နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကင်မစ်ချ်ကိုစာချုပ်သက်တမ်းတိုးတော့မှာမဟုတ်တဲ့ ဘေယန်မြူးနစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါကလပ်ဘေယန်မြူးနစ်ကတော့အသင်းရဲ့ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဂျော်ရွှာကင်မစ်ချ်ကိုစာချုပ်သက်တမ်းတိုးဖို့အချိန်အတန်ကြာကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်းလက်ရှိမှာတော့ဘေယန်မြူးနစ်ကအဆိုပါကစားသမားအတွက်ကမ်းလှမ်းမှုကိုအဆုံးသတ်လိုက်ပြီဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဘေယန်မြူးနစ်ဟာလာမယ့်နွေရာသီမှာစာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်အသက်၃၀အရွယ်ဂျော်ရွှာကင်မစ်ချ်စာချုပ်သက်တမ်းတိုးဖို့နည်းမျိုးစုံနဲ့ကြိုးပမ်းခဲ့တာပါ။ဒါပေမယ့်လည်းဆွေးနွေးညှိနှိုင်းမှုတွေအဆင်မပြေခဲ့တာကြောင့်ဘုတ်အဖွဲ့ဝင်တွေအစည်းအဝေးပြုလုပ်ပြီးကင်မစ်ချ်ကိုသက်တမ်းမတိုးတော့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ဒါကြောင့်ကင်မစ်ချ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းတွေအနေနဲ့အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်တော့မှာလည်းဖြစ်ပါတယ်။

ကင်မစ်ချ်ကိုတော့ပရီးမီးယားလိဂ်ထိပ်သီးမန်ချက်စတာစီးတီး၊လစ်ဗာပူးလ်နဲ့ဘာစီလိုနာတို့ကအပြိုင်အဆိုင်ကမ်းလှမ်းဖို့လည်းရှိနေပြီဖြစ်ပါတယ်။ဂျာမန်လက်ရွေးစင်ကွင်းလယ်လူကင်မစ်ချ်ဟာကွင်းလယ်မှာသာမကညာနောက်ခံလူနေရာမှာပါကစားနိုင်တဲ့Verstileကစားသမားလည်းဖြစ်ပါတယ်။ကင်မစ်ချ်ဟာ၂၀၁၅ခုနှစ်နွေရာသီမှာလိုက်ပ်ဇစ်ကနေဘေယန်မြူးနစ်ကိုယူရို၇သန်းထဲနဲ့ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ကင်မစ်ချ်ဟာဘွန်ဒက်စ်လီဂါထိပ်သီးဘေယန်မြူးနစ်အတွက်၁၀ရာသီအတွင်းပြိုင်ပွဲစုံ၄၃၅ပွဲကစားကာ၄၃ဂိုးသွင်းယူပေးထားပါတယ်။

ဂျာမန်သားကဘေယန်မြူးနစ်နဲ့အတူဘွန်ဒက်စ်လီဂါဖလား၈ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်၊ပိုကယ်ဖလား၃ကြိမ်၊ယူအီးအက်ဖ်အေဖလား၁ကြိမ်၊စူပါဖလား၆ကြိမ်၊ဖီဖာကလပ်ကမ္ဘာ့ဖလား၁ကြိမ်ရရှိထားခဲ့သူလည်းဖြစ်ပါတယ်။
ဘေယန်မြူးနစ်နဲ့ အတူဆုဖလားအောင်မြင်မှုများစွာရခဲ့တဲ့ ကင်မစ်ချ်

အစောပိုင်းသတင်းတွေရဲ့ဖော်ပြချက်အရဆိုရင်တော့ကီလီယန်အမ်ဘာပေး၊အန်တိုနီယိုရူဒီဂါနဲ့ဒေးဗစ်အလာဘာတို့လိုကစားသမားကောင်းတွေကိုအလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ခေါ်ယူထားခဲ့တဲ့ရီးရဲလ်မက်ဒရစ်ကလာမယ့်နွေရာသီမှာဘေယန်မြူးနစ်ကစားသမားတွေဖြစ်တဲ့ဘယ်နောက်ခံလူအဲလ်ဖွန်ဆိုဒေးဗီးစ်အပြင်ဂျော်ရွှာကင်မစ်ချ်ကိုလည်းပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်းအဲလ်ဖွန်ဆိုဒေးဗီးစ်ကတော့ဘွန်ဒက်စ်လီဂါကလပ်နဲ့စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်တာကြောင့်ရီးရဲလ်မက်ဒရစ်အနေနဲ့ကင်မစ်ချ်ကိုသာပိုမိုအားစိုက်ကြိုးပမ်းဖွယ်လည်းရှိနေပါတယ်။

ကင်မစ်ချ်ဘေယန်မြူးနစ်အတွက်ပွဲပေါင်း၄၂၆ပွဲအထိကစားထားပြီး၄၃ဂိုးသွင်းယူထားပါတယ်။ဒီရာသီမှာတော့ကင်မစ်ချ်ကဘွန်ဒက်စ်လီဂါအပါအဝင်ပြိုင်ပွဲစုံ၃၆ပွဲကစားပြီး၁ဂိုးသွင်းကာ၉ဂိုးဖန်တီးထားပါတယ်။ဂျာမန်သားကဘေယန်မြူးနစ်နဲ့အတူဘွန်ဒက်စ်လီဂါဖလား၈ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်၊ပိုကယ်ဖလား၃ကြိမ်၊ယူအီးအက်ဖ်အေဖလား၁ကြိမ်၊စူပါဖလား၆ကြိမ်၊ဖီဖာကလပ်ကမ္ဘာ့ဖလား၁ကြိမ်ရရှိထားခဲ့သူလည်းဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်