နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာရူဟိုကို အန်ဖီးလ်မှာ ပျော်ပျော်ရွှင်ရွှင် ကစားဖို့ တိုက်တွန်းလိုက်တဲ့ လစ်ဗာပူးလ် ဂန္ထဝင် ဆွာရက်ဇ် | ပရီးမီးယားလိဂ်

ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဟိုရဲ့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ဆီ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့မှုဟာ တနင်္လာနေ့က တရားဝင် အတည်ဖြစ်သွားခဲ့ပါပြီ။ ဒီအချိန်မှာ ဥရုဂွေး အသင်းဖော်ဟောင်း လူးဝစ် ဆွာရက်ဇ်က အာရူဟိုကို အန်ဖီးလ်မှာ ဘာတွေ မျှော်လင့်ထားရမလဲ ဆိုတာနဲ့ ပတ်သတ်လို့ ကြိုတင် ပြောပြခဲ့ကြောင်း သိရပါတယ်။

အသက် ၂၇ နှစ် အရွယ် အာရူဟိုဟာ ဘာစီလိုနာမှာ ပွဲထွက်ခွင့် နည်းပါးလာခဲ့ပြီးနောက် ၂၀၂၆-၂၇ ရာသီကို မာဆေးလ်ဆိုက်ဒ်မှာ ကုန်ဆုံးရတော့မှာပါ။ ဒါ့အပြင် ဒဏ်ရာ ပြဿနာတွေ ကြုံတွေ့နေရတဲ့ လစ်ဗာပူးလ်ရဲ့ ခံစစ်ပိုင်း အတွက်လည်း ကြီးမားတဲ့ အားဖြည့်မှု တစ်ခု ဖြစ်လာခဲ့ပါတယ်။ သူဟာ ဗဟို ခံစစ်ရော ညာနောက်ခံလူ နေရာပါ ကစားနိုင်တာကြောင့် ဂျိုး ဂိုမက်ဇ်၊ ဂျီယိုဗန်နီ လီယိုနီ၊ ကော်နာ ဘရက်ဒ်လီနဲ့ ဂျယ်ရီမီ ဂျက်ကတ် တို့ကို လက်လွှတ်ထားရတဲ့ နည်းပြ အန်ဒိုနီ အီရာအိုလာ အတွက် အရေးပါတဲ့ ခံစစ် အားဖြည့်မှု ဖြစ်လာမှာပါ။

အာရူဟိုဟာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံမှာ ၁၆ ပွဲသာ ပွဲထွက် ကစားခဲ့ရသလို ၂၀၂၄-၂၅ ရာသီ မှာလည်း ၁၇ ပွဲသာ ပွဲထွက်ခဲ့ရပါတယ်။ ဒီမတိုင်မီ သုံးရာသီ ဆက်တိုက်မှာ ပွဲထွက်ခွင့် ပွဲ ၃၀ အထက် ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပွဲထွက်ခွင့်နေရာ လျှော့ချခြင်း ခံခဲ့ရတာပါ။ နည်းပြ ဟန်ဆီ ဖလစ်ခ် ကလည်း အာရူဟိုကို ပွဲထွက်ခွင့် အပြည့်အဝ မပေးနိုင်ခဲ့တာနဲ့ ပတ်သက်လို့ နောင်တရမိတယ်လို့ ဝန်ခံခဲ့ပြီး အာရူဟို ကတော့ အန်ဖီးလ်မှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ရှာဖွေဖို့ ရည်မှန်းထားပါတယ်။

ဒါ့အပြင် အာရူဟိုဟာ ဆဘက်ရှန် ကော့တက်စ်၊ ဒါဝင် နူညက်ဇ်နဲ့ ဆွာရက်ဇ် တို့ရဲ့ ခြေရာကို နင်းပြီး လစ်ဗာပူးလ်မှာ ကစားခွင့်ရတဲ့ ဥရုဂွေး ကစားသမား အနည်းငယ်ထဲက တစ်ဦး ဖြစ်လာခဲ့ပါပြီ။ ဆွာရက်ဇ်ဟာ လစ်ဗာပူးလ် အတွက် ၁၃၂ ပွဲမှာ ၈၂ ဂိုး အထိ သွင်းယူပေးခဲ့ပြီး အဲန်ဖီးလ် ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်ခဲ့သူပါ။ အာရူဟိုက သူ့ရဲ့ အသင်းဖော်ဟောင်းဟာ ပရီးမီးယားလိဂ် အပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာအောင် တွန်းအားပေးခဲ့သူ ဖြစ်တယ်လို့ ကလပ် ဝက်ဘ်ဆိုက်မှာ အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဥရုဂွေးမှာတုန်းက အင်္ဂလန် ပရီးမီးယားလိဂ်ကို ကြည့်ရတာ အရမ်းကြိုက်ကြတယ်။ အားလုံးက ပွဲစဉ်တွေကို ကြည့်ဖို့ မနက်စောစော ထကြရတာပါ။ ကလေးဘဝတုန်းက လူးဝစ် လစ်ဗာပူးလ် အတွက် အံ့ဩစရာကောင်းတဲ့ ပွဲစဉ်တွေ ကစားနေတာကို ကြည့်ခဲ့ရဖူးတယ်။ သူ ဒီကလပ်မှာ ဘာတွေ အောင်မြင်ခဲ့သလဲ၊ ဘယ်လို သမိုင်းမှတ်တမ်းတွေ ရေးထိုးခဲ့သလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ ဒါကြောင့် ဒီကို ရောက်လာရတာ တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။”

