တော့တင်ဟမ်ဟော့စပါး အသင်း အတွင်း စိတ်ဝမ်းကွဲပြားမှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေ အပေါ် ဗဟိုနောက်ခံလူ မစ်ကီ ဗန်ဒီဗန်က ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပါတယ်။ စပါးဟာ နည်းပြသစ် အီဂေါ တူဒါ လက်ထက် ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်နဲ့ သရေ ကစားပြီး နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်ထားနိုင်ပါတယ်။ ဒါ့အပြင် ဒီကနေ့ ညမှာလည်း စပါးက ဥရောပ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ အဖြစ် အက်တလက်တီကိုမက်ဒရစ်နဲ့ ဆက်လက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဒီပွဲမတိုင်ခင် ဗန်ဒီဗန်က စပါး ကစားသမားတွေဟာ အသင်း ကနေ ထွက်ခွာဖို့ လမ်းစရှာနေကြတယ် ဆိုတဲ့ သတင်းစကားတွေ အပေါ် “အကြီးမားဆုံးသော အဓိပ္ပာယ် မရှိတဲ့ ကောလာဟလ” တွေသာ ဖြစ်ကြောင်း ဗန်ဒီဗန်က တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာ စပါးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟနေပါတယ်။ တနင်္ဂနွေနေ့က လစ်ဗာပူးလ်နဲ့ ၁-၁ သရေကျခဲ့ပေမယ့်လည်း စပါးက ၂၀၂၆ ခုနှစ် အတွင်း အင်္ဂလန် ထိပ်တန်းလိဂ် ၄ ခုမှာ ရှက်ဖီးဝမ်းနက်စ်ဒေးနဲ့ အတူ လိဂ် နိုင်ပွဲ တစ်ပွဲမှ မရသေးတဲ့ နှစ်သင်းထဲက တစ်သင်း ဖြစ်နေပါတယ်။
အက်တလက်တီကိုမက်ဒရစ်ကို ၅-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပါဝင်ခဲ့ပြီး လစ်ဗာပူးလ်ပွဲ ကိုတော့ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့တဲ့ ဗန်ဒီဗန်က စပါး အသင်းသားတွေဟာ တန်းမဆင်းရရေး အတွက် တစ်စိတ်တစ်ဝမ်းတည်း ရှိနေကြကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သတင်းတချို့ကို တွေ့မိပါတယ်။ အမှန်အတိုင်း ပြောရရင် အဲဒါတွေကို သိပ်ဂရုမစိုက်ပါဘူး။ ဒါဟာ သတင်းထောက်တွေ လျှောက်ပြောနေတာပါ။ ကစားသမားတွေက အခြေအနေကို ဂရုမစိုက်တော့ဘူး။ အာရုံလွှင့်နေတယ် ဆိုတာမျိုး ဘယ်လိုစိတ်ကူးနဲ့ ပြောကြတာလဲ။ ကျွန်တော် ပြောနိုင်တာကတော့ ဒါတွေဟာ လုံးဝ မမှန်ပါဘူး။”
“အဝတ်လဲခန်းထဲမှာ ‘ငါတော့ ထွက်မှာ၊ ဒါတွေကို အာရုံမစိုက်တော့ဘူး’ လို့ ပြောနေတဲ့ ကစားသမား ရှိရင် အဲဒါဟာ အတော်လေး ထူးဆန်းနေပါလိမ့်မယ်။ ဒါတွေဟာ အဓိပ္ပာယ် မရှိတဲ့ အရာတွေပါ။ အသင်းသားတိုင်းဟာ ရှေ့ဆက်ရမယ့် ပွဲစဉ်တွေ အပေါ်မှာပဲ အာရုံစိုက်နေကြပါတယ်။” လို့ ဆိုပါတယ်။ ဆက်လက်ပြီး ဗန်ဒီဗန်က သတင်းအမှားတွေကြောင့် ပရိသတ်တွေက ယုံကြည်သွားတဲ့ အခါ အသင်း အတွက် ပိုပြီး အခက်အခဲ ဖြစ်စေကြောင်း၊ ကစားသမားတွေရော ဝန်ထမ်းတွေပါ လက်ရှိ အခြေအနေကို ပြောင်းလဲဖို့ အင်မတန် ကြိုးစားနေကြကြောင်း ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။
မတ်လ ၅ ရက်နေ့က ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ နဲ့ ရှုံးတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဗန်ဒီဗန်ဟာ အစ္စမိုင်လာ ဆားကို ဆွဲလှဲခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ “ပြီးခဲ့တဲ့ ပွဲတွေမှာ ကျွန်တော့်ရဲ့ ခြေစွမ်းက အကောင်းဆုံး မဟုတ်ခဲ့ဘူး ဆိုတာ ကျွန်တော် သိပါတယ်။ အရေးကြီးဆုံး ကတော့ ဒီကလပ် အတွက် ကျွန်တော် အမြဲတမ်း ၁၀၀ ရာခိုင်နှုန်း ပေးဆပ်နေတယ် ဆိုတာကို အားလုံး မြင်အောင် ဆက်ပြီး သက်သေပြသွားဖို့ပါပဲ။” လို့ ဗန်ဒီဗန်က ဆိုပါတယ်။
နည်းပြ အီဂေါ တူဒါ ကလည်း သူ့ရဲ့ ကစားသမားတွေဟာ အသင်းအပေါ် အပြည့်အဝ သစ္စာရှိကြကြောင်း အခုလို ထောက်ခံခဲ့ပါတယ်။ “ခြေစွမ်းကောင်းပြနိုင်ဖို့က အရေးကြီးပါတယ်။ ကစားသမားတွေက တကယ်ကို ဂရုစိုက်ကြပြီး ကောင်းကောင်း လုပ်ချင်ကြတာပါ။ အခြေအနေတွေကို စတင် ပြောင်းလဲဖို့က မလွယ်ကူပေမယ့် ဒါဟာ ကောင်းမွန်တဲ့ ပွဲတစ်ပွဲပါ။ ကွင်းထဲမှာ ရိုးရိုးသားသား ကြိုးစားမယ် ဆိုရင် ဘောလုံးက သင့်ကို ရလဒ်ကောင်းတွေ ပြန်ပေးပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


