လစ်ဗာပူးလ် – တော့တင်ဟမ်ဟော့စပါး
ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ အဖြစ် လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ အန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ စပါးရဲ့ အိမ်ကွင်းမှာ လစ်ဗာပူးလ်တို့ ၀-၁ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့ပေမယ့် အိမ်ကွင်း အားသာချက် အပြည့်အဝ ရှိနေလို့ အကောင်းဆုံး ပြန်လာနိုင်ခြင်းနဲ့ အတူ ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အာနေး ဆလောတ့်ရဲ့ လစ်ဗာပူးလ် ကတော့ ပထမအကျော့တုန်းက စပါးကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဘာ့ဂျ်ဗဲလ်ရဲ့ နောက်ကျဂိုးကြောင့် အရှုံးပေးခဲ့ရပြီး ဒုတိယအကျော့ အိမ်ကွင်းမှာလည်း အဘက်ဘက်က အသာစီးရယူပြီး ကစားဖို့ အားစိုက်လာပါလိမ့်မယ်။ သွင်းဂိုး လိုအပ်တာကြောင့် သူတို့ရဲ့ ထက်မြတ်တဲ့ တိုက်စစ်ကို အကောင်းဆုံး ပုံဖော် ကစားနိုင်ဖို့ ပြင်ဆင်လာမှာ သေချာပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ အပြစ်ပြောစရာ သိပ်မရှိတဲ့ လစ်ဗာပူးလ်က ပြီးခဲ့တဲ့ ပွဲမှာလည်း ခြေစွာနေတဲ့ ဘုန်းမောက်ကို အဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ လစ်ဗာပူးလ်ရဲ့ အားသာချက်က အခွင့်အရေးတွေကို အသုံးချနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီရာသီမှ စတင် ကိုင်တွယ်ခဲ့တဲ့ နည်းပြသစ် အာနေး ဆလော့တ် အတွက်လည်း ခရာဘောင်ဖလားက အနီးစပ်ဆုံး ဆုဖလား အောင်မြင်မှု ဖြစ်နေလို့ အမှားမခံစတမ်း ကစားပါလိမ့်မယ်။
အန်ဂျီ ပိုစတီကိုဂလူးရဲ့ အသင်း ကတော့ ဒဏ်ရာရ ကစားသမား များပြားနေခြင်းနဲ့ အတူ ရလဒ်ပိုင်းက မတည်ငြိမ်ပါဘူး။ ပထမအကျော့မှာ စပါးတို့ နိုင်ခဲ့တယ် ဆိုပေမယ့် ကံတရားရဲ့ ဖေးမမှုတွေကြောင့်လည်း ပါပါတယ်။ စပါးက ပရီးမီးယားလိဂ်မှာ အခြေအနေမကောင်းပေမယ့် ခရာဘောင်ဖလားနဲ့ ယူရိုပါလိဂ် တို့လို ရှုံးထွက် ပြိုင်ပွဲတွေ မှာတော့ ခြေစွမ်းကောင်းတွေ ပြသနေတာပါ။ သေချာတာက စပါးဟာ ပထမအကျော့ နိုင်ထားပေမယ့် အခု ဒုတိယအကျော့မှာလည်း ခံစစ်တော့ ပိတ်ကစားမယ် မထင်ပါဘူး။ တိုက်စစ် ကစားရတာ ကြိုက်တဲ့ ပိုစတီကိုဂလူးရဲ့ ဗျူဟာက လစ်ဗာပူးလ်ရဲ့ High Pressing ကို အမှားအယွင်း မရှိ ထိန်းချုပ်ပြီး လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေနဲ့ တုန့်ပြန်သွားဖို့ များပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ လစ်ဗာပူးလ် ဘက်က ဂျိုး ဂိုးမက်ဇ်နဲ့ အာနိုးလ်တို့ နှစ်ဦး လွဲချော်ဖို့ ရှိနေပြီးတော့ စပါး ဘက်ကတော့ အဓိက ကစားသမား အများစု လွဲချော်ဦးမှာပါ။ စပါးရဲ့ ဒဏ်ရာရကစားသမား စာရင်း မှာတော့ ဘရန်နန် ဂျွန်ဆင်၊ ရိုမဲယို၊ အူဒိုဂီ၊ ဆိုလန်ကီ၊ မက်ဒီဆင်၊ ဒရာဂူဆင်၊ ဗာနာ၊ အိုဒိုဘတ် တို့ ပါဝင်နေပါတယ်။ စပါး အနေနဲ့ အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေ ကိုတော့ အရန် လူစာရင်းမှာပဲ ထည့်သွင်းလာမယ့်ပုံပါပဲ။
ဖြစ်နိုင်ဖွယ် လူစာရင်း
လစ်ဗာပူးလ် – အလီဆွန်၊ ဘရက်ဒ်လီ၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ မာ့ခ် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်၊ ဆိုဘို့ဇ်လိုင်း၊ ဆာလာ၊ ဒီးယက်ဇ်၊ ဂက်ခ်ပို
တော့တင်ဟမ်ဟော့စပါး – ကင်စကီး၊ ပေါ်ရို၊ ဗန်ဒီဗန်၊ ဒေးဗီးစ်၊ ဂရေး၊ ဘက်ဂျ်ဗဲလ်၊ ဘစ်ဆူးမား၊ ဘန်တန်ကာ၊ ကူလူဆက်ဗ်စကီး၊ ရစ်ချာလီဆင်၊ ဆွန်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၃၃ ကြိမ် တွေ့ဆုံထားရာမှာ လစ်ဗာပူးလ်က ၁၈ ကြိမ် နိုင်ပြီး စပါးက ၇ ကြိမ် နိုင်ကာ ၈ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ လစ်ဗာပူးလ်နဲ့ စပါးဟာ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၆ ကြိမ် မှာတော့ သရေရလဒ် ထွက်ပေါ်ခဲ့ခြင်း မရှိပါဘူး။ ဒီပြိုင်ပွဲ မှာတော့ ၂ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ၁ ကြိမ်စီ အနိုင်ရထားကြပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ လစ်ဗာပူးလ်က ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး စပါးက ၃ ပွဲနိုင်ပြီး ၂ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် နိုင်ရင် ၁.၂၀ ဆ ရမှာ ဖြစ်ပြီး တော့တင်ဟမ်ဟော့စပါး နိုင်ရင်တော့ ၈.၂၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၆.၀၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ လစ်ဗာပူးလ်က ၂ လုံး သရေကြေး ဖွင့်ထားပြီး ဂိုးပေါင်းကြေး ကလည်း ပြင်းပါတယ်။ ဘွတ်ကီတွေ အနေနဲ့ လစ်ဗာပူးလ် သေချာပေါက် ဂိုးပြတ် အနိုင်လို့ တွက်ဆထားပုံပါပဲ။ စပါးရဲ့ လက်ရှိ ခံစစ် ကစားပုံ အရလည်း ဒီလို ရလဒ်က ဖြစ်နိုင်ပေမယ့် လစ်ဗာပူးလ် အတွက် လွယ်ကူတဲ့ နိုင်ပွဲ ဖြစ်နိုင်မယ်တော့ မထင်ပါဘူး။ လစ်ဗာပူးလ်နဲ့ ဂိုးပေါင်း အောက်ကို ရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
လစ်ဗာပူးလ် ၂-၁ တော့တင်ဟမ်ဟော့စပါး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.