နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကမ္ဘာ့ဖလား ၂၀၂၆ – အုပ်စု (G) အကြိုသုံးသပ်ချက်နဲ့ ခန့်မှန်းချက်များ

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု (G) မှာတာ့ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ အီရန် နဲ့ နယူးဇီလန် အသင်း တို့ ပါဝင်နေပါတယ်။ ဘယ်လ်ဂျီယံ အသင်းဟာ ဇွန် ၁၅ ရက်နေ့ စီအက်တဲလ်မြို့မှာ အီဂျစ် အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒါဟာ ကမ္ဘာ့အဆင့်မီ ကစားသမားတွေ ဖြစ်ကြတဲ့ ကီဗင် ဒီဘရွန်းနား နဲ့ မိုဟာမက် ဆာလာတို့ ထိပ်တိုက်တွေ့ဆုံမှုကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ရမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာ အီရန်နဲ့ နယူးဇီလန် အသင်း တို့လည်း ပါဝင်နေပြီး ဒီနှစ်သင်းစလုံးဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမအဆင့် (အုပ်စုအဆင့်) ကို တစ်ခါမှ ကျော်ဖြတ်နိုင်ခဲ့ဖူးခြင်း မရှိပါဘူး။

သူတို့ရဲ့ ‘ရွှေရောင်မျိုးဆက်’ (Golden Generation) ကာလတွေ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တဲ့ ဘယ်လ်ဂျီယံ အသင်း အနေနဲ့ အခုလို ကြီးမားတဲ့ စင်မြင့်ထက်မှာ သက်ရောက်မှုတစ်ခုခုပြသဖို့ တိုက်စစ်စွမ်းရည် လုံလောက်မှု ရှိပါဦးမလား။ မိုဟာမက် ဆာလာ အနေနဲ့ရော ကလပ်အသင်းမှာ ရုန်းကန်ခဲ့ရတဲ့ ရာသီဆိုးကို မေ့ဖျောက်ပြီး အီဂျစ် အသင်းကို ရှုံးထွက်အဆင့်ဆီ ဦးဆောင်ခေါ်သွားနိုင်မလား။ ပြီးတော့ အီရန် ဒါမှမဟုတ် နယူးဇီလန် အသင်းတွေကရော သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် အုပ်စုအဆင့်ကို ကျော်ဖြတ်ပြနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

အုပ်စု (G) အတွက် စူပါကွန်ပြူတာရဲ့ ရလဒ်ခန့်မှန်းချက်များ

  • ဘယ်လ်ဂျီယံ – နောက်တစ်ဆင့်တက်ရန် အလားအလာ ၈၉.၆% (အုပ်စုပထမရရန် ၅၁.၉%)
  • အီဂျစ် – နောက်တစ်ဆင့်တက်ရန် အလားအလာ ၆၈.၂% (အုပ်စုပထမရရန် ၂၀.၃%)
  • အီရန် – နောက်တစ်ဆင့်တက်ရန် အလားအလာ ၆၄.၃%
  • နယူးဇီလန် – အုပ်စုအဆင့်မှ ထွက်ခွာရရန် အလားအလာ ၅၂.၂% (နောက်တစ်ဆင့်တက်ရန် ၄၇.၈%)
 

အသင်းအလိုက် အသေးစိတ်သုံးသပ်ချက်

၁။ ဘယ်လ်ဂျီယံ

ဘယ်လ်ဂျီယံ ကတော့ ကမ္ဘာ့အဆင့် (၁) နေရာမှာ ရေရှည် ရပ်တည်ခဲ့ဖူးတဲ့ အသင်းပါ။ ဂိုးသမား သီဘောက် ကော့တွာစ်ဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက ပေါင်ခြံဒဏ်ရာကြောင့် နှစ်လနီးပါး အနားယူခဲ့ရပြီး မေလမှသာ ပြန်လည် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနား ဟာလည်း ပေါင်ခြံဒဏ်ရာ ပြင်းထန်စွာ ခံစားခဲ့ရလို့ နာပိုလီ အသင်း အတွက် စီးရီးအေ ပွဲစဉ် ၁၃ ပွဲသာ ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ကလပ်အသင်းဖော်လည်းဖြစ်၊ နိုင်ငံအသင်းဖော်လည်း ဖြစ်တဲ့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူ ကတော့ ဒဏ်ရာ ပြဿနာတွေကြောင့် ပြီးခဲ့တဲ့ရာသီက နာပိုလီ အသင်း အတွက် တစ်ပွဲမှ ပွဲထွက်ခွင့်မရခဲ့ဘဲ မကြာသေးမီက ဘယ်လ်ဂျီယံ နည်းပြ ရူဒီ ဂါစီယာ ရဲ့ “ ကြံ့ခိုင်မှု မပြည့်ဝဘူး” ဆိုတဲ့ ဝေဖန်မှုကိုပါ ခံခဲ့ရပါတယ်။ အက်ဇဲလ် ဝစ်ဆဲလ်နဲ့ သောမတ်စ် မူနီယာ တို့လည်း အသင်းမှာ ပါဝင်နေဆဲ ဖြစ်ပေမယ့် သူတို့ဟာ ထိပ်တန်း အဆင့်အတန်းမျိုးတော့ မရှိတော့ပါဘူး။

