အာဆင်နယ် ကတော့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် လိဂ်အဆင့် အုပ်စု နောက်ဆုံးပွဲမှာ ကိုင်ရတ် အဲလ်မာတီကို ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဆုံးအကြိမ် အာဆင်နယ် အတွက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ကိုင် ဟာဗက်ဇ်ဟာ သွင်းဂိုး ၃ ဂိုးစလုံးမှာ ပါဝင် ပတ်သက်ခဲ့ပြီး ဂန်းနားတွေကို ချန်ပီယံလိဂ် လိဂ်အဆင့် ရာနှုန်းပြည့် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည်ကြာ အနားယူခဲ့ရတဲ့ ကိုင်ဟာဗက်ဇ်ဟာ တစ်နှစ်နီးပါး အကြာမှ ပထမဆုံးအကြိမ် ပွဲထွက်လာပြီး အကောင်းဆုံး ခြေစွမ်းပြခဲ့တာပါ။ အာဆင်နယ်ဟာ ဒီပွဲကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စု အဆင့် ၈ ပွဲ ကစား၊ ၈ ပွဲ စလုံး အနိုင်ရတဲ့ စံချိန်ကောင်းနဲ့ အတူ ဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
အာဆင်နယ် အတွက် ဂိုးတွေ ကိုတော့ ပွဲစပြီး ၃၆ မိနစ် အတွင်း မှာတင် ဗစ်တာ ယောကရက်စ်၊ ကိုင် ဟာဗက်ဇ်နဲ့ ဂါဘရီရယ် မာတင်နယ်လီ တို့က သွင်းယူပေးခဲ့တာပါ။ နည်းပြ မီခဲလ် အာတေးတားဟာ နောက်တစ်ဆင့် တက်ဖို့ သေချာနေပြီ ဖြစ်သလို ကိုင်ရတ် အဲလ်မာတီလို အသင်းငယ် တစ်သင်းနဲ့ ကစားရတာ ဖြစ်တဲ့ အတွက် မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲက လူစာရင်းကို ၁၁ ယောက်စလုံး အပြောင်းအလဲ လုပ်ပြီး ပွဲထုတ်ခဲ့ပါတယ်။
ပွဲစဉ်အခြေအနေ

ပွဲချိန် ၂ မိနစ်မှာ ကိုင် ဟာဗက်ဇ်ရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ဗစ်တာ ယောကရက်စ်က ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၇ မိနစ် မှာတော့ ဧည့်သည် ကိုင်ရတ်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ အာဆင်နယ် နောက်ခံလူ ရီကာဒို ကာလဖီအိုရီ ပြစ်ဒဏ်ကျူးလွန်ရာ ကနေ ဂျော်ဂျင်ညိုက ပင်နယ်တီ ကန်သွင်းခဲ့တာပါ။ ပွဲချိန် ၁၅ မိနစ် မှာတော့ ကိုင် ဟာဗက်ဇ်က ညာခြမ်းကနေ ဧရိယာထဲ ဆွဲဝင်ပြီး ဘယ်ခြေနဲ့ ကန်သွင်းကာ အာဆင်နယ်အတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၃၆ မိနစ် အရောက် ကိုင် ဟာဗက်ဇ်ရဲ့ ဖြတ်တင်ဘောက တစ်ဆင့် မာတင်နယ်လီက အပိုင် ပိတ်သွင်းပြီး တတိယဂိုး သွင်းယူခဲ့လို့ ပထမပိုင်း အပြီး မှာတင်ပဲ ၃-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဟာဗက်ဇ်နဲ့ ကာလာဖီအိုရီ တို့ကို အနားပေးခဲ့ပြီး ပွဲပြီးခါနီး အချိန်ပိုမှာ ကိုင်ရတ် အတွက် ဒုတိယ ချေပဂိုးကို ရီကာဒင်ညိုက ခေါင်းတိုက်ကာ သွင်းယူပေးခဲ့လို့ ၃-၂ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲပြီးအချက်အလက်များ
အာဆင်နယ်ဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အုပ်စုအဆင့် (လိဂ်အဆင့်) မှာ ရမှတ် အပြည့်နဲ့ နိုင်ပွဲ အားလုံးရတဲ့ ပထမဦးဆုံး အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယောကရက်စ်ရဲ့ ၁ မိနစ် ၄၂ စက္ကန့် သွင်းဂိုးဟာ ၂၀၁၄ ခုနှစ်က ဆာနိုဂို သွင်းယူခဲ့တဲ့ ဂိုးပြီးရင် အာဆင်နယ် အတွက် အစောဆုံး သွင်းဂိုး ဖြစ်လာပါတယ်။
ဂါဘရီရယ် မာတင်နယ်လီ ကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ၆ ဂိုး သွင်းထားပြီး အာဆင်နယ် ဂန္ထဝင် သီဟာရီ အွန်နရီ (တစ်ရာသီ ၇ ဂိုး) ရဲ့ စံချိန်ကို လိုက်မီဖို့ ၁ ဂိုးသာ လိုပါတော့တယ်။
ကိုင်ဟာဗက်ဇ် ကတော့ ပွဲကစားချိန် တစ်ဝက်ပဲ ကစားခဲ့ပေမယ့် အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ မှာ အာဆင်နယ်ကို ရောက်လာကတည်းက ၈ ပွဲမြောက် အဖြစ် သွင်းဂိုးရော၊ ဂိုးဖန်တီးမှုပါ တစ်ပွဲတည်းမှာ လုပ်ဆောင်နိုင်ခဲ့တာပါ။ (ဆာကာက ၉ ပွဲနဲ့ အများဆုံး ဖြစ်ပါတယ်။)
ရှုံးထွက်အဆင့် ဖြစ်နိုင်ခြေ ရှိတဲ့ တွေ့ဆုံမှုများ
ဒီလိုမျိုး အကောင်းဆုံး ရလဒ်တွေနဲ့ နောက်တဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ခဲ့တဲ့ အာဆင်နယ်က ၁၆ သင်း အဆင့် မှာတော့ အတ္တလန္တာ၊ လေဗာကူဆင်၊ ဒေါ့မန်၊ အိုလံပီယာကော့စ် တို့ထဲက တသင်းသင်းနဲ့ တွေ့ဆုံရဖို့ များနေပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ဖို့လည်း အခြေအနေကောင်းနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


