လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် အဖြစ် ပြန်လည် ခန့်အပ်ခံရတဲ့ “စပယ်ရှယ်ဝမ်း” ဟိုဆေး မော်ရင်ညို ကတော့ မက်ဒရစ်မှာ ပထမဆုံး အင်တာဗျူး ဖြေကြားလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ ဆုဖလား မရခဲ့ဘဲ စိတ်ပျက်စရာ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက် နည်းပြ အဲလ်ဗာရို အာဘီလိုအာရဲ့ နေရာမှာ အသက် ၆၃ နှစ် အရွယ် မော်ရင်ညိုကို အစားထိုး ခန့်အပ်ခဲ့တာပါ။ အခုအခါမှာတော့ မော်ရင်ညိုဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာပြီး ရီးရဲလ်မက်ဒရစ် အသင်းကို စပိန်နဲ့ ဥရောပရဲ့ ထိပ်တန်းဆီ ပြန်လည် ပို့ဆောင်ဖို့ သူ ဘာတွေ ပြင်ဆင်ထားလဲ ဆိုတာကို Realmadrid TV ကနေ တစ်ဆင့် အချက် ၄ ချက်နဲ့ အခုလို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
၁။ အသင်းတွင်း ယဉ်ကျေးမှု အသစ်ကို တည်ဆောက်ခြင်း
ပြီးခဲ့တဲ့ ရာသီက လာလီဂါ ကလပ်မှာ နည်းဗျူဟာပိုင်း အားနည်းချက်တွေ အပြင် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း ကလည်း တော်တော်လေး ပျက်ပြားနေခဲ့တာပါ။ ပွဲကြီး ပွဲကောင်းတွေ မှာတောင် ကစားသမားတွေဟာ ပွဲပြီးအောင် ကစားရုံလောက်ပဲ စိတ်ပါဝင်စားခဲ့ကြပြီး ရှုံးနိမ့်သွားတဲ့ အခါမှ အံ့ဩနေတတ်ကြပါတယ်။ ဒါ့အပြင် ကွင်းပြင်ပမှာလည်း ကီလီယန် အမ်ဘာပေးနဲ့ နည်းပြ အာဘီလိုအာတို့ အများပြည်သူရှေ့မှာ ပြဿနာတက်ခဲ့သလို၊ ရူဒီဂါက ကာရီးရက်စ်ကို ရိုက်နှက်တာ၊ ချူအာမေနီနဲ့ ဗယ်လ်ဗာဒီတို့ ရန်ဖြစ်လို့ ဗယ်လ်ဗာဒီ ဆေးရုံတင်လိုက်ရတာတွေ အထိ အဝတ်လဲခန်းထဲမှာ ပဋိပက္ခတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။
မော်ရင်ညိုက ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ အဓိက ရည်ရွယ်ထားပြီး “ကျွန်တော် ဒီကိုလာတာ ကစားသမားတွေ၊ ဝန်ထမ်းတွေ အားလုံး တိုးတက်လာအောင် ကူညီဖို့ပါ။ အလုပ်ကြိုးစားတဲ့၊ တာဝန်ယူမှု ရှိတဲ့၊ ရည်မှန်းချက်ကြီးတဲ့ ယဉ်ကျေးမှု အသစ် တစ်ခုကို တည်ဆောက်သွားမှာ ဖြစ်သလို၊ ရီးရဲလ်မက်ဒရစ် အတွက် အလုပ်လုပ်ရတဲ့ တာဝန်သိစိတ်နဲ့ ဂုဏ်ယူမှုကို ပြန်လည် ဖော်ဆောင်သွားမှာပါ” လို့ ဆိုခဲ့ပါတယ်။
၂။ ရာသီကြို ပြင်ဆင်မှုရဲ့ စိန်ခေါ်မှုများ
လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ယှဉ်ပြိုင်နေတာကြောင့် မော်ရင်ညို အတွက် ရာသီကြို ပြင်ဆင်မှုက အတော်လေး ခက်ခဲပါလိမ့်မယ်။ အမ်ဘာပေး၊ ကိုနာတေး၊ ချူအာမေနီ၊ ကော့တွာစ်၊ ဘယ်လင်ဟမ်နဲ့ ကူကူရီလာ တို့ဟာ ကမ္ဘာ့ဖလားမှာ ဆက်လက် ယှဉ်ပြိုင်နေရဆဲ ဖြစ်ပြီး၊ ရူဒီဂါ၊ ဗယ်လ်ဗာဒီ၊ အာဒါ ဂူလာ၊ ဘရာဟင်မ် ဒီးယက်ဇ်၊ ဗင်နီးစီးယပ်စ်၊ အန်းဒရစ်ခ်၊ ဒန်ဇဲလ် ဒမ်းဖရီးစ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ ကတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။

