နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကမ္ဘာ့ဖလား ဟက်ထရစ် သွင်းခဲ့တဲ့ မက်ဆီကို ချီးကျူး ဂုဏ်ပြုခဲ့တဲ့ ယာမယ်လ် | ကမ္ဘာ့ဖလား

လီယွန်နယ် မက်ဆီ ကတော့ အာဂျင်တီးနား အသင်းရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ အယ်လ်ဂျီးရီးယား အသင်းကို ဟက်ထရစ် သွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြခဲ့တဲ့ မက်ဆီ အပေါ် စပိန် ကြယ်ပွင့်လေး ယာမယ်က ချီးကျူးလိုက်ပြီး အာဂျင်တီးနားသားထက် သာတဲ့ ကစားသမား ကမ္ဘာပေါ်မှာ မရှိတော့ပါဘူးလို့ အမွှမ်းတင် ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကန်ဆက်စီးတီး စတေဒီယံမှာ ကစားခဲ့တဲ့ပွဲမှာ အာဂျင်တီးနား အသင်းဟာ အယ်လ်ဂျီးရီးယားကို ၃-၀ နဲ့ အပြတ်အသတ်အနိုင်ရပြီး ချန်ပီယံဆုကို ကာကွယ်ဖို့ အတွက် အရှိန်အဟုန်ကောင်းကောင်းနဲ့ အစပြုခဲ့တာပါ။ ဒီပွဲမှာတော့ အသက် ၃၈ နှစ်နဲ့ ၃၅၇ ရက် ရှိပြီ ဖြစ်တဲ့ မက်ဆီ တစ်ယောက်တည်းကပဲ ပွဲကို စိုးမိုးသွားခဲ့တာ ဖြစ်ပါတယ်။

ဘယ်လွန်ဒေါ ၈ ဆုရှင် မက်ဆီဟာ ဒီပွဲမှာ ဟက်ထရစ် သွင်းယူခဲ့တာကြောင့် သူ့ရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး စုစုပေါင်းဟာ ၁၆ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ဂျာမနီ ဂန္ထဝင် တိုက်စစ်မှူး မီရိုဆလပ် ကလိုဆေးရဲ့ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား အများဆုံး သွင်းဂိုး မှတ်တမ်းကို အမီလိုက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး၊ မက်ဆီဟာ ကမ္ဘာ့ဖလား ပွဲစဉ် တစ်ခုမှာ ၁ ဂိုးထက်ပိုပြီး သွင်းယူနိုင်တဲ့ အသက်အကြီးဆုံး ကစားသမား အဖြစ် ရော်ဂျာ မီလာရဲ့ မှတ်တမ်းဟောင်း (၃၈ နှစ်နဲ့ ၃၄ ရက်) ကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ခဲ့ပါသေးတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ပြီးရင် ကမ္ဘာ့ဖလား ပြိုင်ပွဲ ၅ ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမားလည်း ဖြစ်လာခဲ့တာပါ။

ဒီလို မှတ်တမ်းတွေကြောင့် သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား (GOAT) က ဘယ်သူလဲ ဆိုတာ ငြင်းခုံနေဖို့တောင် မလိုတော့ဘူးလို့ ယာမယ်က စပိန်ရုပ်သံလိုင်း RTVE ကို အခုလို ပြောသွားခဲ့ပါတယ်။ “ပွဲတိုင်းက သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ဆိုတာ သက်သေပြနေတာပဲ။ ဘယ်သူမဆို ဒါကို သံသယရှိနေရင် အဲဒါ အပို ပြဿနာရှာနေတာပါ။ ထပ်ပြောနေဖို့တောင် မလိုတော့ပါဘူး။ ကျွန်တော့်ရဲ့ အိုင်ဒေါလ်က နေမာ ဖြစ်ပေမယ့် မက်ဆီ ကတော့ အကောင်းဆုံးပါပဲ။” လို့ ယာမယ်က ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ပြီးရင် ကမ္ဘာ့ဖလား ပြိုင်ပွဲ ၅ ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမားလည်း ဖြစ်လာခဲ့တာပါ။
ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ စပိန် အတွက် မိနစ် အနည်းငယ်သာ ကစားခဲ့ရတဲ့ လာမင်း ယာမယ်

