ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာက တချိန်က ထိပ်တန်း အသင်းကြီး တစ်သင်း ဖြစ်ခဲ့ပေမယ့် အဓိက ဆုဖလားတွေနဲ့ ဝေးကွာနေတာ အတော်ကြာပါပြီ။ ဗီလာတို့ အဓိက ဆုဖလား တစ်လုံးကို နောက်ဆုံး ရခဲ့တာက ဂျွန် မေဂျာ ဗြိတိန် ဝန်ကြီးချုပ် ဖြစ်နေချိန်၊ တယ်ရီ ဗင်းနဘယ်လ် အင်္ဂလန် နည်းပြ လုပ်နေချိန်နဲ့ Prodigy အဖွဲ့ရဲ့ “ Firestarter” သီချင်း ယူကေ တေးဂီတ ဇယားမှာ ထိပ်ဆုံး ရောက်နေချိန် ဖြစ်ပါတယ်။
နောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း အရာအားလုံး ပြောင်းလဲသွားခဲ့ပေမယ့် တစ်ခုတည်းသော မပြောင်းလဲတဲ့ အရာ ကတော့ ဗီလာ အသင်း ဆုဖလား လက်မဲ့ ဖြစ်နေတဲ့ ကျိန်စာပါပဲ။ လမ်းခရီး တစ်လျှောက်မှာ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ် အက်ဖ်အေဖလား ဗိုလ်လုပွဲတွေ ရောက်ခဲ့ပေမယ့် ချဲလ်ဆီးနဲ့ အာဆင်နယ် တို့ကို အသီးသီး ရှုံးနိမ့်ခဲ့ပါတယ်။ လိဂ်ဖလား မှာလည်း မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီး တို့ကို ရှုံးပြီး ဗိုလ်လုပွဲမှာ နှစ်ကြိမ်တိုင်တိုင် မျက်ရည်ကျခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်က ယူရိုပါကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ် မှာတောင် နည်းပြ အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာဟာ အိုလံပီယာကော့စ်ကို ရှုံးပြီး အခွင့်အရေးကောင်းကို လက်လွှတ်ခဲ့ရပါသေးတယ်။
ဒါပေမယ့် နှစ်နှစ်အကြာ မှာတော့ အမ်မရီဟာ ဗီလာပါ့ခ်ရဲ့ ထာဝရ ဂန္ထဝင် ဖြစ်လာဖို့ လက်တစ်ကမ်း အလိုကို ရောက်ရှိလာပါပြီ။ ပြီးခဲ့တဲ့ တပတ်က ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ နော့တမ်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ ဗီလာဟာ ၁၉၈၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ဥရောပ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။
အဲဒီညမှာ မက်ဂင်းန်က အကောင်းဆုံး ကစားနိုင်ခဲ့သလို၊ အိုလီ ဝက်ကင်းစ် ကလည်း အသင်း အတွက် အဖွင့်ဂိုးကို အချိန်ကိုက် သွင်းယူပေးခဲ့ပါတယ်။ ရှေ့လာမယ့် အရေးကြီး ရက်သတ္တပတ်တွေမှာ ဝက်ကင်းစ် တစ်ယောက် ခြေစွမ်းအထွပ်အထိပ်ကို ရောက်နေတာက ဗီလာ အတွက်တော့ အားတက်စရာပါပဲ။
ဖောရက်စ် ခံစစ်အတွက် အိမ်မက်ဆိုး ဖြစ်ခဲ့တဲ့ ဝက်ကင်းစ်
ပထမအကျော့မှာ တစ်ဂိုး အရှုံးပေးထားခဲ့ပေမယ့် ဗီလာပါ့ခ်ရဲ့ ပရိသတ် အားပေးသံတွေက အမ်မရီရဲ့ ကစားသမားတွေ အတွက် တွန်းအားဖြစ်စေခဲ့ပါတယ်။ ဝက်ကင်းစ်ဟာ အဲဒီပွဲမှာ တိုက်စစ်ကို ဦးဆောင်ခဲ့ပြီး ဖောရက်စ် နောက်ခံလူတွေ ဖြစ်တဲ့ မိုရာတိုနဲ့ မီလန်ကိုဗစ်တို့ အတွက် တကယ့်ကို ထိန်းရခက်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။