ကစားသမားတွေဟာ ရာသီကြို လေ့ကျင့်ရေး အမှီ ပြန်မလာနိုင်သေးတာကြောင့် မော်ရင်ညို အနေနဲ့ လူစုံစုံလင်လင် မရှိဘဲ ရက်သတ္တပတ် အနည်းငယ် ဖြတ်သန်းရမှာပါ။ မော်ရင်ညိုက “ကစားသမား အားလုံးကို ဒီမှာ ရှိစေချင်တာ အမှန်ပါပဲ။ ဒါပေမယ့် ရှိတဲ့လူငယ်တွေနဲ့ အကောင်းမြင်စိတ်ထားပြီး အကောင်းဆုံး အသုံးချသွားမှာပါ။ ကျွန်တော်နဲ့ ကစားသမားတွေ အချင်းချင်း အပြန်အလှန် နားလည်အောင် လုပ်ဆောင်သွားမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒီကြားထဲ မှာတော့ အင်္ဂလန် နည်းပြ တူချယ်ရဲ့ ချန်လှပ်ခြင်း ခံခဲ့ရတဲ့ ထရန့် အလက်ဇန္တား အာနိုးလ် အနေနဲ့ မော်ရင်ညိုရဲ့ စိတ်ကြိုက်ဖြစ်အောင် သက်သေပြဖို့ အချိန်ပိုရသွားမှာ ဖြစ်ပြီး မဟုတ်ရင်တော့ ခံစစ် ပိုကောင်းတဲ့ ကစားသမားသစ် ဒမ်းဖရီးစ်ကို နေရာပေးလိုက်ရမယ့် အခြေအနေ ရှိနေပါတယ်။
၃။ ကက်စတီလာ (လူငယ်အသင်း) မှ ကစားသမားတွေ အတွက် အခွင့်အရေး
စီနီယာ ကစားသမား အများအပြား မရှိသေးတဲ့ အတွက် မော်ရင်ညိုဟာ လာလီဂါ ကလပ်ရဲ့ လူငယ်အသင်းက ထွက်လာတဲ့ ပါရမီရှင်လေးတွေကို အနီးကပ် စောင့်ကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။ မာနူရယ် အိန်ဂျယ်နဲ့ စီဇာ ပါလာစီယို တို့လို လူငယ်လေးတွေဟာ နည်းပြသစ်ကို သက်သေပြဖို့ အသင့်ဖြစ်နေကြပါပြီ။ မော်ရင်ညိုက “ရာသီကြို ကာလမှာ ကက်စတီလာက ကလေးတွေ အများကြီး ပါဝင်လာမှာ ဖြစ်ပြီး သူတို့ရဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို ကျွန်တော် ကိုယ်တိုင် ပါဝင်ကူညီပေးချင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီတွေတုန်းက ကက်စတီလာထွက် လူငယ်တွေဟာ ပွဲထွက်ခွင့်အတွက် အသင်း ကနေ ထွက်ခွာခဲ့ကြတာ များပါတယ်။ မကြာသေးခင်ကပဲ အာဂျင်တီးနား လူငယ် ကြယ်ပွင့် နီကို ပက်ဇ်ဟာ ကိုမို အသင်းမှာ ခြေစွမ်းပြခဲ့လို့ ၎င်းကို အပြီးသတ် ဆက်ထိန်းထားဖို့ ကိုမို အသင်းက ရီးရဲလ်မက်ဒရစ်ကို ယူရို သန်း ၆၀ အထိ ပေးချေခဲ့ရတဲ့ စံချိန်ကောင်းလည်း ရှိခဲ့ပါတယ်။
၄။ မော်ရင်ညိုရဲ့ ရည်မှန်းချက် သို့မဟုတ် စီမံကိန်း
မော်ရင်ညိုလို အငြင်းပွားဖွယ်ရာ ပုဂ္ဂိုလ် တစ်ယောက်ဟာ ပြိုကွဲလုနီးပါး ဖြစ်နေတဲ့ ရီးရဲလ်ရဲ့ အဝတ်လဲခန်းထဲကို ရောက်လာတာဟာ စိုးရိမ်စရာတော့ ကောင်းပါတယ်။ သူ့ရဲ့ ပထမအကြိမ် နည်းပြ သက်တမ်းတုန်း ကလည်း အီကာ ကာဆီးလက်စ်၊ ခရစ္စတီယာနို ရော်နယ်ဒို၊ ကာရင်မ် ဘန်ဇီမာ တို့နဲ့ ပြဿနာ အကြီးအကျယ် တက်ခဲ့ဖူးတာပါ။ ဆယ်စုနှစ် တစ်ခုကျော် ကြာသွားတဲ့ အခုအချိန် မှာလည်း ဘာနေဗျူးက ကစားသမားတွေရဲ့ အတ္တတွေက ကြီးမားနေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီတစ်ကြိမ် မှာတော့ မော်ရင်ညိုဟာ သူ့ရဲ့ အတ္တတွေကို ဘေးဖယ်ထားပြီး အသင်း အတွက်ပဲ အလုပ်လုပ်သွားမယ့် ပုံစံမျိုး တွေ့ရပါတယ်။ သူက “စကားလုံးတွေနဲ့တင် မလုံလောက်ပါဘူး၊ ဒါဟာ မစ်ရှင် တစ်ခုလိုပါပဲ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အကျိုးစီးပွား ဒါမှမဟုတ် ဖလားတွေ အများကြီး ရမလား၊ နည်းမလား ဆိုတာကို စိုးရိမ်နေဖို့ မဟုတ်ပါဘူး။ ဒါဟာ ရီးရဲလ်မက်ဒရစ်မှာ အလုပ်လုပ်ရုံ သက်သက် မဟုတ်ဘဲ ရီးရဲလ်မက်ဒရစ် ‘အတွက်’ အလုပ်လုပ်ပေးမှာပါ။ ဒီလို မစ်ရှင် စိတ်ဓာတ်နဲ့ပဲ ကျွန်တော် ဒီကို ရောက်လာတာပါ။ အသင်း အပေါ် ထားတဲ့ ကြီးမားတဲ့ အချစ်စိတ်နဲ့အတူ ယုံကြည်မှု အပြည့် ရှိနေပါတယ်။ ဟာလာ မက်ဒရစ် ပါပဲ၊ တခြားဘာမှ မလိုပါဘူး” လို့ ရဲရဲဝံ့ဝံ့ ကြုံးဝါးရင်း အင်တာဗျူးကို အဆုံးသတ်သွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