“ကျွန်တော် ဒီကို ရောက်ကတည်းက သူ့နဲ့ နှိုင်းယှဉ်ချက်တွေကို မေးမြန်းခံခဲ့ရပါတယ်။ ကျွန်တော်နဲ့ သူနဲ့က အရမ်း ခင်မင်ရင်းနှီးကြတာပါ။ လွန်ခဲ့တဲ့ မိနစ်ပိုင်းကတင် သူ့ဆီကနေ ‘မင်း အသင်းကြီး တစ်သင်းဆီ ရောက်သွားတာ ဝမ်းသာပါတယ်၊ အရာရာ အဆင်ပြေပါစေ’ ဆိုတဲ့ ဆုတောင်း မက်ဆေ့ဂျ် ရခဲ့ပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။

လစ်ဗာပူးလ် ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကိုမိုနဲ့ ရာသီကြို ပြင်ဆင်မှု နောက်ဆုံး ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သြဂုတ် ၂၃ ရက်မှာ ပရီးမီးယားလိဂ် ရာသီသစ် စတင်တော့မှာ ဖြစ်တာကြောင့် အာရူဟို ရောက်ရှိလာမှုဟာ အချိန်ကိုက် ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိုနာကိုကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လစ်ဗာပူးလ် အသင်းဟာ ခံစစ်ပိုင်းတင်မကဘဲ တစ်သင်းလုံး အတိုင်းအတာနဲ့ လူအင်အား လိုအပ်နေတာကို သိသိသာသာ မြင်တွေ့ခဲ့ရတာပါ။ အဲဒီ ပွဲမှာ ဗာဂျယ် ဗန်ဒိုက်ခ်ဟာ အသက် ၁၈ နှစ် အရွယ် လူငယ်ခံစစ်မှူး အီဖီယန်ယီ အန်ဒူးကဝေးနဲ့ ပွဲထွက်လာခဲ့ပြီး နောက်ဆုံး မိနစ် ၃၀ မှာတော့ ဝါတာရု အန်ဒိုက လု့ခ် ချမ်ဘာစ် နဲ့ တွဲဖက်ကာ ခံစစ်ကစားခဲ့ရပါတယ်။

ဘာစီလိုနာမှာ ၇ နှစ်ကြာ ကစားစဉ် အတွင်း ပြိုင်ပွဲစုံ ၂၁၃ ပွဲ အထိ ပါဝင်ကစားပေးခဲ့ပြီး လာလီဂါ ဖလား ၃ ကြိမ် အပါအဝင် အဓိက ဆုဖလား ၈ လုံး အထိ ဆွတ်ခူးခဲ့တာကြောင့် အာရူဟိုဟာ အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၂၅-၂၆ ရာသီဝက်တုန်းက စိတ်ကျန်းမာရေး အတွက် အနားယူချိန် တစ်လကျော် ယူခဲ့ရဖူးပေမယ့် အခုအခါမှာတော့ ပရီးမီးယားလိဂ်မှာ ကစားရတော့မှာ ဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။

ပရီးမီးယားလိဂ်မှာ ကစားဖို့ သင့်တော်ရဲ့လားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ အာရူဟိုက “သံသယဖြစ်စရာ လုံးဝမလိုပါဘူး။ ကျွန်တော့်ရဲ့ ကစားဟန်နဲ့ အရည်အသွေးတွေဟာ ဒီလိဂ်နဲ့ အပြည့်အဝ ကိုက်ညီမယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ကျွန်တော် ကစားချင်နေတာ ကြာပြီ ဖြစ်တဲ့ လိဂ် တစ်ခုပါ။ အရမ်းပြိုင်ဆိုင်မှု ပြင်းထန်ပြီး တချို့ ကလည်း ကမ္ဘာ့အကောင်းဆုံး လိဂ်လို့ ပြောကြပါတယ်။ ဒါကြောင့် ကျွန်တော် အရမ်း ရင်ခုန်နေသလို မျှော်လင့်ချက်တွေလည်း အပြည့် ရှိနေပါတယ်။ မြန်မြန် စတင်လိုက်ချင်ပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်