နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလားမှာ ကျရှုံးပြီးနောက် အီတလီမှာ ပြုပြင်ရမယ့် အရာတွေ အများကြီး ရှိနေတယ်လို့ အီတလီ ဂန္ထဝင် ဘက်ဂျီယို သုံးသပ်

၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက် အီတလီ အသင်း အနေနဲ့ “ပြုပြင်ရမယ့် အရာတွေ အများကြီး ရှိနေတယ်” လို့ အီတလီ ဂန္ထဝင်ကစားသမားကြီး ရော်ဘတ်တို ဘက်ဂျီယို က ဝန်ခံ ပြောကြားလိုက်ပါတယ်။

အီတလီ အသင်း အနေနဲ့ လူငယ်ကစားသမားတွေ အပေါ် “ယုံကြည်မှုပေးဝံ့တဲ့ သတ္တိရှိဖို့” လိုအပ်တယ်လို့ ရော်ဘတ်တို ဘက်ဂျီယိုက ယုံကြည်နေပြီး၊ အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ခွင့် လွဲချော်ခဲ့ရပြီး နောက်ပိုင်း အသင်းမှာ “ ပြုပြင်ရမယ့် အရာတွေ အများကြီးရှိနေတယ်” လို့ ဝန်ခံလိုက်ပါတယ်။

ကမ္ဘာ့ဖလား ၄ ကြိမ်တိုင်တိုင် ဆွတ်ခူးထားဖူးတဲ့ အီတလီဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ကစားခဲ့တဲ့ ပလေးအော့ဖ် ပွဲစဉ်မှာ ဘော့စနီးယားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မြောက်အမေရိကမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို လွဲချော်ကာ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ရပါတယ်။

အီတလီဟာ နောက်ဆုံး အကြိမ် အဖြစ် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာသာ ပါဝင်ကစားခဲ့ရတဲ့ အသင်း ဖြစ်ပါတယ်။ အခုအခါ မှာတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ၃ ကြိမ် ဆက်တိုက် လွဲချော်ခဲ့ရတဲ့ ပထမဆုံး ချန်ပီယံဟောင်း အသင်း အဖြစ် မှတ်တမ်းဆိုး ဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဇီနီကာမြို့မှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ အီတလီ အသင်းရဲ့ ပွဲထွက်ကစားသမား ၁၁ ဦးစလုံးဟာ အသက် ၂၆ နှစ်နဲ့ အထက် ရှိသူတွေသာ ဖြစ်ခဲ့ပြီး၊ အဲဒီ ရှုံးနိမ့်မှု အပြီးမှာ နည်းပြ ဂန်နာရို ဂတ်တူဆို နှုတ်ထွက်သွားခဲ့တဲ့ အတွက် လက်ရှိမှာ အီတလီ အသင်းဟာ နည်းပြသစ် တစ်ဦးကို ရှာဖွေလျက် ရှိပါတယ်။

ဘက်ဂျီယိုဟာ အီတလီ အသင်း အတွက် ကမ္ဘာ့ဖလား ၃ ကြိမ် အထိ ပါဝင် ကစားပေးခဲ့ပြီး ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ ရောက်ရှိအောင် ကူညီပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ အဲဒီ ဗိုလ်လုပွဲမှာ ဘရာဇီးလ် အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့စဉ်က သူကိုယ်တိုင် အဆုံးအဖြတ် ပင်နယ်တီမှာ လွဲချော်ခဲ့ဖူးပါတယ်။

အခုလက်ရှိ အီတလီ အသင်း ရှေ့မဆက်နိုင်ဘဲ ဖြစ်နေရခြင်းရဲ့ အဓိက ပြဿနာ တစ်ခုမှာ လူငယ် ကစားသမားကောင်းတွေ ရှားပါးနေတာကြောင့် ဖြစ်တယ်လို့ ဘက်ဂျီယိုက ယူဆထားပါတယ်။ “ပြင်ဆင်ရမယ့် အရာတွေ အများကြီး ရှိနေပါတယ်” လို့ ဘက်ဂျီယိုက Corriere della Sera သတင်းစာကို ပြောကြားခဲ့ပါတယ်။

“ကလေးတွေက အရင်လို လမ်းပေါ်မှာ ဘောလုံး မကစားကြတော့ဘူး။ ပြီးတော့ စီးရီးအေ ပြိုင်ပွဲ မှာလည်း အီတလီ ကစားသမားတွေ သိပ်မရှိတော့ပါဘူး။ အကယ်၍ တခြား တစ်နေရာ ကနေ ကစားသမား တစ်ယောက်ကို ခေါ်ယူပြီး နိုင်ငံသား အဖြစ် ပြောင်းလဲ ကစားခိုင်းနေရပြီ ဆိုရင်၊ ဒါဟာ တူညီတဲ့ အဆင့်အတန်းမှာ ရှိနေတဲ့ အီတလီ ကစားသမားစစ်စစ် တစ်ယောက်ကို မရှာဖွေနိုင်ခဲ့လို့ပါပဲ။”

“ကျွန်တော်တို့ အနေနဲ့ အီတလီ လူငယ်ကစားသမားတွေကို ပွဲထွက်ခွင့် ပိုမိုပေးလာနိုင်မယ့် နည်းလမ်းမျိုးကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ပါရမီရှင် လူငယ်တွေ ကတော့ ရှိနေတုန်းပါပဲ၊ ဒါပေမယ့် သူတို့ကို ရှာဖွေ ဖော်ထုတ်ရမယ်၊ ကာကွယ်ပေးရမယ်၊ ပြီးတော့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပေးရပါမယ်။ ဒါ့အပြင် သူတို့ကို ယုံကြည်ပေးနိုင်မယ့် သတ္တိလည်း ရှိဖို့ လိုအပ်ပါတယ်။” လို့ ဘက်ဂျီယိုက ဆိုပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်