ဒါကြောင့် ဒီနွေရာသီပြိုင်ပွဲမှာ ဘယ်လ်ဂျီယံတို့ အောင်မြင်မှု ရဖို့ ဆိုရင် မျိုးဆက်သစ် လူငယ်တွေ အပေါ် ပိုမိုမှီခိုရဖို့ ရှိနေပါတယ်။ လိုင်လီ အသင်းရဲ့ တောင်ပံ ကစားသမား မာတီယက်စ် ဖာနန်ဒက်စ်-ပါဒို ကို ကလပ် အသင်းကြီးတွေ မျက်စိကျနေသလို၊ ချားလ်စ် ဒီ ကတ်တယ်လာရီ ဟာလည်း အီတလီမြေမှာ အမြဲတမ်း အထင်ကြီးခံရသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်လ်ဂျီယံ အသင်း အုပ်စုအဆင့် ကျော်ဖြတ်နိုင်ဖို့ အတွက် အဓိက အလှည့်အပြောင်း ဖန်တီးပေးမယ့်သူ ကတော့ မန်စီးတီး အသင်းမှာ ရာသီကောင်း တစ်ခုကို ဖြတ်သန်းလာခဲ့တဲ့ ဂျရယ်မီ ဒိုကု ပဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ဘယ်လ်ဂျီယံ နောက်တစ်ဆင့် တက်ဖို့ ၈၉.၆% အထိ ရှိနေတာဟာ သူ့အပေါ် အများကြီး မူတည်နေပါတယ်။ ဒိုကုဟာ ခြေစစ်ပွဲစဉ်တွေ အတွင်း တော်တော်လေးကို ခြေစွမ်းပြခဲ့ပြီး တစ်ကိုယ်တော် ဆွဲပြေးမှု ၄၇ ကြိမ်အထိ ပြုလုပ်ကာ တခြား ဥရောပ ကစားသမားတွေထက် အနည်းဆုံး ၂၀ ကြိမ် ပိုမိုများပြားခဲ့သလို ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံး ထိချက် ၁၁၀ ကြိမ်နဲ့ တခြား ပြိုင်ဘက်တွေထက် ၄၂ ကြိမ်ထက်မနည်း သာလွန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘယ်လ်ဂျီယံဟာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတေ စာရင်းထဲမှာ မပါဝင်ပါဘူး။ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ သူတို့ဟာ ချန်ပီယံ ဖြစ်ဖို့ ၂.၄% သာ အခွင့်အရေး ရှိပြီး နယ်သာလန် (၄.၀%) နဲ့ နော်ဝေ (၃.၃%) တို့ရဲ့နောက် (၁၀) နေရာမြောက် မှာသာ ရှိနေပါတယ်။ ဒါကြောင့် သူတို့ကို ဖြတ်မြင်း အသင်း တစ်သင်း အဖြစ်သာ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

 

၂။ အီဂျစ်

အီဂျစ် အသင်းဟာ အုပ်စု (G) မှာ ဘယ်လ်ဂျီယံရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာဖို့ ရှိပြီး နောက်တစ်ဆင့်တက်ဖို့ ၆၈.၂% နဲ့ အုပ်စု ပထမရဖို့ ၂၀.၃% အခွင့်အရေး ရှိနေပါတယ်။ ဒါပေမယ့် အဆိုပါ ခန့်မှန်းချက်တွေ အတိုင်း ဖြစ်လာဖို့ဆိုရင် သူတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်းမှတ်တမ်းဆိုးကို အကြီးအကျယ် ပြုပြင် ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား သမိုင်းမှာ နိုင်ပွဲ တစ်ပွဲမှ မရဘဲ ပွဲအများဆုံး ကစားထားတဲ့ မှတ်တမ်းမှာ ဟွန်ဒူးရပ်စ် (၉ ပွဲ) ပြီးရင် အီဂျစ် (၇ ပွဲ) က ဒုတိယအများဆုံး ဖြစ်နေလို့ပါပဲ။

ကမ္ဘာ့ဖလား သမိုင်းမှာ နိုင်ပွဲ တစ်ပွဲမှ မရဘဲ ပွဲအများဆုံး ကစားထားတဲ့ မှတ်တမ်းမှာ ဟွန်ဒူးရပ်စ် (၉ ပွဲ) ပြီးရင် အီဂျစ် (၇ ပွဲ) က ဒုတိယအများဆုံး ဖြစ်နေလို့ပါပဲ။
ဘယ်လ်ဂျီယံ အတွက် အဓိက ပြိုင်ဘက် ဖြစ်လာဖို့ ရှိနေတဲ့ အီဂျစ်

