နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ခံစစ် ကွင်းလယ်လူ ၁၁ ဦး

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ အကောင်းဆုံး နံပါတ် ၆ ကစားသမားတွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။ 

ခံစစ် ကွင်းလယ်လူ ဆိုတာ ဘောလုံးလောကမှာ လူပြောသူပြော အများဆုံး၊ အတောက်ပဆုံး နေရာ တစ်ခု မဟုတ်ပေမယ့် အသင်း တစ်သင်းရဲ့ အရေးအကြီးဆုံး ဒေါက်တိုင်တစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ သက်ဝင် လှပတဲ့ ဂိုးတွေကို သွင်းယူလေ့ မရှိသလို၊ ဂိုးစည်းပေါ်ကနေ အံ့ဩဖွယ် ရှင်းထုတ်မှုတွေကိုလည်း ခပ်စိပ်စိပ် ပြုလုပ်လေ့ မရှိပါဘူး။ ဒါပေမယ့် သူတို့ဟာ အသင်းကြီး တစ်သင်း အောင်မြင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ အုတ်မြစ်တွေပဲ ဖြစ်ပါတယ်။ ခံစစ်တန်းကို ကာကွယ်ပေးတာ၊ ကစားကွက် စည်းဝါးကို ထိန်းကျောင်းတာ၊ ပြိုင်ဘက်ရဲ့ တိုက်စစ်တွေကို ဖျက်ထုတ်တာနဲ့ အကွက်စိပ့်စိပ့် တိုက်စစ်စတင်တာတွေမှာ ခံစစ်ကွင်းလယ်လူရဲ့ တာဝန်က ပါးနပ်မှု၊ စည်းကမ်း ပြည့်ဝမှု၊ ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ထားရတာပါ။ 

အခု တစ်ခါမှာတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ခံစစ် ကွင်းလယ်လူ ၁၁ ဦးကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။ ဒီကစားသမားတွေ ကိုတော့ သူတို့ရဲ့ ထိပ်တန်း ခြေစွမ်းနဲ့ သက်တမ်း၊ စွမ်းဆောင်ရည်၊ ဆုဖလား အောင်မြင်မှု စတဲ့ အချက်တွေ အပေါ်မှာ အခြေခံပြီး ရွေးချယ်ထားတာ ဖြစ်ပါတယ်။

 

၁၁။ ဒီကလန် ရိုက်စ်

အာဆင်နယ် အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်တဲ့ ဒီကလန် ရိုက်စ်ဟာ ခေတ်သစ် ဘောလုံးလောကရဲ့ အကောင်းဆုံး ခံစစ်ကွင်းလယ်လူတွေထဲက တစ်ဦး အဖြစ် ရပ်တည်နေပါပြီ။ တစ်ခါတစ်ရံ ဘောလုံးပေးပို့မှုမှာ ပွဲကို အရဲစွန့် မကစားဘဲ ထိန်းကစားလွန်းတယ်လို့ ဝေဖန်ခံရလေ့ ရှိပေမယ့် ဒါဟာ သူ့ရဲ့ ပြည့်စုံတဲ့ စွမ်းဆောင်ရည်တွေကို လျှော့တွက်ရာ ရောက်ပါတယ်။ ရိုက်စ်ဟာ ဘောလုံးလုယူရာမှာ ထိပ်တန်း ဖြစ်သလို၊ အသင်းကို ရှေ့ဆွဲတင်ပေးနိုင်တဲ့ အင်အားသုံး ကစားဟန်နဲ့ ကွင်းအနှံ့ အားသွန်ခွန်စိုက် ပြေးလွှား ကစားနိုင်သူပါ။ နောက်ပြီး ပွဲချိန်အတွင်း သူ့ရဲ့ အာရုံစူးစိုက်မှု လွတ်သွားတဲ့အချိန် မရှိသလောက်ပါပဲ။ လိုအပ်တဲ့ နေရာတိုင်းမှာ ဖိအားပေးတာ၊ ကာကွယ်တာတွေကို မနားတမ်း ပြုလုပ်လေ့ရှိပါတယ်။ ဝက်စ်ဟမ်းမှာ ပြသခဲ့တဲ့ အသင်းခေါင်းဆောင်မှု အရည်အသွေးနဲ့ အတူ အခုဆိုရင် ဂိုးသွင်းယူမှုပါ ပိုမိုကောင်းမွန်လာတာကြောင့် ရိုက်စ်ဟာ ထိပ်တန်း ကွင်းလယ်လူ ဖြစ်လာဖို့ အစိတ်အပိုင်း အားလုံးကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။

