လစ်ဗာပူးလ် – တော့တင်ဟမ်ဟော့စပါး
ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲစဉ် တစ်ပွဲ အဖြစ် လစ်ဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ အန်ဖီးလ်မှာ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဒီတွေ့ဆုံမှုက လစ်ဗာပူးလ်တို့ ၅-၁ နဲ့ အနိုင်ရရှိခဲ့တာဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို အတည်ပြုပေးနိုင်ခဲ့ပြီး၊ အခုအချိန် မှာလည်း စပါးက အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အလားတူ ရလဒ်မျိုး ထပ်မံ ထွက်ပေါ်လာဖို့ ဖြစ်နိုင်ခြေ ရှိနေပါတယ်။
လစ်ဗာပူးလ်
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှာ လစ်ဗာပူးလ်ဟာ စပါးကို ၅ ဂိုးသွင်းပြီး အကြိမ် ၂၀ ကြိမ်မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မာဆေးလ်ဆိုဒ် ကလပ် အတွက် အဲဒီလို ဖလား အောင်ပွဲခံနိုင်မယ့် အခြေအနေမျိုး မရှိတော့ပါဘူး။ နည်းပြ အာနေး ဆလော့တ်ရဲ့ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် အတွက် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ ကြိုးစားနေချိန် ဝုဗ်ကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဆန်းဒါးလန်း၊ နော့တင်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်း တို့ကို ၃ ပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီးနောက် ဝုဗ်ကိုတော့ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ရတာပါ။ အဲဒီရှုံးပွဲကြောင့် သူတို့ဟာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာနဲ့ ၃ မှတ်အကွာကို ရောက်သွားခဲ့ရပါတယ်။
အဲဒီနောက် ၃ ရက်အကြာ မှာတော့ အက်ဖ်အေဖလားမှာ ဝုလ်ဗ်ကို ပြန်လည် အနိုင်ယူပြီး လက်စားချေနိုင်ခဲ့ပေမယ့်၊ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ဂါလာတာဆာရေးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ ဒါကြောင့် နည်းပြ ဆလော့တ်ရဲ့ အနာဂတ်ဟာ ပြိုင်ပွဲစုံ ၃ ပွဲမှာ ၂ ပွဲ ရှုံးထားတဲ့ အခြေအနေနဲ့ အတူ ဝေဖန်မှုတွေနဲ့ ပြန်လည် ရင်ဆိုင်နေရပါတယ်။ အကယ်၍ အခုလာမယ့် ပွဲမှာသာ ရှုံးနိမ့်ခဲ့ရင် လစ်ဗာပူးလ် အတွက် အခုရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲမြောက် ရှုံးပွဲ ဖြစ်လာမှာပါ။ ၂၀၁၅-၁၆ ရာသီ နောက်ပိုင်း သူတို့ အနေနဲ့ ၁၀ ပွဲအထိ မရှုံးဖူးသေးပါဘူး။ ဒါပေမယ့် လက်ရှိအချိန် မှာတော့ စပါးနဲ့ အိမ်ကွင်းမှာ ကစားရတာဟာ ဘယ်အသင်း အတွက်မဆို အလွယ်ကူဆုံး ပွဲစဉ်လို့တောင် ဆိုနိုင်ပါတယ်။
တော့တင်ဟမ်ဟော့စပါး
စာရင်းဇယားတွေအရလည်း စပါးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ရမှတ် ၁၈ မှတ်ထဲက ၁ မှတ်သာ ရရှိထားလို့ လိဂ်မှာ အဆိုးရွားဆုံး ပုံစံ ဖြစ်နေပါတယ်။ နည်းပြ အီဂေါ တူဒါကို အသင်းရဲ့ အကျပ်အတည်းတွေကို ကယ်တင်ဖို့ ခန့်အပ်ခဲ့ပေမယ့် သူဟာလည်း အစွမ်းမပြနိုင်ဘဲ ဖြစ်နေလို့ စပါး ပရိသတ်တွေက သူအသင်း ကနေ ထွက်ခွာသွားတာ ကိုပဲ မြင်ချင်နေကြပါပြီ။ စပါးရဲ့ အခြေအနေဟာ ဒီထက်ပိုဆိုးဖို့ မရှိတော့ဘူးလို့ ထင်ရပေမယ့် ပြီးခဲ့တဲ့ အင်္ဂါနေ့ညက အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ၅-၂ နဲ့ ရှုံးနိမ့်ခဲ့တာဟာ အခြေအနေကို ပိုဆိုးသွားစေခဲ့ပါတယ်။ နည်းပြ တူဒါဟာ စပါး သမိုင်းမှာ ပထမဆုံး အကြိမ် ခန့်အပ်ပြီးပြီးချင်း ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံး နည်းပြ ဖြစ်လာသလို၊ စပါး ကလည်း ပြိုင်ပွဲစုံ ၆ ပွဲဆက်တိုက် ရှုံးနိမ့်မှုနဲ့ ပထမဆုံးအကြိမ် ကြုံတွေ့နေရတာပါ။
