တော့တင်ဟမ်ဟော့စပါး ကတော့ ညက ကစားခဲ့တဲ့ ဝုဗ်နဲ့ ပွဲမှာ ၂၀၂၆ ခုနှစ်အတွင်း သူတို့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တန်းဆင်းဇုန် အန္တရာယ် အတွင်းက အဓိက ပြိုင်ဘက်တွေ ရလဒ်ကောင်းတွေ ရရှိခဲ့တာကြောင့် စိုးရိမ်စရာတော့ ရှိနေဆဲ ဖြစ်ပါတယ်။
မိုလီနက်စ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ စပါးဟာ တန်းဆင်းသွားခဲ့ပြီး ဖြစ်တဲ့ ဝုဗ် အသင်းကို ၀-၁ ရလဒ်နဲ့ အဖိုးတန် နိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၈၂ မိနစ်မှာ ယာအို ပါလ်ဟင်ဟာ သွင်းယူပေးခဲ့တဲ့ တစ်လုံးတည်းသော ဂိုးက စပါး အတွက် အဖိုးတန် ၃ မှတ်ကို ရရှိစေခဲ့ပြီး ၁၅ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေမှု ကိုလည်း အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် စပါးဟာ တန်းဆင်းဇုန် ကနေ ယာယီလွတ်မြောက်သလို ဖြစ်ခဲ့ပေမယ့် မိနစ်ပိုင်း အတွင်းမှာ ဝက်စ်ဟမ်းက အဲဗာတန်ကို အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် စပါးတို့ ဒီတစ်ပတ် မှာလည်း တန်းဆင်းဇုန် အတွင်းမှာပဲ ဆက်လက် ရပ်တည်နေခဲ့ရပါတယ်။
ပထမပိုင်း မှာတော့ နှစ်သင်းစလုံး အပြန်အလှန် ထိန်းကစားခဲ့ကြပြီး စပါး အနေနဲ့ အခွင့်အရေး သိပ်မဖန်တီးနိုင်ခဲ့ပါဘူး။ ဒီလို အခြေအနေ မကောင်းနေစဉ်မှာပဲ စပါးရဲ့ ကံဆိုးမှုတွေက ဆက်တိုက် ဖြစ်လာခဲ့ပြီး တိုက်စစ်မှူး ဒေါမနစ် ဆိုလန်ကီ တယောက် ဒူးဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ ဒီရာသီမှာ အသင်း အတွက် ပွဲ ၂၀ သာ ကစားပေးရသေးတဲ့ အင်္ဂလန် တိုက်စစ်မှူးဟာ ဒီရာသီမှာ လက်ကျန် ပွဲတွေကို ကစားနိုင်ဖို့ မသေချာတော့ပါဘူး။ ဒါ့အပြင် ဒုတိယပိုင်း မှာလည်း လူငယ်ကစားသမား ဇာဗီ ဆိုင်မွန်စ်ဟာ ဒူးဒဏ်ရာကြောင့်ပဲ ကွင်းထဲ ကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရပြန်ပါတယ်။
ရော်ဘတ်တို ဒီဇာဘီရဲ့ စပါးဟာ ပွဲချိန် ၆၉ မိနစ်ကျမှ စတင် ဂိုးပေါက်တည့်ခဲ့ပါတယ်။ ဒါပေမယ့် ဘန်တန်ကူရဲ့ ခေါင်းတိုက်ချက်ကို ဝုဗ် ဂိုးသမား ဂျိုဆေး ဆားက အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် စပါးတို့ ဂိုးမရခဲ့ပါဘူး။ ပွဲချိန် ၈၂ မိနစ် မှာတော့ ရစ်ချာလီဆင်ရဲ့ ဖန်တီးပေးမှုက တဆင့် လူစားဝင် ကစားသမား ပါလ်ဟင်ဟာက အနီးကပ် ပိတ်သွင်းပြီး စပါး အတွက် အဖိုးတန် အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။
အနိုင်ဂိုး မရခင်မှာ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ စပါး အသင်း ပရီးမီးယားလိဂ် ကနေ တန်းဆင်းရဖို့ အခွင့်အရေးဟာ ၇၁.၄ ရာခိုင်နှုန်း အထိ ရှိခဲ့ပါတယ်။ ပါလ်ဟင်ဟာရဲ့ ဂိုးကြောင့် ၄၂.၅ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ပေမယ့် ပြိုင်ဘက် ဝက်စ်ဟမ််က နောက်ဆုံး မိနစ်မှာ အနိုင်ရသွားခဲ့တာကြောင့် စပါးတို့ တန်းဆင်းရမယ့် အခွင့်အရေးက ၆၀.၂ ရာခိုင်နှုန်း အထိ ပြန်တက်လာခဲ့ပါတယ်။အကျဉ်းချုပ်အားဖြင့် ဆိုရရင်တော့ စပါး အသင်းဟာ ၁၉၉၂-၉၃ ခုနှစ် ပရီးမီးယားလိဂ် စတင်ကတည်းက တစ်ခါမှ တန်းမဆင်းဖူးသေးတဲ့ အသင်း ၆ သင်းထဲက တစ်သင်း ဖြစ်ပါတယ်။ အခုပွဲမှာ အနိုင်ရခဲ့ပေမယ့် ဘေးကင်းရာဇုန်နဲ့ ၂ မှတ် အကွာမှာ ရှိနေဆဲ ဖြစ်ပြီး ကျန်တဲ့ ၄ ပွဲ မှာလည်း ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ကစားရဖို့ ရှိနေတာကြောင့် စပါး တို့ရဲ့ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားရမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ စပါးဟာ လက်ကျန် ပွဲစဉ်တွေ အဖြစ် အက်စတွန်ဗီလာ၊ လိဒ်စ်ယူနိုက်တက်၊ ချဲလ်ဆီး၊ အဲဗာတန် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