 

၁၀။ ဇာဘီ အလွန်ဆို 

၂၀၂၆ ခုနှစ်မှာ ဇာဘီ အလွန်ဆို ချဲလ်ဆီး နည်းပြ ဖြစ်လာချိန်တုန်းက ရေပန်းစားခဲ့တဲ့ ဟာသ တစ်ခု ရှိပါတယ်။ အလွန်ဆို ကစားသမားတွေကို ဘောလုံးပေးပို့မှု လေ့ကျင့်ခန်းဆင်းပေးနေတဲ့ ရုပ်သံထွက်လာ အပြီးမှာ ပရိသတ်တွေက စပိန်သားကြီးဟာ အသင်းရဲ့ အကောင်းဆုံး ဘောလုံးပေးပို့သူ အဖြစ် တည်ရှိနေဆဲပဲလို့ နောက်ပြောင်ခဲ့ကြတာပါ။ ဒါဟာ လုံးဝ မမှားပါဘူး။ အလွန်ဆိုဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အကောင်းဆုံး ပေးပို့မှု ပိုင်ဆိုင်ထားသူတွေထဲက တစ်ယောက် ဖြစ်ခဲ့ပြီး ပေးပို့မှု အမျိုးအစားတိုင်းကို တိကျ ပြတ်သားစွာ ဖန်တီးနိုင်သူပါ။ ကွင်းလယ်အနက်ပိုင်းကနေ ဒီလို မြင်ကွင်း၊ နည်းစနစ်နဲ့ ထိန်းချုပ်မှုမျိုးကို ပေါင်းစပ်ပြသနိုင်ခဲ့တဲ့ ခံစစ်ကွင်းလယ်လူ ပရီးမီးယားလိဂ်မှာ ရှားပါတယ်။

 

၉။ ဖာနန်ဒင်ညို 

ဖာနန်ဒင်ညိုဟာ မန်ချက်စတာစီးတီးရဲ့ ကွင်းလယ် အုတ်မြစ် အဖြစ် ၁၀ နှစ်နီးပါး တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၅ ကြိမ် အထိ ဆွတ်ခူးနိုင်ခဲ့သူပါ။ ဒီဘရာဇီးလ်သားဟာ ခံစစ်ပိုင်း စည်းကမ်း ပြည့်ဝမှု၊ ပါးနပ်မှုနဲ့ စွမ်းအင်တို့ရဲ့ အချိုးကျ ပေါင်းစပ်မှု ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ မှာ ပပ် ဂွါဒီယိုလာ ရောက်ရှိလာပြီးနောက် မန်စီးတီးရဲ့ ဘောလုံးပိုင်ဆိုင်မှု အဓိက ကစားဟန်မှာ ဖာနန်ဒင်ညိုဟာ ပိုမိုတောက်ပလာပြီး အဓိက သော့ချက် ဖြစ်လာခဲ့ပါတယ်။

 

၈။ မိုက်ကယ် အက်ဆီယန် 

ဘောလုံးနဲ့ အတူ ရှေ့ကို ပြေးထွက်သွားချိန်မှာ မိုက်ကယ် အက်ဆီယန်ကို တားဆီးဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ သူရှိနေစဉ် ချဲလ်ဆီးတို့ ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ဖလား ၂ လုံးမှာ သူ့ရဲ့ ကွင်းလယ် ထိုးဖောက်မှုတွေက အဓိကကျခဲ့ပါတယ်။ ပြင်းထန်တဲ့ အဝေးကွင်း ကန်ချက်တွေနဲ့ အံ့ဩဖွယ် ဂိုးတွေကို သွင်းယူလေ့ရှိလို့ “ကျွဲရိုင်းကြီး” ဆိုတဲ့ အမည်ဝိသေသနဲ့ မာကျောမှု၊ မနားတမ်း အားစိုက် ပြေးလွှားမှုတွေကို ပြသခဲ့သူပါ။

