နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ခရစ္စတို ဇိုလစ်ကို လိုက်နေတဲ့ အာဆင်နယ်၊ မော်တန် ဟူးလ်မန်းကို ခေါ်ယူချင်နေတဲ့ မော်ရင်ညို | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

အာဆင်နယ် ကတော့ ဒီနွေရာသီမှာ ဘယ်တောင်ပံ တိုက်စစ်ကို အားဖြည့်ဖို့ အဓိက ဦးစားပေးနေပြီး ကလပ် ဘရုဂေးက ခရစ္စတို ဇိုလစ်ကို ခေါ်ယူဖို့ ဒေါ်လာ ၄၆.၃ သန်း (ယူရို သန်း ၄၀) ဝန်းကျင်နဲ့ စုံစမ်းမှုတွေ လုပ်နေပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ပရီးမီးယားလိဂ် ချန်ပီယံ တို့က မော်ဂန် ရော်ဂျာစ်ကို မျက်စိကျနေပြီး၊ ဇိုလစ်ကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ရော်ဂျာစ် ကိုပါ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အာဆင်နယ် တောင်ပံ ကစားသမား လီအန်ဒရို ထရော့ဆတ်ဒ်ဟာ တူရကီ ကလပ် ဘက်ဆစ်တပ်စ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့ နီးစပ်နေပြီး ကလပ်အချင်းချင်း ညှိနှိုင်းဖို့ အဆင့်ကို ရောက်ရှိနေပြီမို့ အာဆင်နယ် ကနေ ထွက်ခွာဖို့ များနေပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဝက်စ်ဟမ်းရဲ့ ကြယ်ပွင့် ကွင်းလယ်လူ မာတီးယပ်စ် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အသေအလဲ ကြိုးပမ်းနေပါတယ်။ ပထမဆုံး ကမ်းလှမ်းမှု ပယ်ချခံရနိုင်တယ်လို့ တွက်ထားပေမယ့် ဒီအပြောင်းအရွှေ့ကို အမြန်ဆုံး အဆုံးသတ်နိုင်မယ်လို့ မန်ယူဘက်က ယုံကြည်ချက် အပြည့် ရှိနေတာပါ။ ဝက်စ်ဟမ်း ကတော့ သူ့အတွက် ဒေါ်လာ ၁၀၇ သန်း (ပေါင် ၈၀ သန်း) ဝန်းကျင်အထိ ဈေးခေါ်ထားပါတယ်။

ဒါပေမယ့် ဒီလောက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး အတွက် ယူနိုက်တက်မှာ အစီအစဉ် ရှိပါတယ်။ အဲဒါကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်မယ့် ကိစ္စပါပဲ။ လက်ရှိမှာ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာမှာ ဆက်ရှိဖို့ အခွင့်အရေး နည်းပါးနေပြီး ဘေယန်မြူးနစ်က သူ့ကို ယူရို ၂၅ သန်း ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းဖို့ အသင့်ပြင်နေပါတယ်။ ရက်ရှ်ဖို့ဒ်ကို ရောင်းရတဲ့ငွေက ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အကောင်းဆုံး ရန်ပုံငွေ ဖြစ်လာနိုင်ပါတယ်။

ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ် ကိုတော့ ချဲလ်ဆီးက ဒေါ်လာ ၁၆၀.၉ သန်း (ပေါင် သန်း ၁၂၀) အောက် တစ်ပြားမှမလျော့ဘဲ တင်းခံထားပါတယ်။ အဓိက ကတော့ မန်စီးတီး နည်းပြသစ် ဖြစ်လာမယ့် အန်ဇို မာရက်စ်ကာက သူ့တပည့်ဟောင်းကို မခေါ်ယူနိုင်အောင် ဈေးမြှင့်ထားတာ ဖြစ်ပါတယ်။

မန်စီးတီးရဲ့ ကွင်းလယ် ကျောက်ဆောင် ရိုဒရီ ကတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းမယ့် ကောလာဟလတွေကို အဆုံးသတ်ပြီး လာမယ့် ရာသီမှာ အက်တီဟတ်မှာပဲ ဆက်ရှိနေဖို့ များပါတယ်။ အခုဆိုရင် သူဟာ မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်မလား၊ ဒါမှမဟုတ် လာမယ့်နွေရာသီမှာ အလွတ်နဲ့ ထွက်မလား ဆိုတာ ကိုပဲ ဆုံးဖြတ်ရတော့မှာပါ။

