တိုက်စစ်မှူး ရိုမယ်လူ လူကာကူ ကတော့ စီးရီးအေ ကလပ် နာပိုလီမှာ အနာဂတ်ဟာ မရေမရာ ဖြစ်လာခဲ့ပါပြီ။ အကြောင်းရင်း ကတော့ အသက် ၃၃ နှစ် အရွယ် ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ ၂၀၂၆-၂၇ ရာသီမှာ အရန် ကစားသမား နေရာနဲ့တင် တင်းတိမ်နေမှာ မဟုတ်ကြောင်း သူရဲ့ အေးဂျင့် ဖြစ်သူ ဖက်ဒရီကို ပါစတိုရယ်လိုက အပြတ်ပြောလိုက်တာကြောင့် ဖြစ်ပါတယ်။
လူကာကူဟာ ၂၀၂၄-၂၅ ရာသီက နာပိုလီကို စတင် ရောက်ရှိလာခဲ့ပြီး ပထမဆုံး ရာသီမှာပဲ ၁၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ကာ အသင်းနဲ့ အတူ စကူဒက်တို (စီးရီးအေ ချန်ပီယံဆု) ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာတော့ ရာသီကြို ကာလ ပေါင်ခြံဒဏ်ရာနဲ့ ရာသီကုန်ခါနီး တင်ပါးဆုံ ဒဏ်ရာတွေကြောင့် ပြိုင်ပွဲစုံ ၇ ပွဲမှာ စုစုပေါင်း ၆၄ မိနစ်ပဲ ကစားခွင့်ရခဲ့ပါတယ်။ ဘယ်လ်ဂျီယံနဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ဖို့ အချိန်မီ ပြန်ကောင်းလာခဲ့ပေမယ့် နာပိုလီနဲ့ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ထဲ ရောက်ရှိလာချိန် မှာတော့ အသင်းမှာ သူဆက်ရှိ၊ မရှိ ဆိုတာ ဝေဝါးနေတာပါ။
နာပိုလီ အားကစား ဒါရိုက်တာ ဂျိုဗန်နီ မန်နာ ကတော့ လူကာကူ ရာသီကြို လေ့ကျင့်ရေးဆင်းဖို့ ပြန်ရောက်လာရင် သူရဲ့ အနာဂတ် အတွက် ဆွေးနွေးရမယ်လို့ မကြာသေးမီက ပြောကြားထားပေမယ့် အေးဂျင့် ပါစတိုရယ်လို ကတော့ လူကာကူရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပဲ အသိပေးလိုက်ပါတယ်။
လူကာကူ အနေနဲ့ ဒုတိယ ဦးစားပေး အရန်တိုက်စစ်မှူး အဖြစ် ကျန်ရစ်နိုင်မလားလို့ Sky Sport Italia က မေးမြန်းခဲ့ရာမှာ ပါစတိုရယ်လိုက “သူဟာ အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမား တစ်ယောက်ပါ၊ ဒါကိုလည်း သက်သေပြပြီးသားပါ။ ကမ္ဘာပေါ်မှာ ဂိုးသွင်း အများဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အခြေအနေမျိုးကို လက်ခံဖို့ ဆိုတာ ကျွန်တော်တို့ အတွက် ခက်ခဲပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“ရာသီစမှာ ဦးစားပေး အစဉ်အလိုက် ခွဲခြားထားတာမျိုး ရှိနိုင်ပေမယ့် နောက်ဆုံး မှာတော့ ကွင်းတွင်း စွမ်းဆောင်ရည် ကပဲ အရာရာကို ဆုံးဖြတ်သွားမှာပါ။ မန်နာရဲ့ မှတ်ချက်တွေရဲ့ နောက်ကွယ်မှာ ငွေကြေးဆိုင်ရာ စဉ်းစား တွေးခေါ်မှုတွေလည်း ပါနိုင်ပါတယ်။ အသင်းမှာ ထိပ်တန်း တိုက်စစ်မှူး နှစ်ယောက် ရှိနေတာကိုး။ စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းတာ ကလည်း လစာ အပြင် တခြား ကုန်ကျစရိတ်တွေ ပါလာဦးမှာပါ။ လူကာကူ ရရှိထားတဲ့ အဆင့်မြင့် စာချုပ် ဆိုတာ သူရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး စွမ်းဆောင်ခဲ့သမျှတွေကြောင့် ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရိုမယ်လူ ဆိုတာ သူနွေးနွေးထွေးထွေး ကြိုဆိုမခံရတဲ့နေရာ၊ မလိုလားတဲ့ နေရာမှာ ဆက်နေမယ့် လူမျိုး မဟုတ်ပါဘူး” လို့ ဆက်လက် ပြောဆိုသွားခဲ့ပါတယ်။
လူကာကူဟာ စီးရီးအေမှာ ၄ ရာသီ ဆက်တိုက် ကစားထားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၂၂-၂၃ နဲ့ ၂၀၂၃-၂၄ ရာသီတွေမှာ အင်တာမီလန်၊ ရိုးမား တို့ဆီ အသီးသီး အငှား သွားရောက် ကစားခဲ့ပြီးနောက် ချဲလ်ဆီး ကနေ နာပိုလီဆီ အပြီးသတ် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄ ရာသီ အတွင်း လူကာကူဟာ စီးရီးအေမှာ စုစုပေါင်း ၅၇ ဂိုး (ဂိုးသွင်း + ဂိုးဖန်တီး) မှာ တိုက်ရိုက် ပါဝင် ပတ်သက်ထားပြီး ဒါဟာ စီးရီးအေရဲ့ စတုတ္ထမြောက် အများဆုံးဖြစ်ပါတယ်။ ဒါ့အပြင် အနည်းဆုံး ဂိုး ၃၀ အထက် သွင်းယူထားသူတွေထဲမှာ သူရဲ့ ဂိုးဝင်ကန်ချက် ရာခိုင်နှုန်း ၂၀.၉ ရာခိုင်နှုန်း (ကန်ချက် ၁၈၂ ကြိမ်မှာ ၃၈ ဂိုး) ဟာ ဒုတိယ အကောင်းဆုံး စံချိန် အဖြစ် ရပ်တည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