 

၇။ မိုက်ကယ် ကာရစ်ခ်

လူတိုင်းက အလျှော့တွက်ခံရလွန်းလို့ အဆင့်မနိမ့်တော့ဘူးလို့ တင်စားရတဲ့ မိုက်ကယ် ကာရစ်ဟာ ၂၀၁၂-၁၃ ရာသီ၊ အသက် ၃၂ နှစ် ရောက်ခါနီးမှ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ပထမဆုံး အကြိမ် ပါဝင်ခွင့် ရရှိခဲ့တာပါ။ ကာရစ်ခ်လောက် ဘောလုံးဥာဏ်ကောင်းပြီး ပွဲကို နားလည်တဲ့ ခံစစ်ကွင်းလယ်လူ ပရီးမီးယားလိဂ်မှာ ရှားပါတယ်။ အမြန်နှုန်း သို့မဟုတ် အကြမ်းပတမ်း လုယူမှုတွေ မရှိပေမယ့် ပွဲစဉ် အခြေအနေကို ကြိုတင် ဖတ်ရှုနိုင်မှု၊ နေရာယူ မှန်ကန်မှုနဲ့ တိကျတဲ့ ပေးပို့မှုတွေကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၅ ကြိမ် အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

 

၆။ ကလော့ဒ် မက်ခီလီလီ 

ကလော့ဒ် မက်ခီလီလီဟာ ကစားကွက် နေရာတစ်ခုကို သူ့အမည်နဲ့ သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ “Makelele Role” ဆိုတာ ခံစစ်တန်းရှေ့မှာ ထိုင်၊ ခံစစ်ကို ကာကွယ်၊ ဘောလုံး ပြန်လုပြီး လှည့်ပတ် ပေးပို့တာ ဖြစ်ပါတယ်။ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် မြင့်မားတဲ့ ပါးနပ်မှု၊ အချိန်အခါနဲ့ စည်းကမ်းတွေ လိုအပ်ပြီး သူကတော့ ဒါကို လွယ်လွယ်ကူကူပဲ လုပ်ပြခဲ့တာပါ။ ကန်တေ သို့မဟုတ် အက်ဆီယန် တို့လို မနားတမ်း ပြေးလွှားနေတာမျိုး မဟုတ်ဘဲ နေရာယူမှု ပါးနပ်မှုနဲ့တင် ပွဲကို စိုးမိုးခဲ့သူဖြစ်ပါတယ်။

 

၅။ ယာယာ တိုရေး 

၂၀၁၃-၁၄ ရာသီတုန်းက ယာယာ တိုရေး ပြသခဲ့တဲ့ စွမ်းဆောင်ရည်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ကွင်းလယ်လူ တစ်ဦးရဲ့ အကောင်းဆုံး ရာသီအဖြစ် သတ်မှတ်လို့ရပါတယ်။ အိုင်ဗရီကို့စ် ကြယ်ပွင့်ဟာ လိဂ်ဂိုး ၂၀ အထိ သွင်းယူပြီး မန်စီးတီးကို ချန်ပီယံ ဖြစ်စေခဲ့တာပါ။ သူ့ရဲ့ ထိပ်တန်း အချိန်တွေတုန်းက တိုရေးကို တားဆီးဖို့ ဆိုတာ မဖြစ်နိုင်ဘဲ အင်အား၊ နည်းစနစ်နဲ့ တည်ငြိမ်မှုတို့ရဲ့ ပြည့်စုံတဲ့ ပေါင်းစပ်မှု ဖြစ်ခဲ့ပါတယ်။

 

