နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘိုဒို/ဂလင့်မ်ကို ဘာကြောင့် ရှုံးနိမ့်ခဲ့ရသလဲ ဆိုတာ ဖွင့်ဟလာတဲ့ ချီဗူး | ချန်ပီယံလိဂ်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အင်တာမီလန် ကတော့ နော်ဝေ ကလပ် ဘိုဒို/ဂလင့်မ်ကို နှစ်ကျော့ပေါင်း ၅-၂ ရလဒ်နဲ့ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ အရှက်တကွဲ ထွက်ခွာခဲ့ရပါတယ်။ ဒါဟာ အင်တာမီလန် အသင်း သမိုင်းမှာ ဥရောပ ထိပ်သီးလိဂ် ၅ ခု ပြင်ပက အသင်း တစ်သင်းကို ရှုံးထွက်အဆင့်မှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီအရှက်တကွဲ ရှုံးပွဲနဲ့ ပတ်သတ်ပြီး နည်းပြ ခရစ္စတီယန် ချီဗူး ဘယ်လို တုန့်ပြန်လာသလဲ၊ အင်တာမီလန်ရဲ့ အနာဂတ် ဘာလဲ၊ ဘယ်လဲ ဆိုတာတွေကို သုံးသပ်ကြည့်ရအောင်ပါ။

 

၁။ မမျှော်လင့်ဘဲ အရှက်တကွဲ ရှုံးနိမ့်ခဲ့ခြင်း

နည်းပြ ခရစ္စတီယန် ချီဗူးရဲ့ အင်တာမီလန် အသင်းဟာ ပထမအကျော့ နော်ဝေမြေမှာတုန်းက ၃-၁ နဲ့ ရှုံးခဲ့တာကြောင့် ဒီပွဲမှာ အစစအရာရာ ဖိအားဝင်နေခဲ့တာပါ။ ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်မှာ ဘိုဒို/ဂလင့်မ် ဂိုးပေါက်ကို အဆက်မပြတ် ဘက်ပေါင်းစုံ ကနေ တိုက်စစ်ဆင်ခဲ့ပေမယ့် ပြိုင်ဘက်က တန်ပြန် တိုက်စစ် ကနေ ဟော့ဂျ် နဲ့ အီဗန် တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နိုင်ပွဲကြောင့် ဘိုဒို/ဂလင့်မ်က ဒုတိယအကျော့မှာ ၂-၁ (နှစ်ကျော့ပေါင်း ရလဒ် ၅-၂) နဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်သွားခဲ့ပါတယ်။

 

၂။ ဆိုးရွားလှတဲ့ မှတ်တမ်းသစ်များ

အင်တာမီလန်ဟာ ပြီးခဲ့တဲ့ ၃ ရာသီ အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂ ကြိမ်အထိ တက်လှမ်းနိုင်ခဲ့တဲ့ အသင်းပါ။
နော်ဝေ ကလပ်ငယ်လေးကို မထင်မှတ်ပဲ နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့တဲ့ အင်တာမီလန်

အင်တာမီလန်က သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပ ထိပ်သီးလိဂ် ၅ ခု ပြင်ပက အသင်း တစ်သင်းကြောင့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ကနေ ထွက်ခဲ့ရတာပါ။ (ယခင်က ၂၀၀၁-၂၀၀၂ ဘောလုံးရာသီက ယူအီးအက်ဖ်အေ ဖလားမှာ ဖီယင်နော့ဒ်ကို ရှုံးခဲ့တာက နောက်ဆုံး အကြိမ် ဖြစ်ပါတယ်) ဒါ့အပြင် အင်တာက ၂၀၁၀-၂၀၁၁ ဘောလုံးရာသီ ကွာတားဖိုင်နယ်မှာ ရှော်လ်ကေးကို ရှုံးခဲ့ပြီး နောက်ပိုင်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ အိမ်ကွင်းရော အဝေးကွင်း မှာပါ နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့တာက ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

 

