ဝက်စ်ဟမ်း – မန်ချက်စတာစီးတီး
မန်ချက်စတာစီးတီး ကတော့ အခုတပတ် ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းယူနိုက်တက်ရဲ့ လန်ဒန် စတေဒီယံဆီ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက အက်တီဟတ်မှာ ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ် မှာတော့ မန်စီးတီးက ဝက်စ်ဟမ်းကို ၃-ဝ ရလဒ်နဲ့ အနိုင်ရရှိထားပါတယ်။
မန်ချက်စတာစီးတီး
ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့တဲ့ မန်စီးတီးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ အဖြစ် ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၃-ဝ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် အခြေအနေတွေ ဆိုးရွားသွားခဲ့ပါတယ်။ နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ လာမယ့် တပတ် အိမ်ကွင်း ဒုတိယအကျော့မှာ စပိန် ထိပ်သီး ကလပ်ကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေး “ သိပ်မရှိတော့ဘူး” လို့ ဝန်ခံထားပါတယ်။ မန်စီးတီး အတွက် တစ်ရာသီ အတွင်း ဖလားလေးလုံး (Quadruple) ရယူမယ့် မျှော်လင့်ချက်က နည်းသွားပြီ ဖြစ်လို့ အခုအခါမှာတော့ ဇယားထိပ်က ပြိုင်ဘက် အာဆင်နယ်ကို ကျော်ဖြတ်ဖို့ပဲ ကြိုးစားရတော့မှာပါ။ အတိအကျ ပြောရရင်တော့ မန်စီးတီး အနေနဲ့ ပရီးမီးယားလိဂ် အပါအဝင် ပြည့်တွင်း ချန်ပီယံဆုတွေ ကိုပဲ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ပွဲရဲ့ ဒုတိယပိုင်းတွေမှာ ခြေစွမ်းပိုင်း ကျဆင်းလေ့ ရှိပါတယ်။ ပထမပိုင်း ရလဒ်တွေနဲ့တင် တွက်ချက်မယ် ဆိုရင် မန်စီးတီးဟာ ဒီရာသီမှာ ရမှတ် ၆၇ မှတ်နဲ့ ဒုတိယနေရာက အာဆင်နယ် (၅၄ မှတ်) ထက် ၁၃ မှတ် အထိ ပိုများနေပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း သီးသန့် ရလဒ်တွေအရ ဆိုရင်တော့ မန်စီးတီးဟာ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၈ နေရာ မှာပဲ ရှိနေပြီး ပထမပိုင်းနဲ့ ဒုတိယပိုင်း ရမှတ် ကွာခြားချက် ၂၆ မှတ် ဆိုတာ ဒီရာသီလိဂ် အတွင်း အများဆုံးလည်း ဖြစ်ပါတယ်။
ဝက်စ်ဟမ်း
မန်စီးတီးဟာ မက်ဒရစ်မှာ မရှုံးခင် FA ဖလားမှာ နယူးကာဆယ်ကို ၃-၁ နဲ့ နိုင်ခဲ့သလိုပဲ၊ ဝက်စ်ဟမ်း ကလည်း ပြီးခဲ့တဲ့ တပတ်က ဘရန်ဖို့ဒ်ကို ပင်နယ်တီ အဆုံးအဖြတ် ၅-၃ နဲ့ အနိုင်ယူပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်လှမ်းထားပါတယ်။ လာမယ့် ဧပြီလမှာ လိဒ်စ်ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ကစားဖို့ ရှိပေမယ့် လောလောဆယ် မှာတော့ ဝက်စ်ဟမ်းဟာ တန်းမဆင်းရရေး အတွက် ပရီးမီးယားလိဂ် ကိုပဲ အာရုံစိုက်ရမှာပါ။ နူနို အက်စပီရီတို ဆန်တိုရဲ့ အသင်းဟာ လက်ရှိမှာ အဆင့် ၁၈ နေရာမှာ ရှိနေပြီး အဆင့် ၁၇ က နော့တင်ဟမ်ဖောရက်စ်နဲ့ ဂိုးကွာခြားချက်သာ ကွာဟနေတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၈ ပွဲမှာ ၁၄ မှတ် အထိ ရယူနိုင်ခဲ့တာကြောင့် တန်းတင် ကျန်ရစ်ဖို့ မျှော်လင့်ချက်တွေ ပိုကောင်းလာခဲ့ပါတယ်။ အဲဒီကာလအတွင်း သူတို့ရဲ့ စွမ်းဆောင်ရည်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၇ ရှိခဲ့ပြီး ပြီးခဲ့တဲ့ တပတ် ကလည်း ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၁-ဝ နဲ့ အရေးပါတဲ့ နိုင်ပွဲ ရယူထားနိုင်ခဲ့ပါတယ်။ အခုပွဲမှာ မန်စီးတီးကို အနိုင်ရခဲ့ရင်တော့ ဝက်စ်ဟမ်းဟာ ဒီရာသီမှာ တတိယအကြိမ်မြောက် အဖြစ် ၂ ပွဲ ဆက်တိုက် နိုင်ပွဲ ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းဟာ လန်ဒန်စတေဒီယမ်မှာ မန်စီးတီးကို ၉ ကြိမ် ဧည့်ခံ ကစားခဲ့ဖူးရာမှာ တစ်ကြိမ်မှ အနိုင်မရဖူးသေးတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်ကွင်းမှာ ဒီလောက် အကြိမ်ရေများများ တွေ့ဖူးပြီး တစ်ခါမှ နိုင်ပွဲ မရသေးတဲ့ အသင်း ဆိုလို့ ဘရိုက်တန်နဲ့ မန်စီးတီး နှစ်သင်းပဲ ရှိပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဝက်စ်ဟမ်း ဘက်က ဖေဘီယန်စကီး တစ်ဦးတည်း လွဲချော်ဖို့ ရှိပြီး မန်စီးတီး ဘက်မှာတော့ ယော့စ်ကို ဂဗာဒီယိုလ်၊ ရီကို လူးဝစ္စနဲ့ ကိုဗာချစ်တို့ လွဲချော်မှာပါ။ ဒါ့အပြင် ပပ် ဂွါဒီယိုလာ ကလည်း ပွဲပယ် ပြစ်ဒဏ်ကြောင့် ဒီပွဲကို ကွင်းဘေးနား ကနေ ကြီးကြပ်နိုင်မှာ မဟုတ်ပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဝက်စ်ဟမ်း – ဟာမန်ဆန်၊ ဝမ်ဘစ်ဆာခါ၊ အမ်ဗရိုပါးနို့စ်၊ ဒီဆာဆီ၊ ဒီယော့ဖ်၊ ဖာနန်ဒက်စ်၊ မာဂတ်ဆာ၊ ဆိုချက်ခ်၊ ဘိုဝင်၊ ပါဘလို၊ ကတ်စတယ်လာနို့စ်
မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ ဒီးရာ့စ်၊ ဂူဟီ၊ အစ်နျူရီ၊ ရိုဒရီ၊ အိုရွိုင်လီ၊ ဘာနာဒို၊ ချာကီ၊ ဆီမီညို၊ ဟာလန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
မန်စီးတီးဟာ ဝက်စ်ဟမ်းနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ ၂၀ မှာ ရှုံးပွဲ မရှိထားတာကြောင့် (၁၇ ပွဲနိုင်၊ ၃ ပွဲ သရေ) စနေနေ့မှာ နိုင်ပွဲ ပြန်ရှာနိုင်ဖို့ ယုံကြည်ချက် ရှိနေပါလိမ့်မယ်။ မန်စီးတီးရဲ့ သမိုင်းတစ်လျှောက်မှာ ဖူလ်ဟမ် (၂၂ ပွဲဆက်) နဲ့ နယူးကာဆယ် (၂၂ ပွဲဆက်) တို့နဲ့သာ ဒီထက် ပိုပြီး ရှည်လျားတဲ့ ရှုံးပွဲ မရှိမှတ်တမ်း ရှိခဲ့ဖူးတာပါ။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ မန်စီးတီး ကပဲ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဝက်စ်ဟမ်း နိုင်ရင် ၄.၁၁ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင် ၁.၆၈ ဆ၊ သရေ ဆိုရင်တော့ ၃.၈၁ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း မန်စီးတီး ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ လာမယ့် သီတင်းပတ်ကုန် ပွဲစဉ်မှာ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ အခြေအနေတွေ ရှိနေတာကြောင့် ရမှတ်အပြည့်အဝ မရရှိရင် ဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဝက်စ်ဟမ်းက နောက်ပိုင်းမှာ စုဖွဲ့မှု အားကောင်းလာသလို မန်စီးတီးရဲ့ အားနည်းနေတဲ့ ခံစစ်ပိုင်း ကိုလည်း ဒုက္ခပေးနိုင်စွမ်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တေ့တေ့ဆိုင်ဆိုင် ဆိုရင် မန်စီးတီး ကိုပဲ ယုံကြည်ထားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ပဲ မန်စီးတီး အနိုင်ရသွားဖို့ များပါတယ်။
ခန့်မှန်းရလဒ်
ဝက်စ်ဟမ်း ၁-၂ မန်ချက်စတာစီးတီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


