အင်တာမီလန် – အာဆင်နယ်
ချန်ပီယံလိဂ် ပွဲစဉ် ၇ ရဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် အာဆင်နယ်က အင်တာမီလန်ကို ဆန်စီရိုမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒီနှစ် ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ လိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် အတွက် ဒီပွဲ ရလဒ်က သိပ်ပြီး အရေးမကြီးပေမယ့် အင်တာမီလန် အတွက်တော့ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ရေး အတွက် အရေးပါနေဆဲ ဖြစ်ပါတယ်။
အင်တာမီလန် ကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ၄ ပွဲနိုင်၊ ၂ ပွဲ ရှုံးပြီး နောက်ဆုံး ၂ ပွဲဆက် ရလဒ်ဆိုးနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲမှာ အင်တာမီလန်က အက်တလက်တီကိုမက်ဒရစ်နဲ့ လစ်ဗာပူးလ် တို့ကို ရှုံးနိမ့်ထားခဲ့ပြီး လစ်ဗာပူးလ်ကို ဆိုရင် အိမ်ကွင်းမှာ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။ အင်တာမီလန်က နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၉ ပွဲမှာ ၈ ပွဲ အထိ အနိုင်ရရှိထားသလို ပေးဂိုး မရှိတာလည်း ၁၁ ပွဲ အထိ ရှိထားပါတယ်။ အင်တာမီလန်က လက်ရှိမှာ ရှုံးပွဲတွေနဲ့ ဝေးနေပြီး အကောင်းဆုံး ပုံစံလည်း ရနေလို့ အာဆင်နယ် အတွက် လွယ်ကူဖို့တော့ မရှိပါဘူး။
အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ် မှာရော၊ ချန်ပီယံလိဂ် မှာပါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းပါ။ ဂန်းနားတွေက ချန်ပီယံလိဂ်မှာ ဆိုရင် ထူးထူးခြားခြားပဲ ၆ ပွဲ ကစားရာမှာ ၆ ပွဲစလုံး အနိုင်ရထားပြီး ရဂိုး ၁၇ ဂိုး ရှိထားသလို ပေးဂိုး ကလည်း ၁ ဂိုးသာ ရှိထားပါတယ်။ ဒီလို အကောင်းဆုံး ပုံစံရနေတဲ့ အာဆင်နယ်က အင်တာမီလန်နဲ့ အစမ်းသပ်ခံရတော့မှာ ဖြစ်ပြီး အာတေးတား အနေနဲ့ ဒီပွဲကို ဘယ်လိုပုံံစံနဲ့ ချဉ်းကပ်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ အာဆင်နယ်တို့ စံချိန်ကောင်း တစ်ခုကို ဆက်ထိန်းဖို့ အသေအချာ ပြင်ဆင်လာမလား။ ဒါမှမဟုတ် သိပ်ပြီး အရေးမကြီးတဲ့ ပွဲတစ်ပွဲကို ပေါ့ပေါ့ပါးပါးပဲ ရင်ဆိုင်သွားမလား ဆိုတာ စိတ်ဝင်စားစရာပါ။ ဒီပွဲပြီးရင် အာဆင်နယ်က မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲကြပ် ကစားရမှာ ဖြစ်လို့ အဓိက ကစားသမား တချို့ကို ချန်လှပ်လာနိုင်ခြေလည်း ရှိနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ် မှာတော့ ပိုင်ရို ဟင်ကပ်ပီယေ ပါဝင်ကစားဖို့ မသေချာသေးပဲ မက်စ် ဒေါင်းမန်း ကတော့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
အင်တာမီလန် – ဆွမ်မား၊ အကာဘီ၊ အာကန်ဂျီ၊ ဘက်စတိုနီ၊ ဟင်းနရစ်ခ်၊ ဘာရယ်လာ၊ မက်ခီတာရန်၊ ဇီလင်းစကီး၊ ဒီမာကို၊ သူရမ်၊ မာတီနက်ဇ်
အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ မော့စ်ကွဲယား၊ လီဝစ် စကယ်လီ၊ အက်ဇေး၊ ဇူဘီမန်ဒီ၊ မာရင်နို၊ မာဒူအေခေ၊ ဂျေဇုစ်၊ မာတင်နယ်လီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် လိဂ်အဆင့်မှာ နောက်ဆုံး အကြိမ် တွေ့ဆုံထားပြီး ချလနောဂလူရဲ့ တစ်လုံးတည်းသော ပင်နယ်တီ သွင်းဂိုးနဲ့ အင်တာမီလန်တို့ အနိုင်ရထားပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ အင်တာမီလန်က ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပြီး အာဆင်နယ် ကတော့ ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အင်တာမီလန် နိုင်ရင် ၂.၆၈ ဆ၊ အာဆင်နယ် နိုင်ရင်တော့ ၂.၄၃ ဆ၊ သရေ ဆိုရင်တော့ ၃.၁၄ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက် ပေါက်နေပြီး ဂိုးပေါင်းကြေး ကတော့ ပုံမှန်ပဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း ယိမ်းယိုင်မှုတွေ ရှိခဲ့ပြီး ဒီပွဲမှာ ရလဒ်ကောင်း ရှာဖွေနိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာ ရှိပါတယ်။ အင်တာမီလန်က ဒီပွဲမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေသလို အိမ်ကွင်း အားသာချက်လည်း ရှိနေတာကြောင့် အာဆင်နယ် အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာဖို့ ရှိနေပါတယ်။ သွင်းဂိုး အနည်းနဲ့ သရေ ရလဒ်ကသာ ဖြစ်နိုင်ခြေ အရှိဆုံးပါပဲ။
ခန့်မှန်းရလဒ်
အင်တာမီလန် ၁-၁ အာဆင်နယ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


