မတ် ၁၁ ရက် ညနေခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ချဲလ်ဆီးဟာ ပီအက်စ်ဂျီ တောင်ပံ ကစားသမား ခါဗစ်ချာ ခါဗရာစခီလီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီး အနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်၊ လစ်ဗာပူးလ် တို့နဲ့ အပြိုင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ တန်ဖိုး ကတော့ ယူရို သန်း ၉၀ (ပေါင် ၇၇.၉ သန်း) အထိ ရှိနိုင်ပါတယ်။
အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ် ကိုလည်း ချဲလ်ဆီးက မျက်စိကျနေပြီး သူ့ကို အရ ခေါ်ယူဖို့ အတွက် ယူရို သန်း ၁၅၀ (ပေါင် ၁၂၉.၈ သန်း) အထိ ပေးချေ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိပါတယ်။
တူရကီ ကလပ် ဂါလာတာဆာရေး တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ဟာ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ပစ်မှတ် စာရင်းထဲ ပြန်လည် ပါဝင်လာပါတယ်။ ဒါပေမယ့် ဘေယန်မြူးနစ်က ယူရို သန်း ၁၀၀ ကျော်နဲ့ ကမ်းလှမ်းပြီး အင်္ဂလန် ကလပ်တွေကို ကျော်ဖြတ်ဖို့ ပြင်ဆင်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အင်တာမီလန် နောက်ခံလူ ဖက်ဒရစ်ကို ဒီမာကိုကို နွေရာသီ အတွက် ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဒီမာကို,ကို ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းသွားမှာပါ။
လစ်ဗာပူးလ် အသင်းဟာ လိုက်ပ်ဇစ် တောင်ပံ ကစားသမား ယန် ဒီယိုမန်ဒီကို တခြား အသင်းတွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ စီစဉ်နေပါတယ်။
လစ်ဗာပူးလ်ဟာ အီဘရာဟီမာ ကိုနာတေးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာ စိုးတာကြောင့် အကျိုးခံစားခွင့် အများဆုံး စာချုပ်သစ်နဲ့ ကမ်းလှမ်းထားပါတယ်။ သူ့ကို အင်တာမီလန်၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် တို့က စိတ်ဝင်စားနေကြပါတယ်။
အလီဆွန်ကို ဘက်ကာကို ဂျူဗင်တပ်စ်က စိတ်ဝင်စားနေပေမယ့် လစ်ဗာပူးလ် ကတော့ သူ့ကို စာချုပ်ကုန်ဆုံးမယ့် ၂၀၂၇ အထိ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားပါတယ်။
အေစီမီလန်ဟာ မန်ချက်စတာစီးတီး နောက်ခံလူ နေသန် အေခီကို လျှော့ဈေးနဲ့ ခေါ်ယူဖို့ မျှော်လင့်နေရသလို စပါး ကလည်း ခရစ္စတီယန် ရိုမီယိုကို ဒီနွေမှာ ရောင်းထုတ်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။
အာလင်း ဟာလန်း ကတော့ လာမယ့် ရာသီမှာ မန်စီးတီး မှာပဲ ဆက်ရှိနေဖို့ စီစဉ်ထားပါတယ်။ နော်ဝေသားက နောင်တစ်ချိန် စပိန်မှာ ကစားချင်ပေမယ့် အခုချိန်ဟာ ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ကို သွားဖို့ အချိန်ကောင်း မဟုတ်သေးဘူးလို့ သူက ယူဆထားပါတယ်။
ဝက်စ်ဟမ်းဟာ ဘဏ္ဍာရေး အခက်အခဲကြောင့် သူတို့ရဲ့ တောင်ပံကစားသမား ဆမ်းမားဗီးလ်ကို ရာသီကုန်မှာ ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။
ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံး အကြီးအကဲ အဖြစ် လုပ်ကိုင်နေတဲ့ ယာဂင် ကလော့ပ် တစ်ယောက် အဆိုပါ ရာထူးမှ နှုတ်ထွက်ပြီး နည်းပြလောကထဲ ပြန်လည် ဝင်ရောက်လာဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိမှာ ရက်ဘူးလ်နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုထားတဲ့ ကလော့ပ်ဟာ နိုင်ငံတကာ ဘောလုံးပုံရိပ်ကို မြင့်တင်ပေးနိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပြီး လူငယ် ကစားသမားလေးတွေကို ရှာဖွေလေ့လာပေးနေပါတယ်။ နိုင်ငံ အတော်များများကို လှည့်ပတ် ကင်းထောက်နေတဲ့ ကလော့ပ်ဟာ ဘွန်ဒက်စ်လီဂါက လိုက်ပ်ဇစ်ကို သွားရောက် ကယ်တင်နိုင်ဖို့ အတွက် နည်းပြလောကထဲ ဝင်ရောက်လာနိုင်ပါတယ်။
ဘာစီလိုနာ နည်းပြဟောင်း ဇာဗီ ကတော့ ဥက္ကဌ ယိုအန် လာပေါ်တာရဲ့ သစ္စာဖောက်ခံရမှုကြောင့် အသင်းထံ ပြန်လာမှာ မဟုတ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ မက်ဆီကို ပြန်ခေါ်နိုင်ခွင့် ရှိခဲ့တာတောင် အဆိုပါ အခွင့်အရေးကို ပိတ်ပင်ခဲ့တဲ့ လာပေါ်တာကို ဇာဗီ တစ်ယောက် အခဲမကျေ ဖြစ်နေတာ ဖြစ်ပြီး အကယ်၍ မက်ဆီသာ ၂၀၂၃ တုန်းက အသင်းထံ ပြန်လာဖြစ်ခဲ့ပါက အသင်း အနေအထားက အခုလို ဖြစ်နေမှာ မဟုတ်ဘူးလို့လည်း ယုံကြည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


