နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ခရီမိုနိစ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိတ်ချရသလောက် ရှိသွားတဲ့ နာပိုလီ | စီးရီးအေ

နာပိုလီ ကတော့ ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ခရီမိုနိစ်ကို ၄-၀ နဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။ Stadio Diego Armando Maradona မှာ ကစားခဲ့တဲ့ ဒီပွဲမှာ နာပိုလီက တစ်ပွဲလုံး ပြိုင်ဘက်ကို အသာစီးနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပြီး စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း အခွင့်အရေးတွေ ပိုမိုခိုင်မာလာခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း 

နည်းပြ အန်တိုနီယို ကွန်တီရဲ့ နာပိုလီဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၅ နေရာက ကိုမိုထက် ၁၁ မှတ် အသာရသွားပြီး ရာသီကုန်ဖို့ ၄ ပွဲအလိုမှာ ထိပ်ဆုံး ၄ သင်း နေရာ ဝင်ဖို့ သေချာသလောက် ရှိသွားပြီ ဖြစ်ပါတယ်။ ပွဲအစ ၃ မိနစ် မှာတင် ကွင်းလယ်လူ စကော့တ် မက်တော်မီနေးက ကီဗင် ဒီဘရွန်းနားရဲ့ ဖန်တီးပေးမှုက တဆင့် အဝေးကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီး မှာတော့ တိုက်စစ်မှူး ရက်စ်မက် ဟွိုက်ဂျ်လန်းက ဒုတိယဂိုး သွင်းခဲ့ပြီး၊ နာကျင်အချိန်ပိုမှာ ကီဗင် ဒီဘရွန်းနားက တတိယဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာတင် နာပိုလီတို့ ၃ ဂိုးပြတ်နဲ့ ပွဲကို အပြတ်အသတ် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း အစ ၅၂ မိနစ် မှာတော့ အလီဆွန် ဆန်းတို့စ်က တစ်ကိုယ်တော် စွမ်းရည်နဲ့ အသင်း အတွက် စတုတ္ထမြောက်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး ၈၃ မိနစ်မှာ မက်တော်မီနေး ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ပြိုင်ဘက် ဂိုးသမား ကာကွယ်သွားနိုင်ခဲ့လို့ ၅ ဂိုးမြောက်နဲ့ လွဲချော်ခဲ့ရပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဒီနိုင်ပွဲကြောင့် နာပိုလီဟာ စီးရီးအေ အမှတ်ပေးဇယား ထိပ်က အင်တာမီလန်ကို ဆက်လက် ဖိအားပေးနိုင်ခဲ့သလို နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း စိတ်အေးသွားရပြီ ဖြစ်ပါတယ်။
အင်တာမီလန်နဲ့ ၉ မှတ် ပြတ်နေဆဲ ဖြစ်တဲ့ နာပိုလီ

ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ ကီဗင် ဒီဘရွန်းနား အတွက် ဥရောပ ထိပ်သီးလိဂ် ၅ ခု အတွင်း သူရဲ့ ဂိုး ၁၀၀ မြောက် မှတ်တိုင် ဖြစ်ပါတယ်။ ၂၀၁၂-၁၃ ရာသီက စလို့ အခုအချိန်အထိ ကွင်းလယ်လူတွေထဲမှာ မာကို ရိုက်စ် တစ်ဦးတည်းသာ ဒီလို မှတ်တိုင်မျိုးကို စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နာပိုလီဟာ ဒီရာသီမှာ စီးရီးအေကို တန်းတက်လာတဲ့ အသင်းတွေနဲ့ ကစားခဲ့တဲ့ ၅ ပွဲစလုံးကို အနိုင်ရရှိထားပါတယ်။ အဲဒီ ၅ ပွဲမှာ သွင်းဂိုး ၁၂ ဂိုး ရှိပြီး ပေးဂိုး ၂ ဂိုးသာ ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၂၀-၂၁ ရာသီ နည်းပြ ဂန်နာရို ဂတ်တူဆို လက်ထက် နောက်ပိုင်း တန်းတက် အသင်းတွေ အပေါ် အကောင်းဆုံး စံချိန်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နာပိုလီဟာ ဒီပွဲမှာ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၅ ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ဂိုးရနိုင်ခြေ (xG) ၂.၈၆ အထိ ရှိခဲ့ပါတယ်။ ပြိုင်ဘက် ခရီမိုနိစ် အသင်း ကိုတော့ ဂိုးကန်သွင်းခွင့် ၇ ကြိမ်သာ ပေးခဲ့ရပြီး ဂိုးရနိုင်ခြေ (xG) ၀.၂၇ သာ ရှိခဲ့တဲ့အတွက် နာပိုလီတို့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် နာပိုလီဟာ စီးရီးအေ အမှတ်ပေးဇယား ထိပ်က အင်တာမီလန်ကို ဆက်လက် ဖိအားပေးနိုင်ခဲ့သလို နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း စိတ်အေးသွားရပြီ ဖြစ်ပါတယ်။ လက်ရှိမှာ နာပိုလီက ရမှတ် ၆၉ မှတ် ရရှိထားပြီး အေစီမီလန်ကို ၃ မှတ် ဖြတ်ထားနိုင်ပေမယ့် တစ်ပွဲ ပိုကစားထားတာကြောင့် အဆင့် ၂ နေရာက စိတ်မချရသေးပါဘူး။ ဒါ့အပြင် နာပိုလီဟာ အင်တာမီလန်နဲ့ ၉ မှတ် အထိ ပြတ်နေတာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့တော့ ဖြစ်နိုင်ခြေ တော်တော်လေး နည်းပါးနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်