အတ္တလန္တာ အသင်းရဲ့ ကြယ်ပွင့် ကွင်းလယ်လူ အီဒါဆင် ကတော့ လက်ရှိမှာ ဘရာဇီးလ် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပါဝင် ဆင်နွှဲနေပါတယ်။ ဒီအချိန်မှာပဲ သူဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ကိစ္စ ကတော့ သေချာသလောက် ရှိနေပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့ဖလား ပွဲစဉ်မှာ ဘရာဇီးလ် အသင်းက ဟေတီကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အီဒါဆင်က ယူနိုက်တက်ဆီ ပြောင်းဖို့ “ အားလုံးနီးပါး ပြီးဆုံးနေပြီ” လို့ ဖွင့်ဟခဲ့တာပါ။ ဖီလာဒဲလ်ဖီးယား ကွင်းမှာ ကစားခဲ့ပြီး ဘရာဇီးလ်က ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ သောကြာနေ့ ပွဲစဉ်မှာ အီဒါဆင်ဟာ ဘရူနို ဂီမာရော့စ်ရဲ့ နေရာမှာ လူစားဝင် ကစားခဲ့တာ ဖြစ်ပြီး ပွဲအပြီး မှာတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အခုလို ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
သတင်းတွေအရ အတ္တလန္တာ အသင်းဟာ အီဒါဆင် အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၄၀.၅ သန်း (ပေါင် ၃၄ သန်း) နဲ့ အပိုဆုကြေး ယူရို ၄.၅ သန်း (ပေါင် ၃.၅ သန်း) ကို လက်ခံလိုက်ပြီလို့ သိရပါတယ်။ ဒါကြောင့် သူဟာ လာမယ့် ၂၀၂၆-၂၇ ရာသီမှာ နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ ပရီးမီးယားလိဂ် ထိပ်သီး အသင်းဆီ ပူးပေါင်းတော့မှာပါ။
မကြာသေးခင်ကမှ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေတဲ့ ကက်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ ယူနိုက်တက်က ကြိုးစားနေတာ ဖြစ်ပြီး၊ အီဒါဆင်နဲ့ ၄ နှစ် စာချုပ် (သက်တမ်းတိုးခွင့် ရွေးချယ်မှု ပါဝင်) အခြေခံ သဘောတူညီမှု ရထားပြီးပြီ ဖြစ်ပါတယ်။
တကယ်တော့ အီဒါဆင်ရဲ့ ပရီးမီးယားလိဂ် ကလပ်ဆီ ပြောင်းရွှေ့မှုဟာ ဇွန်လ အစောပိုင်းကတည်းက ပြီးပြတ်ရမှာပါ။ ဒါပေမယ့် ဖလာမင်ဂို အသင်းက ဝက်စလေ ဒဏ်ရာရသွားလို့ ဘရာဇီးလ် ကမ္ဘာ့ဖလား လူစာရင်းထဲ နောက်ဆုံးမှ အီဒါဆင် အစားထိုး ခေါ်ယူခြင်း ခံခဲ့ရတာကြောင့် အပြောင်းအရွှေ့က အနည်းငယ် ကြန့်ကြာသွားခဲ့တာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ Sky Sports Italia နဲ့ အင်တာဗျူးမှာ အီဒါဆင်က အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ခဏတော့ စောင့်ရဦးမှာပါ။ လောလောဆယ်တော့ ဒီအခိုက်အတန့် ကမ္ဘာ့ဖလား ကိုပဲ အကောင်းဆုံး ဖြတ်သန်းချင်ပါတယ်။ ပြီးမှပဲ အနာဂတ်ကို ဆက်ကြည့်ကြတာပေါ့။ အားလုံးနီးပါး ပြီးဆုံးနေပြီ ဆိုတာ ကတော့ အမှန်ပါပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ ကမ္ဘာ့ဖလားရဲ့ အတွေ့အကြုံကောင်းတွေ ကိုပဲ အာရုံစိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ပါတယ်”
အီဒါဆင်ဟာ အတ္တလန္တာ အသင်းမှာ ၄ နှစ်တာ အတွင်း အထူး ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး ၂၀၂၃-၂၄ ရာသီတုန်းက ဂျန်ပီယာရို ဂက်စ်ပီရီနီရဲ့ အသင်းနဲ့ အတူ လေဗာကူဆင်ကို ဗိုလ်လုပွဲမှာ အနိုင်ရကာ ယူရိုပါလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ သူဟာ အတ္တလန္တာ အတွက် ပွဲပေါင်း ၁၈၀ အထိ ကစားပေးထားပြီး ၁၆ ဂိုး သွင်း၊ ၅ ဂိုး ဖန်တီးပေးထားပါတယ်။ စာရင်းဇယားတွေ အရ သူ အသင်းကို ရောက်ရှိလာတဲ့ ၂၀၂၂ ခုနှစ် ကတည်းက ကြည့်ရင် စီးရီးအေမှာ ဖျက်ထုတ်မှု ၁၈၇ ကြိမ်နဲ့ ပဉ္စမမြောက် အများဆုံး ဖြစ်ခဲ့သလို၊ ဘောလုံးလုယူမှု ၈၆၂ ကြိမ် အထိ အောင်မြင်ထားတာကြောင့် မက်တီယာ ဇာကာညီ (၉၅၉ ကြိမ်) နဲ့ ဘရိုင်ယန် ခရစ္စတန်တေး (၉၉၁ ကြိမ်) တို့ ပြီးရင် စီးရီးအေရဲ့ တတိယ အကောင်းဆုံး အဖြစ် မှတ်တမ်းဝင်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