ဂိုးမသွင်းခင် မိနစ်ပိုင်းအလိုမှာ မိုရာတိုနဲ့ ထိခိုက်မှုဖြစ်ပြီး ခေါင်းမှာ ပတ်တီးစည်းလိုက်ရတာက ဝက်ကင်းစ်ကို ပိုပြီး ကြောက်စရာကောင်းတဲ့ ပုံစံမျိုး ပေါက်စေခဲ့ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ အီမီ ဘူအန်ဒီယာရဲ့ လှပတဲ့ ဖန်တီးမှု ကနေ တစ်ဆင့် ဝက်ကင်းစ်က အဖွင့်ဂိုးကို ပိတ်သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် မက်ဂင်းန် သွင်းယူခဲ့တဲ့ တတိယဂိုး အတွက်လည်း သူကပဲ အချိန်ကိုက် ဖန်တီးပေးခဲ့တာပါ။ အဲဒီပွဲမှာ ဝက်ကင်းစ်ဟာ ဂိုးကန်ချက် ၄ ကြိမ် ပြုလုပ်ခဲ့သလို Ariel အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
အချိန်ကိုက် ခြေစွမ်းတက်လာခြင်း
အူနိုင်း အမ်မရီ ၂၀၂၂ အောက်တိုဘာမှာ စတင်ကိုင်တွယ်ကတည်းက ဝက်ကင်းစ်နဲ့ သူဟာ လိုက်ဖက်ညီတဲ့ အတွဲအဖက်တွေ ဖြစ်လာခဲ့ပါတယ်။ ဘရန့်ဖို့ဒ် တိုက်စစ်မှူးဟောင်း ဝက်ကင်းစ်ဟာ အမ်မရီ လက်အောက်မှာ ပရီးမီးယားလိဂ် အပါအဝင် ပွဲပေါင်း ၁၈၅ ပွဲ ကစားပြီး ၇၅ ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။

ဒီရာသီအစပိုင်း မှာတော့ ဝက်ကင်းစ် အတွက် အခြေအနေတွေက သိပ်မကောင်းခဲ့ဘဲ ခရစ္စမတ်မတိုင်ခင် အထိ ပရီးမီးယားလိဂ်မှာ ၃ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဇင်ဘာနှောင်းပိုင်းက စလို့ သူဟာ ခြေစွမ်း ပြန်တက်လာခဲ့ပါတယ်။ အမ်မရီ ကတော့ “လွန်ခဲ့တဲ့ ၃ လလောက်က သူ အနည်းငယ် စိတ်ဓာတ်ကျနေပေမယ့် အမြဲတမ်း စကားပြောပြီး တည်ငြိမ်ဖို့ ကြိုးစားခိုင်းခဲ့တယ်၊ အခုတော့ သူ ဂိုးတွေ ပြန်သွင်းနေပြီ။” လို့ ချီးကျူးခဲ့ပါတယ်။
ခရစ္စမတ်နောက်ပိုင်းမှာ ဝက်ကင်းစ်ဟာ ၁၄ ဂိုး အထိ သွင်းယူထားနိုင်ပြီး အခုဆိုရင် ဗီလာကို ပရီးမီးယားလိဂ် အဆင့် ၅ အတွင်း ဝင်ဖို့ သာမက နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး ဆုဖလား ရယူပေးဖို့ပါ နီးစပ်အောင် စွမ်းဆောင်ပေးထားပါတယ်။
ဥရောပအောင်မြင်မှုနဲ့ အင်္ဂလန် အသင်း အတွက် မျှော်လင့်ချက်
အစ္စတန်ဘူလ်မှာ ကစားမယ့် ဗိုလ်လုပွဲမှာ ဝက်ကင်းစ်သာ ဒီခြေစွမ်းအတိုင်း ပြနိုင်ရင် အင်္ဂလန် နည်းပြ သောမတ်စ် တူချယ်လ်ရဲ့ မျက်စိကျခြင်းကို ခံရမှာ သေချာပါတယ်။ မတ်လတုန်းက ခြေစမ်းပွဲတွေမှာ ချန်လှပ်ခံခဲ့ရပေမယ့် အခု တူချယ်လ် ထုတ်ပြန်ထားတဲ့ ၅၅ ဦး စာရင်း မှာလည်း ဝက်ကင်းစ် တစ်ယောက် ပါဝင်နေပါတယ်။
အင်္ဂလန် အတွက် ဟယ်ရီကိန်းက အဓိက တိုက်စစ်မှူး ဖြစ်နေပေမယ့် ဝက်ကင်းစ်ဟာ နိုင်ငံတကာပွဲ ၂၀ မှာ ၆ ဂိုး သွင်းထားနိုင်သလို၊ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်မှာ နယ်သာလန်ကို အနိုင်ရစေခဲ့တဲ့ သမိုင်းဝင်ဂိုးကို သွင်းယူခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ ကစားသမားဘဝရဲ့ အရေးအကြီးဆုံး ရက်သတ္တပတ်တွေ ရောက်ရှိလာချိန်မှာ ဝက်ကင်းစ် တစ်ယောက် စိတ်ဓာတ်ပိုင်းရော ခြေစွမ်းပိုင်းပါ အထွဋ်အထိပ် ရောက်နေတာကြောင့် ဗီလာ အသင်းကိုရော အင်္ဂလန် အသင်း ကိုပါ အောင်မြင်မှုတွေဆီ ပို့ဆောင်ပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


