လေဗာကူဆင် – အာဆင်နယ်
၂၁ ရာစုရဲ့ ရှုံးပွဲ မရှိ စံချိန်ရှင် (Invincibles) နှစ်သင်း ဖြစ်တဲ့ လေဗာကူဆင်နဲ့ အာဆင်နယ်တို့ဟာ ၂၀၂၅-၂၆ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်း အဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေကြပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ညမှာ ကစားမယ့် ပထမအကျော့ ပွဲစဉ် အဖြစ် အာဆင်နယ်က လေဗာကူဆင်ရဲ့ အိမ်ကွင်း BayArena ကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
၂၀၂၃-၂၄ ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင်ဟာ ပလေးအော့ဖ် အဆင့်မှာ အိုလံပီယာကော့စ်ကို ကျော်ဖြတ်ပြီး ဒီအဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပြီး၊ အာဆင်နယ် ကတော့ အုပ်စု အဆင့်မှာ အပြစ်ပြောစရာ မရှိအောင် ခြေစွမ်းပြခဲ့တဲ့ အသင်း ဖြစ်ပါတယ်။
အာဆင်နယ်
ဥရောပ ပြိုင်ပွဲတွေမှာ ၁၉၉၄ ခုနှစ်က ရရှိခဲ့တဲ့ UEFA Cup Winners’ Cup တစ်လုံးက လွဲရင် ကျန်တဲ့ ပြိုင်ပွဲတိုင်းမှာ “ ဗိုလ်လုပွဲ ရောက်ပေမယ့် ဖလားနဲ့ လွဲခဲ့ရသူ အဖြစ်သာ ရှိခဲ့တဲ့ အာဆင်နယ်က အုပ်စု အဆင့် ၈ ပွဲလုံး အနိုင်ရရှိခဲ့ပြီး သူတို့ရဲ့ အရှိန်အဝါကို ထုတ်ဖော် ပြသနိုင်ခဲ့ပါတယ်။ နည်းပြ မီခဲယ် အာတေးတားဟာ အက်တလက်တီကိုမက်ဒရစ်၊ သူတို့ရဲ့ ရန်သူဟောင်း ဘေယန်မြူးနစ်နဲ့ ပြီးခဲ့တဲ့ ရာသီက ဒုတိယ ရရှိခဲ့တဲ့ အင်တာမီလန် တို့လို အသင်းကြီးတွေကို အနိုင်ယူပြီး အုပ်စု ပထမနေရာကို သက်သောင့်သက်သာ ရယူနိုင်ခဲ့တာပါ။ အာဆင်နယ်ဟာ အုပ်စု အဆင့် ၃၆ သင်းထဲမှာ သွင်းဂိုး အများဆုံး (၂၃ ဂိုး) နဲ့ ပေးဂိုး အနည်းဆုံး (၄ ဂိုး) အသင်း အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် ရှုံးထွက်အဆင့် မဲခွဲမှု ကလည်း အာဆင်နယ်ကို ကံကောင်းစေခဲ့ပြီး ဗိုလ်လုပွဲ မတိုင်ခင် အထိ ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ်၊ ပီအက်စ်ဂျီ၊ ဘေယန်မြူးနစ် ဒါမှမဟုတ် မန်စီးတီး တို့နဲ့ တွေ့ဆုံဖို့ မရှိပါဘူး။ ဒါကြောင့် ၂၀၂၆ ခုနှစ်ဟာ အာဆင်နယ်တို့ ချန်ပီယံလိဂ် ဖလားကို ကိုင်မြှောက်နိုင်မယ့် နှစ် ဖြစ်လာလိမ့်မယ်လို့ အများစုက မျှော်လင့်နေကြပါတယ်။
အာဆင်နယ်ဟာ သမိုင်းတစ်လျှောက် တစ်ခါမှ မရှိခဲ့ဖူးသေးတဲ့ ဆုဖလား ၄ လုံး (Quadruple) ကို ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ သူတို့ရဲ့ “ Dark Arts” လို့ ခေါ်တဲ့ နည်းပရိယာယ်သုံး ကစားပုံတွေ၊ အချိန်ဆွဲတာတွေနဲ့ Set-piece (ပြစ်ဒဏ်ဘော) တွေကိုသာ အလွန်အကျွံ အားကိုးနေရတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့် နိုင်ပွဲတွေ ဆက်တိုက် ရနေသရွေ့တော့ ဒါတွေက ဂရုစိုက်စရာကို မလိုတာပါ။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ မန်းစ်ဖီးလ်ဒ်တောင်းကို အရန်လူစာရင်းနဲ့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အဝေးကွင်း ခြေစွမ်း ကလည်း တည်ငြိမ်နေတယ်လို့ သတ်မှတ်နိုင်ပါတယ်။
လေဗာကူဆင်
