ပီအက်စ်ဂျီ – အက်စတွန်ဗီလာ
ဥရောပ ချန်ပီယံ ပီအက်စ်ဂျီ ကတော့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယူရိုပါလိဂ် ချန်ပီယံ အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင် ကစားပြီး နှစ်နှစ်ဆက်တိုက် ယူအီးအက်ဖ်အေ စူပါဖလားကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းသွားတော့မှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ နှစ်နှစ်ဆက်တိုက် အင်္ဂလန် ကလပ် အသင်းနဲ့ ရင်ဆိုင်ရတာ ဖြစ်ပြီး ဥရောပ ပြိုင်ပွဲ အတွေ့အကြုံ မြင့်မားတဲ့ နည်းပြ အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာကို အသာစီးရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ
ပီအက်စ်ဂျီ ကတော့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ် ရရှိခဲ့တဲ့ နှစ်နှစ်ဆက်တိုက် ယူအီးအက်ဖ်အေ စူပါဖလား ချန်ပီယံ အောင်မြင်မှုကို ပုံတူကူးနိုင်ဖို့ မျှော်လင့်နေမှာ သေချာပါတယ်။ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့နှစ် အူဒင်းန်မြို့မှာ ကျင်းပခဲ့တဲ့ ယူအီးအက်ဖ်အေ စူပါဖလား ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးကို အနိုင်ရပြီး ဖလား ရယူထားခဲ့တာပါ။ အဲဒီအချိန်က ပီအက်စ်ဂျီဟာ အရေးနိမ့်ခါနီး အခြေအနေ ကနေ ပြန်လည် ရုန်းထွက်ကာ ပင်နယ်တီ အဆုံးအဖြတ်မှာ စပါးကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီကုန်မှာ ချန်ပီယံလိဂ် ဖလားကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ ထပ်မံ ရင်ဆိုင်ရပြန်တာပါ။ စပါးရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်နဲ့ ၁-၁ ဂိုးစီ သရေကျခဲ့ အပြီး ပင်နယ်တီမှာ အနိုင်ရရှိခဲ့တာကြောင့် နည်းပြ လူးဝစ် အန်နီကေး အနေနဲ့ ပီအက်စ်ဂျီဆီ ရောက်ရှိလာပြီး နောက်ပိုင်း ၁၂ လုံးမြောက် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်မှု များစွာ ဆွတ်ခူးထားတဲ့ နည်းပြကြီးဟာ ဩဂုတ် ၂၃ ရက်မှာ ရန်းစ်နဲ့ လီဂူးဝမ်း ချန်ပီယံဆု ကာကွယ်ပွဲ မစမီ သူတို့ရဲ့ ၁၃ လုံးမြောက် ဆုဖလားကို ချိန်ရွယ်နေပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ကစားသမား အများအပြား မပါဝင်နိုင်သေးတဲ့ ပြင်သစ် ချန်ပီယံ အသင်းဟာ ရာသီကြို ပထမဆုံး ခြေစမ်းပွဲမှာ မာယော့ကာကို ၃-ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ အရှိန် မရသေးပေမယ့်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ပထမဆုံးအကြိမ် ပဲရစ် အက်ဖ်စီကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ၂၈ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့ပွဲမှာလည်း ဦးဆောင် ကစားသွားနိုင်ခြေ ရှိပါတယ်။
အက်စတွန်ဗီလာ