ဂျာမန် ကလပ် ဟော့ဖန်ဟိန်းရဲ့ တောင်ပံကစားသမားလေး ဘာဇူမာနာ တိုရေး ကို ခေါ်ယူဖို့ လစ်ဗာပူးလ်က အပြတ်အသတ် ဦးဆောင်နေပါတယ်။ လစ်ဗာပူးလ်က ကလပ်နဲ့ပါ အဆက်အသွယ် လုပ်ထားပြီးပြီ ဖြစ်ပေမယ့် ဒီလုပွဲမှာ ယူနိုက်တက်၊ နယူးကာဆယ်၊ ဗီလာ၊ ဘေယန်နဲ့ အာဆင်နယ် တို့ပါ ပါဝင်နေလို့ တကယ့်ကို ပွဲကြီးပွဲကောင်း ဖြစ်လာဦးမှာပါ။

တော့တင်ဟမ်ဟော့စပါး ပရိသတ်တွေ အတွက်တော့ သတင်းကောင်း ရှိနေပါတယ်။ ညာနောက်ခံလူ ပက်ဒရို ပေါ်ရိုဟာ တခြား ကလပ်တွေ စိတ်ဝင်စားနေပေမယ့် စပါးမှာပဲ သူ့အနာဂတ်ကို ဆက်လက် မြှုပ်နှံဖို့ (၄) နှစ် စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် မှာတော့ ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ စာချုပ်သစ်ကိစ္စက တင်းမာနေဆဲပါ။ ဗင်နီးစီးယပ်စ်က အမ်ဘာပေးထက် လစာပိုရပြီး အသင်းမှာ လစာအများဆုံး ဖြစ်ချင်နေပေမယ့် ရီးရဲလ်မက်ဒရစ် ကတော့ သူတို့ရဲ့ လစာဖွဲ့စည်းပုံကို အပျက်မခံနိုင်တာကြောင့် ဒီအတိုင်းဆို ကျောနံပါတ် (၇) အသင်း ကနေ ထွက်ခွာရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဟူးလ်မန်းကို ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် များစွာ ကလည်း စောင့်ကြည့်နေပါသေးတယ်။
ပရီးမီးယားလိဂ် ကလပ်တွေနဲ့ အပြိုင် မော်တန် ဟူးလ်မန်းကို ခေါ်ယူချင်နေတဲ့ မော်ရင်ညို

တခြား တစ်ဖက်မှာ ရီးရဲလ်ရဲ့ နည်းပြသစ် ဟိုဆေး မော်ရင်ညိုဟာ စပို့တင်းလစ္စဘွန်းရဲ့ ကွင်းလယ်လူ မော်တန် ဟူးလ်မန်းကို ခေါ်ချင်နေပါတယ်။ ဒါပေမယ့် သူ့မှာ ဒေါ်လာ ၉၂.၆ သန်းတန် စာချုပ်ဖျက်သိမ်းကြေး ရှိနေသလို၊ အက်တလက်တီကိုမက်ဒရစ် ကလည်း ယူရို သန်း ၄၀ နဲ့ ကမ်းလှမ်းထားပြီးသားမို့ မော်ရင်ညို အတွက်တော့ မလွယ်ကူတဲ့ အပြောင်းအရွှေ့ပါ။ ဟူးလ်မန်းကို ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် များစွာ ကလည်း စောင့်ကြည့်နေပါသေးတယ်။

အက်တလက်တီကို အနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်စ် ကိုသာ လက်လွှတ်ရရင် အစားထိုးဖို့ အတွက် ဒေါ့မန် တိုက်စစ်မှူး ဆာဟူး ဂီရက်ဆီ ကိုလည်း နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါသေးတယ်။

ဘာစီလိုနာ တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးဟာ အမေရိကန် မေဂျာလိဂ် ကလပ် ချီကာဂို ဖိုင်းယားကို ပြောင်းမလား ဆိုတာ ဆုံးဖြတ်ဖို့ အမေရိကန်ကို သွားနေပါပြီ။ ဘာဆာ ကတော့ လီဝမ်ဒေါစကီးရော၊ ရက်ရှ်ဖို့ဒ်ပါ ထွက်ခွာမယ့် အခြေအနေကြောင့် တိုက်စစ်မှူး ဖာရန်း တောရက်စ်ကို အသင်းမှာ ဆက်ထိန်းဖို့ စာချုပ်သက်တမ်းတိုးခြင်းကို အမြန်ဆုံး အရှိန်မြှင့် ဆောင်ရွက်နေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်