နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

လက်ရှိ ရီးရဲလ်မက်ဒရစ် ကြုံတွေ့နေရတဲ့ အဓိက ပြဿနာတွေကို ထောက်ပြခဲ့တဲ့ ကာရင်မ် ဘန်ဇီမာ | လာလီဂါ

ရီးရဲလ်မက်ဒရစ် ဂန္ထဝင် တိုက်စစ်မှူးဟောင်း ကာရင်မ် ဘန်ဇီမာက လက်ရှိ ရီးရဲလ်မက်ဒရစ် ကြုံတွေ့နေရတဲ့ အဓိက ပြဿနာတွေကို ထောက်ပြလိုက်ပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ သူတွဲဖက် ကစားခဲ့စဉ်က အခြေအနေတွေ အပေါ် မူတည်ပြီး အကြံပြုချက် တချို့ ပြောကြားသွားခဲ့ပါတယ်။ 

 

ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက အားနည်းချက် – “ အသင်းလိုက်ကစားမှု မရှိခြင်း”

ဘန်ဇီမာက လက်ရှိ ရီးရဲလ်မက်ဒရစ်ဟာ ပြိုင်ဘက် ပီအက်စ်ဂျီနဲ့ မတူဘဲ “အသင်းလိုက် စုစည်းမှု မရှိဘဲ” ကစားနေကြတယ်လို့ ဝေဖန်ခဲ့ပါတယ်။ သူ့ရဲ့ အမြင်အရ ပီအက်စ်ဂျီမှာ လူစားဝင်လာတဲ့ ကစားသမားတွေဟာ ပွဲထွက် ကစားသမားတွေထက် ပိုပြီး စွမ်းဆောင်ရည်ပြနိုင်သလို၊ ဘေးထိုင်နေရတဲ့သူတွေ ကလည်း စိတ်မဆိုးဘဲ အသင်း အတွက် ဘာလုပ်ပေးရမလဲ ဆိုတာ ကောင်းကောင်း သိကြပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ အူစမန်နီ ဒမ်ဘီလီ တစ်ယောက်က လွဲရင် ကြယ်ပွင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတာ မဟုတ်ပေမယ့် တစ်သင်းလုံးက ပြိုင်ဘက်ကို ဖိအားပေးတာ၊ ခုခံကာကွယ်တာနဲ့ တိုက်စစ်ဆင်တာတွေကို စုစုစည်းစည်း လုပ်ဆောင်ကြပါတယ်။

လက်ရှိ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် မှာတော့ အခြေအနေတွေက တော်တော်လေး ခက်ခဲနေပါတယ်။ အထူးသဖြင့် အမ်ဘာပေးနဲ့ ဗင်နီးစီးယပ်စ် တို့ဟာ ခံစစ်ဆင်းကူဖို့ စိတ်မပါကြတာကြောင့် အသင်းရဲ့ ဟန်ချက်ပျက်နေပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်မှု ကိုပါ ခံနေရပါတယ်။

 

ရော်နယ်ဒိုနဲ့ ကစားခဲ့စဉ်က သင်ခန်းစာများ

ဘန်ဇီမာဟာ သူကိုယ်တိုင်လည်း ကမ္ဘာ့အဆင့် ကစားသမားတွေ အကြားမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး၊ ရော်နယ်လ်ဒိုရဲ့ အရိပ်အောက်မှာ နှစ်ပေါင်းများစွာ ရှိခဲ့သူပါ။ သူက အခုလိုပဲ နှိုင်းယှဉ် ပြောပြခဲ့ပါတယ်။ ဘန်ဇီမာက သူ့ အနေနဲ့ ခရစ္စတီယာနို အတွက် ကစားပေးခဲ့တာ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။ ရော်နယ်ဒို တစ်ရာသီ ဂိုး ၅၀ သွင်းနိုင်အောင် သူက ပံ့ပိုးပေးခဲ့ရပေမယ့် အဲဒီကနေမှ ဂိုးဧရိယာ အတွင်း လှုပ်ရှားမှုနဲ့ ဖိအားပေးပုံတွေကို သင်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ ခံစစ်ဆင်းမကူတာချင်း တူပေမယ့် အဲ့ဒီအချိန်တုန်းက ရီးရဲလ်မက်ဒရစ်မှာ တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ်တို့လို ကွင်းလယ်ဗိုလ်ချုပ်တွေ ရှိနေတာကြောင့် အသင်းကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပါတယ်။ အခုအချိန် မှာတော့ အဲဒီလို ဝါရင့် ကွင်းလယ်လူတွေရဲ့ နေရာကို အစားထိုးနိုင်ခြင်း မရှိသေးတာ ကလည်း ပြဿနာ တစ်ခု ဖြစ်နေပါတယ်။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာသွားရပြီ ဖြစ်သလို လာလီဂါ ဖလား ကိုလည်း ဘာစီလိုနာထံ လက်လွှတ်ပေးလိုက်ရဖို့လည်း နီးစပ်နေပါပြီ။ နည်းပြ ဇာဗီ အလွန်ဆိုဟာ ၆ လ အကြာ မှာတင် ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပြီး၊ ဒီနောက်ပိုင်း တက်လာတဲ့ နည်းပြ အဲလ်ဗာရို အာဘီလိုအာရဲ့ ရာထူးကလည်း မမြဲတော့တဲ့ အခြေအနေမှာ ရှိနေပါတယ်။

တကယ်တော့ အမ်ဘာပေးနဲ့ ဗင်နီးစီးယပ်စ် တို့ရဲ့ အတ္တတွေနဲ့ အသင်း အတွင်း သြဇာလွှမ်းမိုးမှုတွေက အသင်းကို ဆုဖလားလက်မဲ့ ဖြစ်စေမယ့် အခြေအနေဆီ တွန်းပို့နေတယ်လို့ သုံးသပ်လို့ ရပါတယ်။ ဘန်ဇီမာရဲ့ မှတ်ချက် ကတော့ လက်ရှိ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးတွေ အနေနဲ့ အသင်း အတွက် အနစ်နာခံ ကစားပေးဖို့နဲ့ အသင်းလိုက် ဟန်ချက်ညီဖို့ လိုအပ်နေပြီ ဆိုတာကို သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်ဘက်တစ်နဲ့ သရေကျခဲ့ပြီး ဘာစီလိုနာနဲ့ ၈ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။ အကယ်၍ ဒီကနေ့ညမှာသာ ဘာစီလိုနာတို့ ဂီတာဖေးကို အနိုင်ရခဲ့မယ် ဆိုရင်တော့ ၁၁ မှတ် အထိ ပြတ်တောက်သွားမယ့် အခြေအနေနဲ့ ရီးရဲလ်မက်ဒရစ်တို့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ဒီအခြေအနေ အတိုင်းသာ ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်တို့ လာလီဂါ ဖလား ကိုပါ ထပ်မံ လက်လွှတ်ရဖို့ သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်