အာစင်ဝင်းဂါးရဲ့ အာဆင်နယ် ပြီးနောက် အနှစ် ၂၀ အကြာမှာ ရှုံးပွဲ မရှိစံချိန်နဲ့ လိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့ လေဗာကူဆင်ဟာ နည်းပြ ဇာဘီ အလွန်ဆိုနဲ့ ကြယ်ပွင့် ကစားသမား ဖလော်ရီယန် ဗစ်ဇ်တို့ မရှိတော့တဲ့ နောက်မှာ ခြေစွမ်း အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ နည်းပြ အဲရစ်ခ် တန်ဟတ်ဂ်ရဲ့ လက်ထက်က ဆိုးရွားတဲ့ အခြေအနေတွေကို မေ့ထားလိုက်ရင်၊ လက်ရှိ နည်းပြ ကက်စပါ ဟူးမန်းဟာ လေဗာကူဆင်ကို ၁၆ သင်း အဆင့်ဆီ နှစ်နှစ်ဆက်တိုက် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ လေဗာကူဆင်ဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အဆင့် ၁၆ နဲ့သာ အဆုံးသတ်နိုင်ခဲ့ပေမယ့် အိုလံပီယာကော့စ်ကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။
ဒါပေမယ့် လေဗာကူဆင်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး ခြေစွမ်း မတည်ငြိမ် ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ အိမ်ကွင်း BayArena မှာတော့ နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိထားဘဲ အဲဒီပွဲစဉ်တွေ အတွင်း ၁ ဂိုးသာ ပေးထားရတဲ့ အထိ သူတို့ရဲ့ ခံစစ်က မာကျော ကျစ်လျစ်နေတာ ကိုတော့ သတိပြုရပါမယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ လေဗာကူဆင် ဘက်က ပက်ထရစ် ရှစ်ခ်၊ ဖလက်ကန်၊ ဘာဒီ၊ ဗက်ဇ်ကွက်ဇ်၊ အာသာ၊ ဘန်ဆက်ဂ်ဟီယာ၊ တယ်လာတို့ လွဲချော်မှာ ဖြစ်ပါတယ်။ အာဆင်နယ် ဘက်မှာတော့ ဘန်ဝှိုက်၊ မာတင် အိုဒီဂတ်၊ လီအန်ဒရို ထရော့ဆက်ဒ်၊ ကာလာဖီအိုရီ၊ မာရင်နို တို့ လွဲချော်ဖို့ များနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
လေဗာကူဆင် – ဘလက်စ်ဝစ်ချ်၊ အန်းဒရစ်ချ်၊ ကွမ်ဆာ၊ တပ်ဆိုဘာ၊ ပိုကူ၊ ဂါစီယာ၊ ဖာနန်ဒက်ဇ်၊ ဂရီမဲလ်ဒို၊ မာဇာ၊ တာရီယာ၊ ကိုဖိန်း
အာဆင်နယ် – ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဟင်ကပ်ပီယေ၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ ဆာကာ၊ အက်ဇေး၊ မာတင်နယ်လီ၊ ယောကရက်စ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
၂၀၀၂ ခုနှစ်က အာစင်ဝင်းဂါးရဲ့ အာဆင်နယ်ကို လေဗာကူဆင်က ဂျာမနီမြေမှာ ၁-၁ ဂိုးနဲ့ သရေ ကစားနိုင်ခဲ့ဖူးပါတယ်။ နောက်ပိုင်း တွေ့ဆုံမှုတွေ မှာတော့ အာဆင်နယ်က နှစ်ကျော့စလုံး ၄-၁ ရလဒ်နဲ့ အနိုင်ရရှိထားပြီး နောက်ဆုံးအကြိမ် ကတော့ ၂၀၂၄ ခုနှစ် ရာသီကြို ခြေစမ်းပွဲမှာ ဖြစ်ပါတယ်။ အဲဒီ ပွဲမှာလည်း အာဆင်နယ်က ၄-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ လေဗာကူဆင် နိုင်ရင် ၅.၂၀ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၅၄ ဆ၊ သရေ ဆိုရင်တော့ ၃.၈၁ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် အာဆင်နယ် ဘက်ကပဲ ကြေးနည်းနည်း ပြင်းပြင်း ဖွင့်လှစ်ထားပြီး ဂိုးပေါင်းကြေး ကလည်း ၂ လုံးက စဖွင့်ပါတယ်။ ချဲလ်ဆီး၊ ဘရိုက်တန်နဲ့ မန်းစ်ဖီးလ်တောင်း တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အာဆင်နယ်ရဲ့ ပုံစံဟာ ပုံမှန်အတိုင်းပါပဲ။ ကြည့်ရတာ ပျင်းစရာကောင်းပြီး အားမရစရာ ခြေစွမ်းမျိုး ဖြစ်နေခဲ့ပေမယ့် နောက်ဆုံး မှာတော့ အရေးကြီးတဲ့ နိုင်ပွဲကို အရယူသွားနိုင်ခဲ့တာပါ။ လေဗာကူဆင်ရဲ့ အိမ်ကွင်းမှာ ခံစစ်မာကျောမှုဟာ သူတို့ရဲ့ ပရိသတ်တွေ အတွက် အားတက်စရာ ဖြစ်နေပေမယ့် ကစားသမား မစုံလင်တာနဲ့ ခြေစွမ်း တက်လိုက်ကျလိုက် ဖြစ်နေပါတယ်။ အာဆင်နယ် အနေနဲ့ အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားရနိုင်ပေမယ့် အနိုင်ရလဒ်နဲ့တော့ အိမ်ပြန်နိုင်မယ်လို့ ယုံကြည်ရပါတယ်။
ခန့်မှန်းရလဒ်
လေဗာကူဆင် ၀-၁ အာဆင်နယ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


