ဒီရာသီ ပရီးမီးယားလိဂ်မှာ မျှော်လင့်ထားတာထက် ပိုပြီး ခြေစွမ်းပြနေတဲ့ ဆန်းဒါးလန်း အနေနဲ့ အောင်မြင်မှုတွေ အပေါ် ယစ်မူးမသွားဖို့ အသင်းခေါင်းဆောင် ဂရန်းနစ် ချာကာက တိုက်တွန်းလိုက်ပါတယ်။ ကြောင်နက်တွေဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ တန်းတင် ကျန်ရစ်ဖို့ အတွက် အနိမ့်ဆုံး သတ်မှတ်ချက်လို့ ယူဆကြတဲ့ ရမှတ် ၄၀ မှတ်တိုင်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာ ဆန်းဒါးလန်းဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ ၁၂ မှတ် အကွာမှာ ရှိနေသလို၊ ရာသီကုန်ဖို့ ၉ ပွဲ အလိုမှာ ဥရောပ ဝင်ခွင့် နေရာတွေနဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ နည်းပြ ရက်ဂျစ် လီ ဘရစ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ အပတ်က အက်ဖ်အေဖလားမှာ တတိယတန်း ကလပ် ပို့တ်ဗီးလ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပေမယ့် လာမယ့် စနေနေ့မှာ ဘရိုက်တန်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေနဲ့ ပတ်သတ်လို့ ဂရန်းနစ် ချာကာက အခုလို ပြောကြားလိုက်ပါတယ်။ “ကျွန်တော်တို့ နှိမ့်ချစွာနဲ့ ဆက်ပြီး ကြိုးစားသွားဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘယ်လို အခြေအနေ ကနေ လာခဲ့တယ် ဆိုတာကို သိထားရပါမယ်။ ကျွန်တော် တို့ရဲ့ ပထမဆုံး ပစ်မှတ်က ရမှတ် ၄၀ ပါ။ ပထမရည်မှန်းချက် အောင်မြင်သွားတဲ့အခါ နောက်ထပ် အောင်မြင်မှုတွေကို ပိုလိုချင်လာကြတာ သဘာဝပါ။ ဒီအသင်းမှာ ပိုမို အောင်မြင်ချင်တဲ့ ဆာလောင်မှုတွေ ရှိနေတာကို ခံစားရပါတယ်။ ကျွန်တော်တို့ ပွဲစဉ် တစ်ပွဲချင်းစီ ကိုပဲ အာရုံစိုက်သွားမှာ ဖြစ်လို့ ဘယ်အဆင့်အထိ ရောက်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။” လို့ ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူက ပြောကြားခဲ့ပါတယ်။
ဘရိုက်တန် ကတော့ ပြီးခဲ့တဲ့ ပွဲမှာ ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဥရောပ ဝင်ခွင့် မျှော်လင့်ချက် အနည်းငယ် ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ နည်းပြ ဖေဘီယန် ဟက်ဇီလာက အာဆင်နယ်ရဲ့ ကစားဟန် အပေါ် ဝေဖန်ခဲ့ပေမယ့် လူငယ် ကြယ်ပွင့် ဂျက် ဟင်ရှဲလ်ဝုဒ်ကို ၂၀၂၉ ခုနှစ် အထိ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့လို့ ကျေနပ်နေပါတယ်။ အသက် ၂၀ အရွယ် ဟင်ရှဲလ်ဝုဒ်ဟာ ဘရိုက်တန် စီနီယာ အသင်းကြီးမှာ ပွဲပေါင်း ၇၀ ကစားပေးထားပြီး ၉ ဂိုး သွင်းကာ ၆ ဂိုး ဖန်တီးပေးထားပါတယ်။

ဒီပွဲမှာ စောင့်ကြည့်ရမည့် ကစားသမားတွေ အဖြစ် ဆန်းဒါးလန်း ဘက်က ဒန် ဘဲလတ်ကို ရွေးချယ်ထားချင်ပါတယ်။ ဒီကွင်းလယ် ခံစစ် ကစားသမားဟာ ဒီရာသီ ဆန်းဒါးလန်း ကစားသမားတွေ ထဲမှာ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံးထိတွေ့မှု အများဆုံး (၆၄ ကြိမ်) ပြုလုပ်ထားသူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် တစ်ခုလုံးမှာ သူ့ထက် ပိုများတဲ့ နောက်ခံလူ ဆိုလို့ အာဆင်နယ်က ဂျူရီယန် တင်ဘာ (အကြိမ် ၉၀) ပဲ ရှိပါတယ်။
ဘရိုက်တန် ဘက်ကတော့ ယန်ကူဘာ မင်တာ့ရ်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီကစားသမားဟာ ပြိုင်ဘက် ဂိုးဧရိယာထဲကို ဘောလုံးဆွဲပြေးမှု ၆၁ ကြိမ် အထိ ပြုလုပ်ထားပြီး မန်စီးတီးက ဂျရယ်မီ ဒိုကု (၆၃ ကြိမ်) ပြီးရင် ဒုတိယ အများဆုံး ဖြစ်ပါတယ်။ သူဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ၁ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီးပေးထားပါတယ်။
Opta ကတော့ ဒီပွဲမှာ ဘရိုက်တန်ရဲ့ အနိုင်ရရှိနိုင်ခြေက ၄၂.၉ ရာခိုင်နှုန်း ရှိပြီး ဆန်းဒါးလန်း ကတော့ ၃၁.၈ ရာခိုင်နှုန်း ရှိကာ သရေ ကျနိုင်ခြေ ကတော့ ၂၅.၃ ရာခိုင်နှုန်း ရှိနေပါတယ်။ ဆန်းဒါးလန်းဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲ ဆက်တိုက် အနိုင်ရထားပြီး၊ ၁၉၈၁ ခုနှစ် နောက်ပိုင်း ၉ ပွဲ ဆက်တိုက် ရှုံးနိမ့်ခြင်း မရှိသေးပါဘူး (၇ ပွဲ နိုင်၊ ၂ ပွဲ သရေ)။ တဖက်မှာလည်း ဘရိုက်တန်က ပရီးမီးယားလိဂ်မှာ တန်းတက် အသင်းတွေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၁၁ ပွဲမှာ ရှုံးပွဲ မရှိသေးပါဘူး (၅ ပွဲ နိုင်၊ ၆ ပွဲ သရေ)။ ဆန်းဒါးလန်း ကတော့ ဒီရာသီ အိမ်ကွင်း ၁၂ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပေမယ့် အိမ်ကွင်း နောက်ဆုံး ၂ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