လက်ရှိမှာ အဆင့် ၁၆ နေရာက စပါးဟာ တန်းဆင်းဇုန်ထဲက ဝက်စ်ဟမ်းနဲ့ နော့တင်ဟမ်ဖောရက်စ်တို့ထက် ၁ မှတ်သာ ပိုပါတယ်။ ဒါပေမယ့် ဂိုးကွာခြားချက် အသာရနေတာကြောင့်ရော၊ ဝက်စ်ဟမ်းက မန်စီးတီးနဲ့ ကစားရမှာကြောင့်ရော စပါး အနေနဲ့ ဒီတစ်ပတ်မှာ တန်းဆင်းဇုန်ထဲ ရောက်သွားဖို့တော့ မရှိသေးပါဘူး။ ဒါဟာ အဝေးကွင်းအထိ လိုက်ပါအားပေးမယ့် ပရိသတ်တွေ အတွက်တော့ စိတ်သက်သာရာရစရာ မဟုတ်ပါဘူး။ စပါးဟာ လစ်ဗာပူးလ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၆ ပွဲမှာ ၁၂ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။ ဒီပွဲမှာသာ ထပ်ပြီး ရှုံးခဲ့မယ် ဆိုရင်တော့ နည်းပြ တူဒါ တစ်ယောက် အလုပ်ပြုတ်သွားမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ လစ်ဗာပူးလ် ဘက်က ခီယေဇာ၊ အလီဆွန် ဘက်ကာတို့ လွဲချော်နိုင်ခြေ ရှိနေပြီး ဘရက်ဒ်လီ၊ လီယွန်နီ၊ ဘက်ဂျ်စီတစ်၊ အန်ဒို၊ အိဆက်ခ် တို့ကတော့ သေချာပေါက် လွဲပါလိမ့်မယ်။ စပါး ဘက်မှာတော့ ကစားသမား တော်တော်များများ ဆက်လက် လွဲချော်မှာ ဖြစ်ပါတယ်။ စပါးရဲ့ ဒဏ်ရာရ ပွဲပယ် စာရင်း မှာတော့ ဂယ်လာဟာ၊ ဘစ်ဆူးမား၊ ဒေးဗီးစ်၊ ရိုမီယို၊ အူဒိုဂီ၊ ကူလူဆက်ဗ်စကီး၊ မက်ဒီဆင်၊ ပါလ်ဟင်ဟာ၊ ဘက်ဂျ်ဗဲလ်၊ ဘန်တန်ကာ၊ ကူဒု့စ်၊ အော်ဒိုဘတ် တို့ ပါဝင်နေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
လစ်ဗာပူးလ် – မာမာဒက်ရှ်ဗီလီ၊ ဖရင်မ်ပေါင်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ ဂရာဗန်ဘက်ချ်၊ ဂျုံးစ်၊ ဆာလာ၊ ဆို့ဘို့ဇ်ဆလိုင်း၊ ဂက်ခ်ပို၊ အစ်ကီတီကေး
တော့တင်ဟမ်ဟော့စပါး – ဗစ်ကာရီယို၊ ပေါ်ရို၊ ဒန်ဆို၊ ဒရာဂူဆင်၊ စပန့်စ်၊ ဂရေး၊ ဆား၊ တဲလ်၊ ဆီမွန်စ်၊ ရစ်ချာလီဆင်၊ ဆိုလန်ကီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ လစ်ဗာပူးလ်က ၄ ကြိမ် နိုင်ပြီး စပါး ကတော့ ၁ ကြိမ်သာ ပြန်လည် အနိုင်ရထားပါတယ်။ အန်ဖီးလ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ လစ်ဗာပူးလ် ကပဲ ၄ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျထားပါတယ်။ ဒါကြောင့် ထိပ်တိုက်တွေ့ဆုံမှု အရ ဆိုရင် လစ်ဗာပူးလ်တို့ စပါး အပေါ်မှာ တော်တော်လေး အသာရခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် နိုင်ရင် ၁.၂၇ ဆ၊ တော့တင်ဟမ်ဟော့စပါး နိုင်ရင် ၇.၅၀ ဆ၊ သရေ ဆိုရင်တော့ ၅.၄၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ်မှာလည်း လစ်ဗာပူးလ် ဘက်က ခပ်ပြင်းပြင်း ကြေးဖွင့်ပေးထားပြီး ဂိုးပေါင်းကြေး ကလည်း မြင့်နေတာ တွေ့ရပါတယ်။ အခုချိန်က စပါးတို့ အရာရာ နိမ့်ကျနေတဲ့ အချိန်ပါ။ လစ်ဗာပူးလ်တို့ ခြေစွမ်း သိပ်မကောင်းရင်တောင် စပါးရဲ့ နိမ့်ပါးမှုကြောင့် နိုင်ပွဲရဖို့ အရမ်းမခက်ခဲနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ စပါးတို့ ၃ ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားနိုင်တဲ့ ပွဲလို့ပဲ မျှော်လင့်ထားပါတယ်။
ခန့်မှန်းရလဒ်
လစ်ဗာပူးလ် ၃-၀ တော့တင်ဟမ်ဟော့စပါး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


