နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘင်ဖီကာနဲ့ပွဲ ရလဒ်မကောင်းရင် ရာထူး ကနေ ထုတ်ပယ်ခံရနိုင်ခြေ ရှိနေတဲ့ အာဘီလိုအာ | ချန်ပီယံလိဂ်

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ပလေးအော့ဖ်မှာ ဘင်ဖီကာကို ကျော်ဖြတ်နိုင်ခြင်း မရှိရင် နည်းပြ အဲလ်ဗာရို အာဘီလိုအာကို ရာထူး ကနေ ထုတ်ပယ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အိုဆာဆူနာကို ၂-၁နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာကြောင့် အာဘီလိုအာ လက်အောက်မှာ ရရှိထားတဲ့ အရှိန်အဟုန် ရပ်တန့်ခဲ့ရပါတယ်။ ချန်ပီယံလိဂ် ၁၅ ကြိမ် ဆွတ်ခူးထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ အိုဆာဆူနာရဲ့ ခံစစ်အနိမ့်ပိုင်းကို ထိုးဖောက်နိုင်စွမ်း မရှိပဲ တိုက်စစ်ပိုင်းမှာ အသက်မဲ့နေခဲ့ပါတယ်။

SPORT ရဲ့ ဖော်ပြချက်အရ လက်ရှိ မက်ဒရစ် မြို့တော်မှာ စိုးရိမ်သံတွေ ဆူညံလာခဲ့ပြီး အာဘီလိုအာရဲ့ အနာဂတ်ဟာ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ဟိုဆေး မော်ရင်ညိုရဲ့ ဘင်ဖီကာနဲ့ ပွဲရလဒ် အပေါ် မူတည်နေကြောင်း သိရသည်။ အကယ်၍ ဘင်ဖီကာကို ရှုံးနိမ့်ခဲ့ပါက အာဘီလိုအာရဲ့ နိဂုံး ဖြစ်လာနိုင်သလို ရီးရဲလ်မက်ဒရစ် အတွက်လည်း မကြုံစဖူး အကြပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ကလပ် ဘက်က အာဘီလိုအာကို ရာထူး ကနေ ထုတ်ပယ်ဖို့ လမ်းစဖွင့်ထားပေမယ့်လည်း အစားထိုးဖို့ သင့်တော်တဲ့ နည်းပြ မရှိသေးတာကြောင့် စောစောစီးစီး ဆုံးဖြတ်ချက်ချဖို့ မရှိသေးကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စပိန် စူပါဖလား တို့ကို ရယူနိုင်ခဲ့ပေမယ့်လည်း ၂၀၂၄-၂၅ ရာသီ မှာတော့ ဆုဖလား လက်မဲ့ ရာသီ အဖြစ် အဆုံးသတ်ခဲ့ရပါတယ်။ ဒါ့အပြင် အန်ဆယ်လော့တီရဲ့ ကျရှုံးမှုတွေကို ခံစစ်ဒဏ်ရာ ပြဿနာတွေကြောင့်လို့ ယူဆခဲ့ကြပါတယ်။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ် အတွက် လာလီဂါနဲ့ ချန်ပီယံလိဂ်သာ ကျန်ရှိပါတော့တယ်။
ဒီရာသီမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိ ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်

ဒါပေမယ့်လည်း ဒီရာသီမှာတော့ ထရန့် အလက်ဇန္တား အာနိုးလ် အပါအဝင် ခံစစ်ကစားသမားသစ် ၃ ဦး အထိ ခေါ်ယူထားပေမယ့်လည်း ထပ်ပြီး ဆုဖလား လက်မဲ့ ဖြစ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ ဇာဗီ အလွန်ဆို ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရသလို၊ ကိုပါဒယ်ရေး ပြိုင်ပွဲမှာလည်း ၁၆ သင်း အဆင့် ကနေ ထွက်ခဲ့ရပြီး ဖြစ်ပါတယ်။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ် အတွက် လာလီဂါနဲ့ ချန်ပီယံလိဂ်သာ ကျန်ရှိပါတော့တယ်။ ဘင်ဖီကာကို ရှုံးနိမ့်ခဲ့ရင်တော့ ၎င်းတို့ အနှစ်သက်ဆုံး ပြိုင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ် ကနေ စောစောစီးစီး နှုတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။

အာဘီလိုအာဟာ အလွန်ဆိုရဲ့ နေရာမှာ အစားထိုးဖို့ အကောင်းဆုံး နည်းပြ ဖြစ်မနေခဲ့ပါဘူး။ သူ့ရဲ့ လက်ထက်မှာ ဒုတိယတန်း ကလပ် အဲလ်ဘာစီတေးကို ရှုံးကာ ကိုပါဒယ်ရေးမှ ထွက်ခဲ့ရသလို၊ လာလီဂါ ဇယား ထိပ်ဆုံး နေရာ ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အပြုသဘောဆောင်တဲ့ အချက်က တိုက်စစ်မှူး ဗင်နီးစီးယပ်စ် ဂျူနီယာကို ပြန်လည် ခြေစွမ်းပြနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၆ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေတဲ့ ဗင်နီးစီးယပ်စ်က အာဘီလိုအာ လက်ထက် နောက်ဆုံး ၄ ပွဲမှာ ၅ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဖန်တီးရှင် လိုအပ်နေတဲ့ ပြဿနာမှာ နည်းပြသစ်ရဲ့ အမှား မဟုတ်ပဲ ရေရှည် အားနည်းချက်သာ ဖြစ်သည်။ ဒါပေမယ့်လည်း ဘာနေဗျူးမှာ နည်းပြ တစ်ဦးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရာမှာ “ တရားမျှတမှု” ထက် “ ရလဒ်” ကသာ အမြဲတမ်း စကားပြောလေ့ ရှိတာ ကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်