နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပြီးခဲ့တဲ့ နှစ်က အတွေ့အကြုံကို အသုံးချဖို့ အာဆင်နယ်ကို အာတေးတား တိုက်တွန်း | ချန်ပီယံလိဂ်

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက လေဗာကူဆင်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ်မှာ မနှစ်က ရခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချကြဖို့ သူ့ရဲ့ ကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက ၂၀၀၆-၂၀၀၇ ဘောလုံး ရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံ ဖြစ်သွားတဲ့ ပီအက်စ်ဂျီကို ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာပါ။

 

အာတေးတားရဲ့ ယုံကြည်မှု

ဒီရာသီမှာတော့ အာဆင်နယ်က ချန်ပီယံလိဂ် လိဂ်အဆင့် ရမှတ် အပြည့်နဲ့ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တာကြောင့် Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ချန်ပီယံ ဖြစ်ဖို့ ၂၇ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေပြီး ရေပန်းအစားဆုံး အသင်း ဖြစ်နေပါတယ်။ ဒါကြောင့် မီခဲလ် အာတေးတားက ချန်ပီယံလိဂ်ဟာ အသင်းတိုင်း အတွက် ခက်ခဲတဲ့ ပြိုင်ပွဲ ဖြစ်ပေမယ့် လေဗာကူဆင်ကို အနိုင်ယူဖို့ သူ့အသင်းမှာ အရည်အချင်း ပြည့်ဝနေပြီလို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်တွေမှာ ဂျာမန် ကလပ်တွေနဲ့ (၅) ကြိမ် တွေ့ဆုံဖူးရာမှာ ၅ ကြိမ်စလုံး ဘေယန်မြူးနစ် နဲ့ပဲ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ တကြိမ် တခါမှ အောင်မြင်မှု မရဖူးသေးတဲ့ အာဆင်နယ်

အာတေးတားက “ကျွန်တော် အသင်းကို စရောက်တုန်းက ကစားသမား တော်တော်များများက ဒီပြိုင်ပွဲမှာ မကစားဖူးကြသေးပါဘူး။ အခုတော့ သူတို့မှာ လိုအပ်တဲ့ အတွေ့အကြုံတွေ ရှိနေပြီ ဖြစ်သလို ပြိုင်ပွဲ အကြောင်း ကိုလည်း ပိုပြီး နားလည်လာကြပါပြီ။ အခု ကျွန်တော်တို့ လုပ်ရမှာက ကွင်းထဲမှာ ခြေစွမ်းပြဖို့ပါပဲ။ ချန်ပီယံလိဂ် ဆိုတာ ပွဲကစားတဲ့ နေ့ရဲ့ အခြေအနေ အပေါ် မှာပဲ မူတည်တာပါ။ အဲ့ဒီနေ့၊ အဲ့ဒီအချိန်အတော အတွင်းမှာ ပြိုင်ဘက်ထက် ပိုကောင်းအောင် ကစားနိုင်ဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

 

ဂျာမန် ကလပ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှု

အာဆင်နယ်ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်တွေမှာ ဂျာမန် ကလပ်တွေနဲ့ (၅) ကြိမ် တွေ့ဆုံဖူးရာမှာ ၅ ကြိမ်စလုံး ဘေယန်မြူးနစ် နဲ့ပဲ ဖြစ်ပါတယ်။ (၂၀၀၄-၀၅၊ ၂၀၁၂-၁၃၊ ၂၀၁၃-၁၄၊ ၂၀၁၆-၁၇ ၁၆ သင်း အဆင့်တွေနဲ့ ၂၀၂၃-၂၀၂၄ ကွာတားဖိုင်နယ် တို့မှာ ရှုံးနိမ့်ခဲ့ပါတယ်) ။ ဒါပေမယ့် အခု ရင်ဆိုင်ရမယ့် လေဗာကူဆင်နဲ့ ထိပ်တိုက် တွေ့ဆုံမှု မှာတော့ အာဆင်နယ်က (၁ ပွဲနိုင်၊ ၁ ပွဲသရေ) နဲ့ ရှုံးပွဲ မရှိသေးပါဘူး။ လေဗာကူဆင်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဂိုးပြတ် အသွင်းမခံရဖူးတဲ့ တစ်သင်းတည်းသော အသင်း ဖြစ်နေတာကြောင့် အာဆင်နယ် အတွက် တကယ့်ကို ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာမှာပါ။

 

အာဆင်နယ်ရဲ့ ဖလားလေးလုံး (Quadruple) မျှော်လင့်ချက်

လက်ရှိမှာ အာဆင်နယ်က မန်ချက်စတာစီးတီး လိုပဲ တစ်ရာသီ အတွင်း ဖလား ၄ လုံး ဆွတ်ခူးခွင့် ရှိနေတဲ့ အင်္ဂလန် ကလပ် နှစ်သင်းထဲက တစ်သင်း ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အာတေးတား ကတော့ “ Quadruple” ဆိုတဲ့ စကားလုံးကို အသုံးမပြုဘူးလို့ ဆိုပါတယ်။

“ကျွန်တော် အဲ့ဒီစကားလုံးကို မသုံးပါဘူး။ ပြိုင်ပွဲတိုင်းရဲ့ ခက်ခဲမှုကို ကျွန်တော်တို့ သိပါတယ်။ မနက်ဖြန်က စပြီး ၃ ရက် တစ်ပွဲနှုန်းနဲ့ ပြိုင်ပွဲ တစ်ခု ကနေ တစ်ခုကို ကူးပြောင်း ကစားရတော့မှာပါ။ ကျွန်တော် ကတော့ လက်ရှိအခြေအနေ ကိုပဲ အာရုံစိုက်ပြီး ကစားသမားတွေကို အကောင်းမြင်စိတ်နဲ့ အားတက်လာအောင် ပြင်ဆင်ပေးသွားမှာပါ။ လုပ်စရာတွေ အများကြီး ရှိသေးပေမယ့် အရေးကြီးဆုံး အပိုင်းက မနက်ဖြန်က စပြီး ရောက်ရှိလာတော့မှာပါ။” လို့ သူက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်