တစ်ဖက် မှာတော့ အသက် ၁၉ နှစ် အရွယ် ယာမယ်ဟာ ဒဏ်ရာကနေ အပြည့်အဝ သက်သာခြင်း မရှိသေးတာကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့က ကမ္ဘာ့ဖလား မျက်နှာသစ် ကိတ်ဗာဒီနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ အဖွင့် ပွဲစဉ်မှာ ၁၉ မိနစ်ပဲ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။ စပိန် အသင်းဟာ တိုက်စစ်ပိုင်းမှာ တော်တော်လေး ရုန်းကန်ခဲ့ရသလို၊ တစ်ဖက်မှာလည်း အမ်ဘာပေး၊ ဟယ်ရီကိန်းနဲ့ ဟာလန်း တို့လို ကမ္ဘာ့ထိပ်တန်း ကစားသမားတွေက သူတို့နိုင်ငံတွေ အတွက် ၂ ဂိုးစီ သွင်းပြီး ခြေစွမ်းပြနေကြတာကို ယာမယ် တစ်ယောက် ထိုင်ကြည့်ခဲ့ရတာပါ။ ဒါပေမယ့် သူကတော့ သူတို့လို ဂိုးတွေ အများကြီး သွင်းပြဖို့ ဖိအား မရှိဘူးလို့ ဆိုပါတယ်။

“ကျွန်တော့်ရဲ့ ကစားဟန်က သူတို့နဲ့ မတူဘူး။ ကျွန်တော်က ကွင်းထဲမှာ ပျော်ပျော်ရွှင်ရွှင် ကစားပြီး အသင်းနိုင်ဖို့ပဲ လိုချင်တာ။ ဂိုးတွေ ၁၆ ဂိုးလောက် သွင်းပြပြီး ဆီမီးဖိုင်နယ်မှာ ပြုတ်သွားမယ့် အဖြစ်မျိုးတော့ အလိုမရှိဘူး။ အဲဒါ ကျွန်တော် ရှာဖွေနေတဲ့ အရာ မဟုတ်ပါဘူး။” လို့ ယာမယ်က ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့ပါတယ်။

စပိန် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၄ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားပြီး (၃ ပွဲသရေ၊ ၁ ပွဲရှုံး) ဒါဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး မှတ်တမ်း တစ်ခုလည်း ဖြစ်ပါတယ်။ လာမယ့်ပွဲ မှာတော့ အတ္တလန်တာ စတေဒီယံမှာ ဆော်ဒီအာရေဗျ အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ နည်းပြ လူးဝစ် ဒီလာဖျူအန်တေးက ယာမယ်ကို ဆော်ဒီနဲ့ ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် သုံးမလား ဆိုတာ ထုတ်မပြောသေးပေမယ့် ယာမယ် ကတော့ သူ အဆင်သင့်ဖြစ်နေပေမယ့် မိနစ် ၉၀ ပြည့် ကစားဖို့တော့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

“ကျွန်တော် နေလို့ကောင်းပါတယ်၊ ဒါပေမယ့် မိနစ် ၉၀ ပြည့် ကစားဖို့ ကတော့ စောလွန်းသေးသလို မလိုအပ်သေးပါဘူး။ ကျွန်တော် အသင်းနဲ့ အသားကျအောင် လုပ်နေတုန်းပါ။ ဒါပေမယ့် နည်းပြက ကျွန်တော့်ကို ဘယ်နှစ်မိနစ်ပဲ သုံးသုံး ကစားပေးဖို့ အဆင်သင့်ပါပဲ။ ကစားသမား တစ်ယောက် အနေနဲ့ မိနစ် ၉၀ ပြည့် မကစားနိုင်ရင်တောင် ကွင်းထဲဆင်းပြီး အသင်းကို တတ်နိုင်သလောက် ကူညီပေးချင်တာ ကတော့ သဘာဝပါပဲ။” လို့ ယာမယ်က သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ရှင်းပြသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်