မိုဟာမက် ဆာလာ ရဲ့ လစ်ဗာပူးလ် ကစားသမားဘဝဟာ ကလပ်အသင်း အတွက်ရော သူ့အတွက်ပါ ရာသီဆိုး တစ်ခု ဖြစ်ခဲ့လို့ စိတ်ပျက်စရာနဲ့ အဆုံးသတ်ခဲ့ရပေမယ့် သူဟာ အီဂျစ်အသင်းရဲ့ ငြင်းပယ်လို့ မရတဲ့ အဓိက ခေါင်းဆောင် ဖြစ်နေဆဲပါ။ သူဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ အတွင်း ၉ ဂိုးသွင်း၊ ၃ ကြိမ် ဖန်တီးပေးခဲ့လို့ အီဂျစ်အသင်းရဲ့ သွင်းဂိုး စုစုပေါင်းရဲ့ ၆၀% မှာ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ ဆာလာဟာ အီဂျစ် အသင်း အတွက် ၆၇ ဂိုး သွင်းယူထားပြီး နိုင်ငံအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာဖို့ ၃ ဂိုးသာ လိုပါတော့တယ်။ ဆာလာရဲ့ အထက်မှာ ရှိနေတဲ့သူ ကတော့ လက်ရှိ အီဂျစ်အသင်းရဲ့ နည်းပြချုပ် ဖြစ်ပြီး ကစားသမားဘဝတုန်းက ၆၉ ဂိုး သွင်းခဲ့တဲ့ ဟော့ဆမ် ဟတ်ဆန်ပဲ ဖြစ်ပါတယ်။

 

၃။ အီရန် 

အီရန် အသင်းဟာ ကမ္ဘာ့ဖလား အတွေ့အကြုံ အများကြီး ရှိတဲ့ အသင်း ဖြစ်ပြီး ဒါဟာ သူတို့ရဲ့ (၇) ကြိမ်မြောက် ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်မှု ဖြစ်ကာ ၂၁ ရာစုအတွင်းမှာ ၅ ကြိမ်မြောက် ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ သူတို့ရဲ့ ပါဝင် ယှဉ်ပြိုင်မှုတွေဟာ အောင်မြင်မှု မရရှိခဲ့ပါဘူး။ အီရန်ဟာ အုပ်စု အဆင့်ကို တစ်ခါမှ မကျော်ဖြတ်နိုင်သေးဘဲ ကမ္ဘာ့ဖလားသမိုင်းမှာ အုပ်စုမတက်နိုင်ဘဲ ပြိုင်ပွဲ အများဆုံး ဝင်ပြိုင်ထားတဲ့ မှတ်တမ်းမှာ စကော့တလန် (၈ ကြိမ်) ပြီးရင် ဒုတိယအများဆုံး ဖြစ်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ဖလားပွဲစဉ် ၁၅ ပွဲနဲ့ အထက် ကစားဖူးတဲ့ အသင်းတွေထဲမှာ အီရန်ဟာ တစ်ပွဲ ပျမ်းမျှ သွင်းဂိုး (၀.၇၂ ဂိုး) နဲ့ ဂိုးသွင်း အနည်းဆုံး အသင်း ဖြစ်နေသလို၊ နိုင်ပွဲ ရရှိမှုနှုန်း မှာလည်း ဘူလ်ဂေးရီးယား (၁၁.၅%) ပြီးရင် ဒုတိယအနည်းဆုံး (၁၆.၇%) သာ ရှိပါတယ်။

ဒီလို မှတ်တမ်းဆိုးတွေ ရှိနေပေမဲ့လည်း အီရန် အသင်းကို အုပ်စုကနေ နောက်တစ်ဆင့်တက်ဖို့ ၆၄.၃% အထိ အခွင့်အရေးပေးထားရတဲ့ အဓိက အချက်ကတော့ အုပ်စုတွင်းက စတုတ္ထမြောက် အသင်း ဖြစ်တဲ့ နယူးဇီလန် အသင်းရဲ့ အားနည်းချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

 

၄။ နယူးဇီလန် 

‘The All Whites’ လို့ အမည်ရတဲ့ နယူးဇီလန် အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှ မနိုင်ဖူးသေးဘဲ စူပါကွန်ပျူတာရဲ့ ပုံတူတွက်ချက်မှု ၂၅,၀၀၀ အရ ၅၂.၂% သော အခြေအနေတွေမှာ အုပ်စု အဆင့် ကနေပဲ ထွက်ခွာရလိမ့်မယ်လို့ ပြသနေပြီး၊ နောက်တစ်ဆင့် တက်ဖို့ ၄၇.၈% သာ အခွင့်အရေး ရှိပါတယ်။သူတို့ကို အင်္ဂလန် လူမျိုး နည်းပြ ဒါရင် ဘေဇလေက ဦးဆောင်လာမှာ ဖြစ်ပါတယ်။ သူဟာ ၂၀၂၄ ခုနှစ်မှာ နယူးဇီလန်နဲ့ အတူ သမုဒ္ဒရာပိုင်းဖလားကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပြီး ဂျွန် အက်ဒ်ရှက်ဒ် (၁၉၈၂) နဲ့ ရစ်ကီ ဟာဘတ် (၂၀၁၀) တို့ ပြီးရင် နယူးဇီလန်ကို ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ ဦးဆောင်ခေါ်ယူနိုင်တဲ့ တတိယမြောက် နည်းပြ ဖြစ်လာခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်