၄။ အန်ဂိုလို ကန်တေ

မနားတမ်း ပြေးလွှားနိုင်လွန်းလို့ “Duracell ဘက်ထရီ ယုန်ကလေး” တနည်းအားဖြင့် နှလုံးနှစ်ခုနဲ့ ယုန်လေးလို့ တင်စားခံရတဲ့ အန်ဂိုလို ကန်တေဟာ ပရီးမီးယားလိဂ်မှာ ဘယ်သူနဲ့မှ မတူတဲ့ ကွင်းလယ် လွှမ်းမိုးမှုကို ပြသခဲ့သူပါ။ အသင်း ၂ သင်းနဲ့ ပရီးမီးယားလိဂ် ဖလားတွေ ရယူခဲ့ပြီး ကွင်းလယ်လူ ၂ ယောက်စာ အလုပ်လုပ်ပေးနေစဉ်မှာတောင် ပြုံးပြုံး၊ ပြုံးပြုံးနဲ့ပဲ ကစားလေ့ရှိလို့ ပရိသတ် အချစ်တော် ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

 

၃။ ပက်ထရစ် ဗီအဲရာ 

ပက်ထရစ် ဗီအဲရာနဲ့ ရင်ဆိုင်ကစားရတာဟာ ပြိုင်ဘက်တွေအတွက် အိပ်မက်ဆိုးပါပဲ။ ယာယာ တိုရေးရဲ့ အရှိန်၊ အင်အား၊ ရှည်လျားတဲ့ ခြေလှမ်းတွေ အပြင် ပိုမိုပြင်းထန်တဲ့ ဖျက်ထုတ်မှုနဲ့ စိန်ခေါ်လိုစိတ်တွေ ပြည့်နှက်နေသူပါ။ ဗီအဲရာဟာ ဘောလုံး မကန်မီကတည်းက ပြိုင်ဘက်ကို ကြောက်ရွံ့စေသူ ဖြစ်ပြီး အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ရယူခဲ့ပါတယ်။

 

၂။ ရွိုင်း ကိန်း 

ဗီအဲရာရဲ့ ထာဝရ ပြိုင်ဘက်ကြီး မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ရွိုင်း ကိန်းဟာ ပြင်းထန်တဲ့ ဖျက်ထုတ်မှုတွေ၊ စိတ်အားထက်သန်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူပါ။ ဒါပေမယ့် ကိန်းကို အကြမ်းပတမ်း ကစားသမား အဖြစ်ပဲ ကြည့်ရင် မှားပါလိမ့်မယ်။ သူဟာ ပါးနပ်တဲ့ ပေးပို့သူ ဖြစ်သလို၊ အသင်းကို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးနိုင်တဲ့ မွေးရာပါ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

 

၁။ ရိုဒရီ

ရိုဒရီဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး ခံစစ်ကွင်းလယ်လူ ဖြစ်ရုံတင်မကဘဲ ဒီနေရာ အတွက် အပြည့်ဝဆုံး စံနမူနာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ရိုဒရီ

ရိုဒရီဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး ခံစစ်ကွင်းလယ်လူ ဖြစ်ရုံတင်မကဘဲ ဒီနေရာ အတွက် အပြည့်ဝဆုံး စံနမူနာ ဖြစ်ပါတယ်။ ၂၀၂၄ ရွှေဘောလုံးဆုရှင်၊ စပိန်နဲ့အတူ ယူရို ၂၀၂၄ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့သူ ရိုဒရီဟာ မာကျောမှု၊ ပါးနပ်မှုနဲ့ ခံစစ် စွမ်းရည် အပြည့်ရှိသူပါ။ ပေးပို့မှု တိကျပြီး ပွဲရဲ့ စည်းဝါးကို စိတ်ကြိုက် ထိန်းကျောင်းနိုင်သူ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ရရှိခဲ့ပြီး ပက် ဂွါဒီယိုလာရဲ့ ကစားကွက်မှာ ပဟေဠိရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း အဖြစ် ခြေစွမ်းပြခဲ့သူပါ။ ခံစစ် ကွင်းလယ်လူ အဖြစ် ဒီထက် ပိုမို ပြည့်စုံဖို့ဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက်ခဲပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်