နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဟာလန်းကို အနာဂတ် ပစ်မှတ် အဖြစ် သတ်မှတ်ထားနေဆဲ ရီးရဲလ်၊ ဒိုကုကို စိတ်ဝင်စားနေတဲ့ အက်တလက်တီကို | လာလီဂါ

အခုတစ်ခါမှာတော့ မတ်လ ၁၃ ရက်နေ့ နေ့လည်ခင်းအထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။ 

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ ကီလီယန် အမ်ဘာပေးနဲ့ တွဲဖက် ကစားပေးဖို့ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူပေးဖို့ အိမ်မက်ရှိနေဆဲ ဖြစ်ပါတယ်။ ဟာလန်းဟာ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ တို့လို ထိပ်သီး အသင်းတွေ ကသာ ခေါ်ယူဖို့ ကြိုးပမ်းလာရင် လက်လွှတ်ပေးဖို့ အတွက် မန်စီးတီးနဲ့ သဘောတူညီချက် ရှိထားပါတယ်။ သတင်းတွေ အရ ဆိုရင် တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ပြိုင်ဘက် ဘာစီလိုနာ ကလည်း ဟာလန်းကို ခေါ်ယူဖို့ အတွက် အစီအစဉ် ရှိနေပါတယ်။

လက်ရှိ မှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အလိုချင်ဆုံး စာရင်း ထိပ်ဆုံးမှာ ရှိနေသူက ဂါလာတာဆာရေး တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် ဖြစ်နေပါတယ်။ သူ့အတွက် ယူရို သန်း ၈၀ ကျော်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ပရီးမီးယားလိဂ် ကလပ်တွေ ကလည်း ခေါ်ယူချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ဟာ ကြားရက် ချန်ပီယံလိဂ် ပွဲစဉ်က ရိုဒရီရဲ့ ခြေစွမ်း အပေါ် အားရ ကျေနပ်မှု မရှိတာကြောင့် သူ့ကိုခေါ်ယူမယ့် အစီအစဉ်အပေါ် သံသယ ရှိနေတယ်လို့ သိရပါတယ်။ ရိုဒရီ ကိုတော့ ရီးရဲလ်မက်ဒရစ်က ကာလအတန်ကြာ စိတ်ဝင်စားနေပြီးတော့ ပြီးခဲ့တဲ့ ရာသီတွေ ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် လာလီဂါ ကလပ် တစ်ခု ဖြစ်တဲ့ အက်တလက်တီကိုမက်ဒရစ်ဟာ မန်စီးတီး တောင်ပံ ကစားသမား ဂျရယ်မီ ဒိုကုကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ဒိုကု ကိုယ်တိုင် ကလည်း မန်စီးတီးမှာ သူရရှိနေတဲ့ အခန်းကဏ္ဍ အပေါ် စိုးရိမ်နေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ဝေခွဲမရ ဖြစ်နေပါတယ်။ 

ဘာစီလိုနာ အသင်းရဲ့ ပစ်မှတ် ဖြစ်နေတဲ့ အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘတ်စတိုနီကို အင်တာမီလန် ဘက်က မရောင်းချနိုင်တဲ့ ကစားသမား အဖြစ် မသတ်မှတ်ထားတော့ဘဲ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားသွားမှာပါ။ ဘက်စတိုနီ ကိုတော့ မန်ချက်စတာယူနိုက်တက် ကလည်း ခေါ်ယူဖို့ ပစ်မှတ် စာရင်းထဲ ထည့်သွင်းထားပါတယ်။

နောက်ထပ် လာလီဂါ ကလပ် တစ်ခု ဖြစ်တဲ့ အက်တလက်တီကိုမက်ဒရစ်ဟာ မန်စီးတီး တောင်ပံ ကစားသမား ဂျရယ်မီ ဒိုကုကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
မန်စီးတီးမှာ အနာဂတ် မသေချာ ဖြစ်နေတဲ့ အက်တလက်တီကိုမက်ဒရစ်

အကယ်၍ ရောဘတ် လီဝမ်ဒေါစကီးသာ ဒီနွေရာသီမှာ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်က စိတ်ဝင်စားနေပါတယ်။ ပိုလန်သားကြီးကို ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ်တွေက စိတ်ဝင်စားနေပြီး သူကိုယ်တိုင် ကတော့ ကစားသမားဘဝကို အေးဆေးစွာ အဆုံးသတ်နိုင်မယ့် မေဂျာလိဂ် ကလပ် တသင်းသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဒီနွေရာသီမှာ အဲ့လ်နာဆာ ကနေ ထွက်ခွာပြီး သူ့ရဲ့ ကလပ်ဟောင်း စပို့တင်းလစ္စဘွန်းဆီ ပြန်သွားတော့မှာ ဖြစ်ကြောင်း သတင်း တော်တော်များများက ဖော်ပြနေပါတယ်။ လက်ရှိ အရှေ့အလယ်ပိုင်း အခြေအနေတွေက ရော်နယ်ဒိုရဲ့ အနာဂတ် အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပြီး သူ့ အနေနဲ့ ဥရောပဆီ ပြန်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အဲလ်နာဆာဟာ ပီအက်စ်ဂျီ ကနေ ထွက်ချင်နေတဲ့ အူစမန်နီ ဒမ်ဘီလီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒမ်ဘီလီ ကတော့ ဒီရာသီမှာ ခြေစွမ်း အနည်းငယ် ကျဆင်းလာပြီးနောက် အသင်း ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေသူပါ။

ဒေါ့မန် တိုက်စစ်မှူး ဆာဟူး ဂူရက်ဆီ ကလည်း ဥရောပ ကနေ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့မယ့် နောက်ထပ် ကစားသမား တစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် ကတော့ အပြောင်းအရွှေ့ အတွက် အတည်ပြုထားခြင်း မရှိသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်