ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ဘေယန်မြူးနစ်က အတ္တလန္တာကို ၄-၁ ရလဒ်နဲ့ ထပ်မံ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၁၀-၂ နဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။ ဒါကြောင့် ဂျာမန် ထိပ်သီး တို့ဟာ ကွာတားဖိုင်နယ်မှာ ချန်ပီယံလိဂ်ရဲ့ စံချိန်တင် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
အလိုင်းရန့်ဇ် အရီနာမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဘေယန်မြူးနစ်ကို အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်လာတဲ့ ဟယ်ရီကိန်းက ၂ ဂိုး သွင်းယူခဲ့ပြီး၊ လူငယ် ကြယ်ပွင့် လန်းနတ် ကားလ်နဲ့ လူးဝစ္စ ဒီးယက်ဇ်တို့ ကလည်း ဂိုးတွေ အသီးသီး သွင်းယူခဲ့ကြပါတယ်။
ပွဲစကတည်းက ဖိအားပေး ကစားနိုင်ခဲ့တဲ့ ဘေယန်မြူးနစ်က ပွဲချိန် ၂၅ မိနစ်မှာ ပင်နယ်တီ ရရှိခဲ့ပါတယ်။ အတ္တလန္တာ နောက်ခံလူ စကဲလ်ဗီနီ လက်ထိဘောကြောင့် ရရှိလာတဲ့ ပင်နယ်တီကို ဟယ်ရီကိန်းက ပထမအကြိမ် ကန်သွင်းရာမှာ ဂိုးသမား စပို့တီယဲလ်လိုက ကာကွယ်နိုင်ခဲ့သည်။ ဒါပေမယ့်လည်း ဂိုးသမားက စည်းကျော်နေတာကြောင့် ပြန်လည် ကန်သွင်းစေရာမှာ ဟယ်ရီကိန်းက အမှားအယွင်း မရှိ ကန်သွင်းပြီး အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။
ဒုတိယပိုင်း ၅၄ မိနစ်တွင် ဟယ်ရီကိန်း ကပဲ အတ္တလန္တာ နောက်ခံလူတွေ ကြားကနေ ရုန်းထွက်ကာ အပိုင်ကန်သွင်းပြီး ဒုတိယဂိုး ရယူပေးခဲ့ပါတယ်။ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား လန်းနတ် ကားလ်က လူးဝစ္စ ဒီးယက်ဇ်ရဲ့ ဖန်တီးမှုက တစ်ဆင့် တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် မိနစ် ၇၀ မှာ ကားလ်က လူးဝစ္စ ဒီးယက်ဇ်ကို ပြန်လည် ဖန်တီးပေးခဲ့ပြီး ဒီးယက်ဇ်က ဂိုးသမားကို ကျော်ကာ လှလှပပ အဆုံးသတ်ခဲ့ပါတယ်။ အတ္တလန္တာ အတွက် နှစ်သိမ့်ဂိုးကို ပွဲပြီးခါနီးမှာ လာဇာ ဆာမာ့ဒ်ဇစ်က ခေါင်းတိုက် သွင်းယူပေးခဲ့ပေမယ့်လည်း အတ္တလန္တာ အတွက်တော့ မေ့ပစ်ချင်စရာ ကောင်းတဲ့ နှစ်ကျော့ပေါင်း ရလဒ် ဖြစ်ခဲ့ရပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဘေယန်မြူးနစ်က ဒီပွဲမှာ ဂိုးကန်သွင်းခွင့် ၂၅ ကြိမ် အထိ ရရှိခဲ့ပြီး မျှော်မှန်းဂိုး (xG) ၃.၆၁ အထိ ရှိခဲ့ကာ ပွဲကို လုံးဝ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းက ချန်ပီယံလိဂ် ၆၆ ပွဲ ကစားရာမှာ ဂိုး ၅၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့ထက် ပွဲအရေအတွက် နည်းနည်းနဲ့ ချန်ပီယံလိဂ် ဂိုး ၅၀ ပြည့်ခဲ့သူက အာလင်း ဟာလန်း (၄၉ ပွဲ) နဲ့ ရုဒ် ဗန် နစ္စတယ်ရွိုင်း (၆၂ ပွဲ) တို့သာ ရှိပါတယ်။ ဟယ်ရီကိန်းက ဒီရာသီမှာ ပြိုင်ပွဲစုံ ၄၇ ဂိုး အထိ သွင်းယူထားနိုင်ပြီး သူ့ရဲ့ ကစားသမားဘဝ တစ်ရာသီ အတွင်း အများဆုံး သွင်းဂိုး စံချိန် ဖြစ်သလို၊ ဥရောပ ထိပ်သီးလိဂ် (၅) ခု မှာလည်း ဂိုးအများဆုံး သွင်းထားသူ ဖြစ်လာပါတယ်။
အသက် ၁၈ နှစ် ၂၄ ရက်သာ ရှိသေးသည့် ကားလ်က ဘေယန်မြူးနစ် အတွက်ရော၊ ဂျာမနီ ကစားသမားတွေထဲမှာပါ ချန်ပီယံလိဂ် တစ်ပွဲတည်းမှာ ဂိုးသွင်းနိုင်ပြီး ဂိုးဖန်တီးမှု ပြုလုပ်နိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


