နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မာဒူခေး၊ မာတင်နယ်လီ တို့ရဲ့ လှပတဲ့ သွင်းဂိုးတွေနဲ့ Clean Sheet နိုင်ပွဲ ထပ်ရခဲ့တဲ့ အာဆင်နယ် | ချန်ပီယံလိဂ်

ဒီကနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၆ မှာတော့ အာဆင်နယ်က ကလပ် ဘရုဂေးကို အဝေးကွင်းမှာ ၀-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်က နိနီ မာဒူခေး၊ ဂါဘရီရယ် မာတင်နယ်လီ တို့ရဲ့ လှပတဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် အမှတ်ပေးဇယား ထိပ်ကနေ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

မီခဲလ် အာတေးတားက ဒီပွဲမှာ ခရစ်ရှန် နော့ဂတ်ကို ဗဟိုခံစစ်မှာ ဟင်ကပ်ပီယေနဲ့ တွဲဖက်ပေးခဲ့ပြီး ဘန်ဝှိုက်၊ လီဝစ် စကယ်လီ၊ ရိုက်စ် မပါတဲ့ ကွင်းလယ်မှာ ဇူဘီမန်ဒီ၊ မာရင်နိုနဲ့ အိုဒီဂတ်တို့ ပွဲထွက်လာခဲ့ပါတယ်။ တိုက်စစ် မှာတော့ မာဒူခေး၊ မာတင်နယ်လီနဲ့ အတူ ဗစ်တာ ယိုးကရက်စ် ဦးဆောင်လာခဲ့ပါတယ်။ အိမ်ရှင် ကလပ် ဘရုဂေး ဘက်မှာလည်း ထရက်ဆိုလ်ဒီ၊ ဗနာကန်၊ အိုယန်ဒီကာ၊ အော်ဒွန်နက်ဇ် တို့လို အဓိက ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။

ဒီနေ့ပွဲ အာဆင်နယ် အတွက် အဓိက ခြေစွမ်းပြခဲ့သူက တောင်ပံ ကစားသမား နိုနီ မာဒူခေး ဖြစ်ပြီး ပွဲချိန် ၂၅ မိနစ်မှာ ဂန်းနားတွေ အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကို ပြန်ကြည့်ရင် အင်္ဂလန် တောင်ပံ ကစားသမားက တစ်ကိုယ်တော် ဆွဲပြေးပြီး ဂိုးသမားရဲ့ ဘယ်ဘက် အပေါ် ဒေါင့်ထဲကို အဝေးကန်ချက်နဲ့ လှပ သေသပ်စွာ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယဂိုး ကိုလည်း သူကပဲ ဒုတိယပိုင်း ပွဲပြန်စပြီး သိပ်မကြာခင်မှာ ဇူဘီမန်ဒီရဲ့ ကန်တင်ပေးပို့မှု ကနေ ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ တတိယဂိုး ကိုတော့ ပွဲချိန် ၅၆ မိနစ်မှာ မာတင်နယ်လီက ဧရိယာ ထိပ်ကနေ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ မာတင်နယ်လီ ကတော့ ပထမပိုင်းမှာ ဝေဖန်တာတွေ ခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ သူ့ရဲ့ ဒီရာသီ ချန်ပီယံလိဂ် ၅ ပွဲဆက် ဂိုးသွင်းနိုင်မှု မှတ်တမ်းကို ရရှိခဲ့ပါတယ်။

အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ကနေ ကြိုတင် စောင့်နေပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲ ရထားခဲ့တဲ့ အာဆင်နယ်

၃ ဂိုးပြတ် ဦးဆောင်ထားနိုင်ပြီးနောက် လက်ကျန် မိနစ်တွေမှာ အာဆင်နယ်က Clean Sheet နိုင်ပွဲ အတွက် သတိထား ကစားခဲ့တာကြောင့် သွင်းဂိုးတွေတော့ ထပ်မမြင်ရတော့ပါဘူး။ ဒီနေ့ပွဲမှာ ကလပ် ဘရုဂေးက အာဆင်နယ် ဂိုးပေါက်ကို ၁၈ ကြိမ် အထိ ကန်ခဲ့ပြီး ဂိုးပေါက် တည့်မှု ကလည်း ၇ ကြိမ် ရှိခဲ့ပေမယ့် ထိရောက်မှုတော့ မရှိခဲ့ပါဘူး။ အာဆင်နယ် ကတော့ ဂိုးပေါက် ကန်ချက် အကြိမ် ၂၀ မှာ ဂိုးပေါက်တည့်မှု ၁၁ ကြိမ် အထိ ရှိခဲ့ပြီး သွင်းဂိုး ၃ ဂိုး ရအောင် ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ အာဆင်နယ် ခံစစ်က နော့ဂတ်နဲ့ ဟင်ကက်ပီယေ အတွဲအဖက်က အမှားနည်းခဲ့ပြီး အာတေးတား အနေနဲ့ လာမယ့် ပွဲတွေမှာ ဒိန်းမတ်သားကြီးကို ခံစစ်မှာ ထားကစားစေလည်း အဆင်ပြေနိုင်မယ့် အခြေအနေမျိုး မြင်တွေ့ခဲ့ရပါတယ်။

အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ကနေ ကြိုတင် စောင့်နေပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ လိဂ်အဆင့်ကို ရာနှုန်းပြည့် နိုင်ပွဲ၊ သွင်းဂိုး ၁၇ ဂိုး၊ ပေးဂိုး ၁ ဂိုး၊ Clean Sheet ၅ ပွဲနဲ့ ပြိုင်ဘက်ကင်း ကျော်ဖြတ်ခဲ့တာက ချီးကျူးစရာပါ။ တဖက်မှာလည်း ဂါဘရီရယ် ဂျေဇုစ်ကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ဒဏ်ရာက ပြန်သက်သာလာချိန်မှာ ခြေစွမ်းခြေစ အများကြီး ကျန်ရှိနေသေးတာက အာဆင်နယ် အတွက် အားတက်စရာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဝုဗ်ကို အမ်းမရိတ်စ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် မှာတော့ အာဆင်နယ်က ၂ ပွဲ ကစားဖို့ ကျန်နေသေးပြီး အင်တာမီလန်ကို အဝေးကွင်း၊ ကိုင်ရတ် အဲလ်မာတီကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်