ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ နည်းပြ လီယမ် ရိုစီနီယာနဲ့ လမ်းခွဲပြီးနောက် ဆက်စ် ဖာဘရီဂတ်စ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်တဲ့ ဖာဘရီဂတ်စ် ကိုယ်တိုင် ကတော့ ဒီသတင်းတွေကို ချက်ချင်းပဲ ငြင်းဆိုလိုက်ပါတယ်။
လီယမ် ရိုစီနီယာဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပရီးမီးယားလိဂ် ကလပ်ရဲ့ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ အဲဒီနောက်မှာတော့ အသင်းရဲ့ ကွင်းလယ်လူဟောင်း ဖြစ်သလို လက်ရှိမှာ ကိုမိုကို ကိုင်တွယ်နေတဲ့ ဖာဘရီဂတ်စ် ပြန်လာမလား ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ် စပိန် လက်ရွေးစင်ဟောင်း ဖာဘရီဂတ်စ်ဟာ ၂၀၁၄ ကနေ ၂၀၁၉ အထိ ချဲလ်ဆီးမှာ ၅ နှစ်ကြာ ကစားခဲ့ပြီး ပွဲထွက် ကစားသမား အဖြစ် ၁၀၅ ပွဲ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ် (၂၀၁၅၊ ၂၀၁၇)၊ ခရာဘောင်ဖလား ၁ ကြိမ် (၂၀၁၅) နဲ့ အက်ဖ်အေဖလား ၁ ကြိမ် (၂၀၁၈) တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ကိုမို အသင်းရဲ့ နည်းပြ အဖြစ် တာဝန်ယူခဲ့ပြီး ၂၁ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ စီးရီးအေ ပြိုင်ပွဲဆီသို့ ၂၀၂၄ ခုနှစ်မှာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက စီးရီးအေမှာ အဆင့် ၁၀ ရရှိခဲ့သလို လက်ရှိ မှာလည်း အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။

ကိုမိုဥက္ကဋ္ဌ မာဝန် ဆူဝါဆို ကတော့ ဖာဘရီဂတ်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ အခုလို ပြောကြားခဲ့ပါတယ်။ “ဒီအပြောင်းအလဲက သူ့ကို ပျော်ရွှင်စေမယ် ဆိုရင် ဒါဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ပါ။ ဝန်ထမ်းတွေကို အတူရှိစေချင်ပေမယ့် နောက်ဆုံး မှာတော့ ကျွန်တော် တို့က သူ့ကို ပိုင်ဆိုင်ထားတာ မဟုတ်ပါဘူး။ သူ ချဲလ်ဆီးကို သွားချင်တယ် ဆိုရင် သွားဖို့ လွတ်လပ်ခွင့် ရှိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဖာဘရီဂတ်စ် ကတော့ ဒီသတင်းတွေကို ချက်ချင်းပဲ ငြင်းဆိုလိုက်ပါတယ်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာ မရှိပါဘူး။ အခုလို အချိန်မျိုးမှာ ဒါကို စဉ်းစားနေတာက အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော့်ရဲ့ အာရုံစိုက်မှုက ဂျီနိုအာနဲ့ ကစားရမယ့် နောက်ပွဲစဉ် အပေါ် မှာပဲ ရှိပါတယ်။ ကျွန်တော် ကိုမို အသင်းရဲ့ နည်းပြ အဖြစ်ပဲ ဆက်လက် ရှိနေမယ်လို့ ယုံကြည်ပါတယ်။” လို့ ဖာဘရီဂတ်စ်က သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကို ပြောကြားခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ကမှ ၆ နှစ် စာချုပ်ချုပ်ဆိုခဲ့တဲ့ ရိုစီနီယာ တာဝန်ယူပြီး ၁၀၆ ရက် အကြာမှာတင် ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘရိုက်တန်ကို ၃-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး ၅ ပွဲ ဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းဆိုးဟာ သူ့ကို ထုတ်ပယ်ဖို့ အဓိက အကြောင်းရင်း ဖြစ်ခဲ့ပါတယ်။လက်ရှိမှာတော့ ယာယီနည်းပြ ကယ်လမ် မက်ဖာလိန်းက ချဲလ်ဆီးကို ရာသီကုန် အထိ တာဝန်ယူသွားမှာ ဖြစ်ပြီး ဒီကနေ့ ညမှာ လိဒ်စ်ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ကစားရဖို့ ရှိနေပါတယ်။ အခုလို ဖာဘရီဂတ်စ် အနေနဲ့ ချဲလ်ဆီးရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်ခဲ့တဲ့ အတွက် ချဲလ်ဆီးရဲ့ နည်းပြသစ် လျာထားချက် စာရင်းမှာ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇာဘီ အလွန်ဆိုနဲ့ ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗားတို့ ထိပ်ဆုံးက ရေပန်းစားလာခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


