နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဆာရာ ခြေစွမ်းပြခဲ့ပြီး ဂျူဗင်တပ်စ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဂါလာတာဆာရေး | ချန်ပီယံလိဂ်

ညက ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပလေးအော့ဖ်ရဲ့ ပထမအကျော့ ပွဲစဉ်တွေ ကစားသွားခဲ့ပြီး ဂါလာတာဆာရေးနဲ့ ဂျူဗင်တပ်စ် တို့ရဲ့ ပွဲကတော့ တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်မှုတွေနဲ့ ရင်ခုန်စရာ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပြီး ဂါလာတာဆာရေးဟာ ကစားသမား တစ်ဦး ထုတ်ပယ်ခံခဲ့ရတဲ့ ဂျူဗင်တပ်စ်ကို ၅-၂ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဂါဘရီရယ် ဆာရာ ကတော့ အိမ်ရှင်တို့ အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ အပြင် ဒါဗင်ဆင် ဆန်းချက်ဇ်ရဲ့ ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ တူအန် ကူ့ပ်မိုင်းနားစ် ပထမပိုင်းမှာပဲ ဂျူဗင်တပ်စ် အတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့လို့ ဧည့်သည့် အသင်း ၁-၂ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ နိုအာ လန်းက ၂ ဂိုး၊ ဆက်ချာ ဘိုယေးနဲ့ ဒါဗင်ဆင် ဆန်းချက်ဇ်က ၁ ဂိုး သွင်းယူပေးခဲ့ပြီး ၅-၂ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ပွဲစပြီး ၁၅ မိနစ် အကြာမှာပဲ ဂျူဗင်တပ်စ် နောက်ခံလူ ဂလိုင်ဆင် ဘရီမာရဲ့ ဖျက်ထုတ်မှု အမှားကနေ တစ်ဆင့် ဆာရာက အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ၈၅ စက္ကန့်အကြာမှာပဲ တူအန် ကူ့ပ်မိုင်းနားစ်ငက ကာလူလူရဲ့ ခေါင်းတိုက်ချက် ပြန်ထွက်လာတာကို အမိအရ ပိတ်သွင်းပြီး ဂျူဗင်တပ်စ် အတွက် ချေပဂိုး သွင်းပေးခဲ့ပါတယ်။ မိနစ် ၃၀ ကျော်မှာတော့ ကူ့ပ်မိုင်းနားစ် ကပဲ ဧရိယာ အပြင်ဘက် ကနေ ဂိုးရဲ့ ဘယ်ဘက် အပေါ်ထောင့်ထဲကို လှလှပပ ကန်သွင်းပြီး ဂျူဗင်တပ်စ်ကို ဦးဆောင်စေခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းစလို့ ၄ မိနစ်မှာ နာပိုလီ ကနေ အငှားနဲ့ ရောက်ရှိလာတဲ့ နိုအာ လန်းက ဂါလာတာဆာရေး အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။

သူဟာ ၂၀၁၃ ခုနှစ်က ဝက်စလေ ဆနိုက်ဒါ နောက်ပိုင်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်မှာ ဂိုးသွင်းပြီး ဂိုးဖန်တီးမှုပါ လုပ်နိုင်တဲ့ ပထမဆုံး ဂါလာတာဆာရေး ကစားသမား ဖြစ်လာပါတယ်။
ချန်ပီယံလိဂ် သမိုင်းတလျှောက် ပထမဆုံး အကြိမ် ၅ ဂိုး အထိ ပေးခဲ့ရတဲ့ ဂျူဗင်တပ်စ်

ပွဲအလှည့်အပြောင်း ကတော့ ၈ မိနစ်တာအတွင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။ ဆာရာရဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်ဘော ကနေ တစ်ဆင့် ဆန်းချက်ဇ်က ခေါင်းတိုက် သွင်းယူပြီး ဂါလာတာဆာရေးကို ပြန်လည် ဦးဆောင်စေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျူဗင်တပ်စ် လူစားဝင် ကစားသမား ဟွမ် ကာဘယ်လ် ဒုတိယ အဝါကတ်နဲ့ ထုတ်ပယ်ခံရလို့ ဂျူဗင်တပ်စ်တို့ တစ်ယောက်လျော့သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နိုအာ လန်းက ဂျူဗင်တပ်စ်တို့ ဧရိယာအတွင်း ဘောလုံးအမှား လုပ်ရာ ကနေ တစ်ဆင့် စတုတ္ထဂိုး သွင်းယူခဲ့ပြီး၊ ပွဲအပြီးပိုင်း မှာတော့ အိုဆင်မ်ဟန်ရဲ့ ဖန်တီးပေးမှု ကနေ တဆင့် လူစားဝင် နောက်ခံလူ ဘိုယေးက ပဉ္စမမြောက်ဂိုးကို သွင်းယူကာ ဂါလာတာဆာရေးကို အနိုင်သေချာစေခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဂါလာတာဆာရေးဟာ သူတို့ရဲ့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် တစ်ပွဲတည်း ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ် ကလည်း ပြိုင်ပွဲသမိုင်းမှာ ပထမဆုံး အကြိမ် ၅ ဂိုးအထိ ပေးခဲ့ရတာ ဖြစ်ပါတယ်။ အိမ်ရှင် ဂါလာတာဆာရေးဟာ ဂိုးရနိုင်ခြေ မျှော်မှန်းဂိုး (xG) ၂.၉၆ ရှိခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု ၂၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ် ကတော့ မျှော်မှန်းဂိုး (xG) ၁.၁၃ နဲ့ ဂိုးပေါက် ကန်သွင်းမှု ၇ ကြိမ်သာ ရှိခဲ့ပါတယ်။ဒီနေ့ပွဲမှာ အကောင်းဆုံး ကစားသမား ကတော့ ဂါဘရီယယ် ဆာရာ ဖြစ်ပြီး အသင်း အတွက် ဂိုးပေါက် ကန်သွင်းမှု အများဆုံး (၃ ကြိမ်)၊ အခွင့်အရေး ဖန်တီးမှု အများဆုံး (၇ ကြိမ်) နဲ့ ဘောလုံးပေးပို့မှု အများဆုံး (၅၉ ကြိမ်) ပြုလုပ်ခဲ့ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်က ဝက်စလေ ဆနိုက်ဒါ နောက်ပိုင်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်မှာ ဂိုးသွင်းပြီး ဂိုးဖန်တီးမှုပါ လုပ်နိုင်တဲ့ ပထမဆုံး ဂါလာတာဆာရေး ကစားသမား ဖြစ်လာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်