၃။ နည်းပြ ချီဗူးရဲ့ ဆင်ခြေနဲ့ သုံးသပ်ချက်

နည်းပြ ချီဗူး ကတော့ ပွဲအပြီးမှာ အသင်းသားတွေရဲ့ အားအင် ကုန်ခမ်းနေမှုကို အဓိက အပြစ်တင်ခဲ့ပါတယ်။ “ကျွန်တော်တို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါတယ်။ ခံစစ်ကို အသေပိတ် ကစားတဲ့ အသင်း တစ်သင်းကို ဖောက်ထွက်ဖို့ ဆိုတာ မလွယ်ပါဘူး။ ကစားသမားတွေ ကိုတော့ အပြစ်မတင်ချင်ဘူး။ သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြတာပါ။ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းတာက ကျွန်တော်တို့ထက် ပိုပြီးအားအင်ရှိတဲ့ အသင်း တစ်သင်းနဲ့ ရင်ဆိုင်လိုက်ရတာပါပဲ။ သူတို့ တကယ် တော်ခဲ့လို့ နောက်တစ်ဆင့် တက်ဖို့ ထိုက်တန်ပါတယ်။” လို့ ချီဗူးက ဆိုပါတယ်။

အင်တာမီလန်ဟာ ၂၀၂၆ ခုနှစ်ထဲမှာ ၁၅ ပွဲ အထိ ကစားခဲ့ရပေမယ့်၊ ဘိုဒို/ဂလင့်မ် ကတော့ နော်ဝေလိဂ် မစသေးတာကြောင့် ချန်ပီယံလိဂ် ၄ ပွဲပဲ ကစားထားရပါသေးတယ်။ ဒီအချက်က အသာစီးရသွားစေတယ်လို့ ချီဗူးက ဆိုပါတယ်။ “၃ ရက် တစ်ပွဲ ကစားနေရတဲ့ အချိန်မှာ အားအင်အပြည့် ရှိနေဖို့ဆိုတာ ခက်ခဲပါတယ်။ ခံစစ်မှာ လူ ၁၀ ယောက်လောက် ပိတ်ထားတဲ့ အသင်းကို တိုက်စစ်ဆင်ရတာ အရမ်းပဲ ပင်ပန်းပါတယ်။ အခုတော့ ဒီစာမျက်နှာကို ပိတ်ပြီး ရှေ့ဆက်ရပါမယ်။ ချန်ပီယံလိဂ် ဆိုတာ ဒီလိုပါပဲ၊ ပြိုင်ဘက်ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပေးရပါမယ်။” လို့ ဆက်လက် ပြောကြားခဲ့ပါသေးတယ်။

 

၄။ အနာဂတ် အတွက် ဖိအားများ

အင်တာမီလန်ဟာ ပြီးခဲ့တဲ့ ၃ ရာသီ အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂ ကြိမ်အထိ တက်လှမ်းနိုင်ခဲ့တဲ့ အသင်းပါ။ အခုလို စောစောစီးစီး ထွက်ခွာလိုက်ရတာဟာ အသင်း အတွက် ဝေဖန်မှုတွေ အကြီးအကျယ် ကြုံလာရနိုင်ပါတယ်။ လက်ရှိ အီတလီ စီးရီးအေ (စကူဒက်တို) ဖလားကို ရဖို့ သေချာသလောက် ရှိနေပေမဲ့ ဥရောပ စင်မြင့် မှာတော့ ကျရှုံးခဲ့ရပါတယ်။ ချီဗူး ကတော့ “ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ အဆင့်အတန်း တစ်ခုကို မထိန်းနိုင်ခဲ့ဘူး။ ကိုယ်က အမှား တစ်ခု လုပ်လိုက်တာနဲ့ အပြစ်ပေးမယ့် အသင်းတွေက စောင့်နေတာပါ။” လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

နိဂုံးချုပ် ဆိုရရင်တော့ အင်တာမီလန်လို အသင်းကြီး တစ်သင်းက ဘိုဒို/ဂလင့်မ်လို အသင်းငယ်လေးကို ရှုံးနိမ့်သွားတာ ကတော့ တကယ့်ကို အံ့အားသင့်စရာပါပဲ။ ဒါကြောင့် အင်တာမီလန် အနေနဲ့ အခုလို ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ကနေ ထွက်ခွလိုက်ရပြီ ဆိုတော့ စီးရီးအေ ဖလား ကိုပဲ အပြည့်အဝ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်