ဘာစီလိုနာ ကတော့ ကိုပင်ဟေဂင်ကို ဒုတိယပိုင်းမှာ ဂိုးပြတ်သွင်းပြီး ချန်ပီယံလိဂ် လိဂ်အဆင့် ထိပ်ဆုံး (၈) အတွင်း ဝင်ရောက်ကာ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ကိုပင်ဟေဂင်ကို အနိုင်ရဖို့ အတွက် ပထမပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်း မှာတော့ ၄ ဂိုး အထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
နူးကမ့်ပ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဟန်ဆီ ဖလစ်ခ်ရဲ့ ဘာစီလိုနာဟာ ဦးဆောင်ဂိုး အရင်ပေးခဲ့ရပေမယ့် ရောဘတ် လီဝမ်ဒေါစကီး၊ လာမင်း ယာမယ်၊ ရာဖင်ညာနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် တို့ရဲ့ ဂိုးတွေနဲ့ အတူ ဂိုးပြတ် နိုင်ပွဲ ရကာ အဆင့် (၅) နေရာမှာ ရပ်တည်ပြီး လိဂ်အဆင့်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ပွဲစပြီး ၄ မိနစ်အကြာ မှာတင် ကိုပင်ဟေဂင်က ဘာစီလိုနာကို အံ့အားသင့်စေခဲ့ပါတယ်။ မိုဟာမက် အယ်ယွန်နူဆီရဲ့ ဖန်တီးပေးမှု ကနေ ဗစ်တာ ဒါဒါဆန် က ဘာစီလိုနာ ဂိုးသမား ယိုအန် ဂါစီယာကို ကျော်ဖြတ်ပြီး အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် လီဝမ်ဒေါစကီးဟာ ချေပဂိုး ရဖို့ အခွင့်အရေး ရခဲ့ပေမယ့် ကိုပင်ဟေဂင် ဂိုးသမား ဒိုမီနစ် ကိုတာစကီးက ကာကွယ်နိုင်ခဲ့လို့ ဘာစီလိုနာတို့ ပထမပိုင်းမှာ ဂိုးမရဘဲ အကြပ်ရိုက်ခဲ့ရပါတယ်။
ဒုတိယပိုင်း မှာတော့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပြီး ပွဲပြန်စလို့ ၃ မိနစ် အကြာမှာတင် ဒန်နီ အော်လမိုရဲ့ လှပတဲ့ ပေးပို့မှု ကနေ တစ်ဆင့် ယာမယ်က ဖန်တီးပေးခဲ့ပြီး လီဝမ်ဒေါစကီးက အနီးကပ် ပိတ်သွင်းကာ ချေပဂိုး စတင်ရယူခဲ့ပါတယ်။ မိနစ် ၆၀ မှာတော့ ယာမယ်ရဲ့ ကန်ချက်က ပြိုင်ဘက် နောက်ခံလူနဲ့ ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ ဘာစီလိုနာတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက် လီဝမ်ဒေါစကီး ကြမ်းတမ်းစွာ ဖျက်ထုတ်ခံရလို့ ရတဲ့ ပင်နယ်တီကို ရာဖင်ညာက ကန်သွင်းပေးခဲ့ပါတယ်။ ပွဲပြီးခါနီး ၈၅ မိနစ် မှာတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်က လှပတဲ့ ဖရီးကစ် ကနေ တစ်ဆင့် စတုတ္ထမြောက် အနိုင်ဂိုးကို သွင်းယူပေးခဲ့လို့ ၄-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

စူပါစတား လူငယ် ကစားသမားလေး လာမင်း ယာမယ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘာစီလိုနာ အတွက် ဂိုးဖန်တီးမှု ၈ ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ချန်ပီယံလိဂ် သမိုင်းမှာ ဆယ်ကျော်သက် ကစားသမား တစ်ဦး အနေနဲ့ အများဆုံး ဖန်တီးထားနိုင်တာ ဖြစ်ပြီး အမ်ဘာပေး (ပီအက်စ်ဂျီမှာ မှာ ၇ ကြိမ်) တင်ထားတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ အသက် ၁၈ နှစ် အရွယ် ယာမယ်ဟာ ချန်ပီယံလိဂ် ပွဲတစ်ပွဲတည်းမှာ ဂိုးသွင်းပြီး ဂိုးဖန်တီးမှုပါ လုပ်နိုင်တာ ၃ ကြိမ်မြောက် ရှိလာပြီ ဖြစ်လို့ ဒါဟာလည်း အမ်ဘာပေးနဲ့ အတူ ဆယ်ကျော်သက် ကစားသမားတွေ ထဲမှာ အများဆုံး စံချိန် ဖြစ်ပါတယ်။
ရုန်းကန်ခဲ့ရတဲ့ ဘာစီလိုနာ ပထမပိုင်းမှာ ဂိုးပေးထားရချိန်က ဘာစီလိုနာက အဆင့် ၁၃ နေရာ အထိ ရောက်သွားခဲ့ပါသေးတယ်။ ဘာစီလိုနာဟာ သူတို့ရဲ့ နောက်ဆုံး ချန်ပီယံလိဂ် ၅ ပွဲမှာ ၄ ပွဲအထိ ပထမပိုင်းမှာ ဂိုးပြတ် (သို့မဟုတ်) ရှုံးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အရှုံးရလဒ် ကနေ ပြန်လာပြီး ရမှတ် အများဆုံး (၁၀ မှတ်) ရယူနိုင်တဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာဟာ ဂိုးကန်သွင်းခွင့် ၂၈ ကြိမ် အထိ ရခဲ့ပြီး မျှော်မှန်းဂိုး (xG) ၃.၀၅ အထိ ရှိခဲ့တာကြောင့် ၆ ကြိမ်သာ ကန်သွင်းခွင့်ရတဲ့ ကိုပင်ဟေဂင် (xG ၁.၀၆) ကို အပြတ်အသတ် သာလွန်ခဲ့တာ တွေ့ရပါတယ်။
ဘာစီလိုနာဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် မှာတော့ ပီအက်စ်ဂျီ၊ နယူးကာဆယ်၊ မိုနာကို (သို့မဟုတ်) ကွာရာဘတ်တို့ ထဲက တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ ကွာရာဘတ် သို့မဟုတ် မိုနာကိုနဲ့ တွေ့ဆုံခဲ့မယ် ဆိုရင် ပွဲချောင်မှာ ဖြစ်ပေမယ့် ပီအက်စ်ဂျီ၊ နယူးကာဆယ် တို့နဲ့ ဆိုရင်တော့ ကျိန်းသေပေါက် ပွဲကြပ်တော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