အက်စတွန်ဗီလာနဲ့ ယခင် တွေ့ဆုံခဲ့ဖူးတဲ့ မှတ်တမ်းတွေအရဆိုရင်တော့ ဂိုးများစွာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးစဉ် ကွာတားဖိုင်နယ်မှာ ဗီလာကို နှစ်ကျော့ပေါင်း ၅-၄ ဂိုးနဲ့ အကြိတ်အနယ် ကစားပြီး အနိုင်ရရှိခဲ့ဖူးပါတယ်။ အဲဒီအချိန်က ဗီလာတို့ ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီ မှာတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဖရိုင်းဘတ်ကို ဂိုးပြတ် အနိုင်ရရှိကာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အနှစ် ၃၀ အတွင်း အဓိက ဆုဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်အောင် ကူညီပေးခဲ့တဲ့ သူရဲကောင်း နှစ်ဦး ဖြစ်တဲ့ အင်္ဂလန် တိုက်စစ်မှူး မော်ဂန် ရော်ဂျာစ်နဲ့ ဘယ်လ်ဂျီယံ အသင်း ခေါင်းဆောင် ယူရီ တေးလီမန့်စ် တို့ဟာ အသင်း ကနေ ထွက်ခွာသွားခဲ့ကြပါပြီ။ ဗီလာဟာ သူတို့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အလက်ဟန်ဒရို ဂါနာချို၊ ယာအို ဂိုးမက်စ်နဲ့ ဆွစ်ဇာလန် ကြယ်ပွင့် ဂျိုဟန် မန်ဇမ်ဘီ တို့ကို အလျင်အမြန် ခေါ်ယူခဲ့ပါတယ်။
နည်းပြ အမ်မာရီရဲ့ အသင်းဟာ ရာသီကြို ခြေစမ်းပွဲ ၆ ပွဲ ကစားခဲ့ရာမှာ ၃ ပွဲနိုင်၊ ၃ ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့က ဘေယန်မြူးနစ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ ပွဲစဉ်ဟာ သူတို့ အတွက် အရေးပါတဲ့ ပထမဆုံး ရာသီအဖွင့် ဖြစ်လာမှာ ဖြစ်ပြီး ဩဂုတ် ၂၃ ရက် မှာတော့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ကစားရမှာပါ။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
ပီအက်စ်ဂျီ – ဆာဖိုနော့ဗ်၊ ဟာကီမီ၊ မာကွင်ညော့စ်၊ ပါချို၊ မန်းဒက်စ်၊ ဇိုင်း-အမ်မရီ၊ ဗစ်တင်ညာ၊ နီးဗက်စ်၊ အမ်ဘာရီ၊ ဒမ်ဘီလီ
အက်စတွန်ဗီလာ – ဘီဇော့တ်၊ ကတ်ရှ်၊ လင်ဒီလော့ဖ်၊ ပါအူ၊ မတ်ဆန်၊ ဂိုးမက်စ်၊ ကာမာရာ၊ ဟမ်းမင်း၊ ဘူအန်ဒီယာ၊ ဂါနာချို၊ ဝက်ကင်စ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နည်းပြ အမ်မရီဟာ ယူရိုပါလိဂ် စပယ်ရှယ်လစ် နည်းပြကြီး ဖြစ်ပေမယ့်လည်း ယခင် ယူအီးအက်ဖ်အေ စူပါဖလား ကစားခဲ့တဲ့ ၃ ကြိမ်စလုံးမှာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ အထူးသဖြင့် ဆီဗီလာကို ကိုင်တွယ်စဉ်က လူးဝစ် အန်နီကေးရဲ့ ဘာစီလိုနာကို ၅-၄ နဲ့ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ တစ်ဖက် မှာတော့ အက်စတွန်ဗီလာဟာ ၁၉၈၂ ခုနှစ် ဥရောပ ဖလား ပြိုင်ပွဲမှာ ဘေယန်ကို အနိုင်ရပြီး လအနည်းငယ် အကြာ စူပါဖလား ပြိုင်ပွဲမှာ ဘာစီလိုနာကို နှစ်ကျော့ပေါင်း ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ဖူးတာကြောင့် စူပါဖလားမှာ ရာနှုန်းပြည့် အနိုင်ရရှိထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ပီအက်စ်ဂျီ နိုင်ရင် ၁.၇၇ ဆ၊ အက်စတွန်ဗီလာ နိုင်ရင် ၄.၁၁ ဆ၊ သရေ ဆိုရင်တော့ ၃.၄၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ပီအက်စ်ဂျီ ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ ပီအက်စ်ဂျီရဲ့ စုဖွဲ့မှုကို အက်စတွန်ဗီလာတို့ ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ လက်ရှိ ခြေစွမ်းပိုင်းအရ ပီအက်စ်ဂျီက ခြေစမ်းပွဲတွေမှာ ရလဒ်မကောင်းထားသလို ဗီလာလည်း အတူတူပါပဲ။ နည်းပြ နှစ်ဦးရဲ့ နည်းစနစ်ပိုင်း အားပြိုင်ရမယ့် ပွဲဖြစ်ပြီး ကျွန်တော် ကတော့ အဓိက ပြိုင်ပွဲကြီးတွေမှာ ပိုတည်ငြိမ်တဲ့ ပီအက်စ်ဂျီ ကိုပဲ ယုံကြည်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
ပီအက်စ်ဂျီ ၂-၀ အက်စတွန်ဗီလာ
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


