နေပါတယ်။ လေဗာကူဆင် ကစားသမား လူးကပ်စ် ဗက်ဇ်ကွက်ဇ် ကတော့ ဗီလာရီးရဲလ်ဟာ လာလီဂါမှာ ခြေစွမ်းပြနေတဲ့ အသင်း ဖြစ်တာကြောင့် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာနိုင်ကြောင်း အသင်းသားတွေကို သတိပေး စကား ပြောကြားခဲ့ပါတယ်။
“သူတို့ဟာ လာလီဂါမှာ ရာသီကောင်း တစ်ခုကို ဖြတ်သန်းနေတာပါ။ အသင်းလိုက်ရော ကစားသမား တစ်ဦးချင်းစီပါ တကယ် တောင့်တင်းပါတယ်။ ကျွန်တော် တို့ကို ဒုက္ခပေးဖို့ လာကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့လည်း မနက်ဖြန်ပွဲနဲ့ လာမယ့် အပတ်တွေ အတွက် ကောင်းကောင်း ပြင်ဆင်ထားပါတယ်။ အသင်း အတွက် အရေးကြီးတဲ့ ဒီပွဲတွေကို အနိုင်ရဖို့ တကယ် ဆာလောင်နေပါတယ်။” လို့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းက ဆိုပါတယ်။
လေဗာကူဆင်နဲ့ ဗီလာရီးရဲလ် တို့ကတော့ ဥရောပအဆင့် (ယူရိုပါလိဂ်) ပြိုင်ပွဲတွေမှာ ၄ ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပြီး ယခင် ၃ ကြိမ် မှာတော့ ဗီလာရီးရဲလ်က အနိုင်ရထားပါတယ်။ လေဗာကူဆင် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ကြိမ် မှာလည်း ဗီလာရီးရဲလ်က ၁ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


