အေစီမီလန်အသင်းက တနင်္ဂနွေနေ့ ဒါဘီပွဲစဉ်မှာ အနိုင်ရရှိပြီးနောက် အင်တာမီလန်နဲ့ ၇ မှတ် အကွာ အထိ ကပ်လိုက်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီ ကတော့ စီးရီးအေ ချန်ပီယံဆု အတွက် ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်ပါတယ်။
မီလန်ဒါဘီ (Derby della Madonnina) ပွဲစဉ်မှာ အေစီမီလန်က ဇယားထိပ်က ပြိုင်ဘက် အင်တာမီလန်ကို အက်စတူပီနန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အနိုင်ရလိုက်တာကြောင့် အေစီမီလန်က စီးရီးအေ အမှတ်ပေးဇယားထိပ်က အင်တာမီလန်နဲ့ ၇ မှတ် အကွာကို ရောက်ရှိလာခဲ့ပြီး သူတို့ရဲ့ စကူဒက်တို ချန်ပီယံ အိမ်မက်ကို ဆက်လက် ရှင်သန်စေနိုင်ခဲ့ပါတယ်။
အေစီမီလန်ဟာ ၂၀၁၀-၂၀၁၁ ဘောလုံးရာသီ (အယ်လီဂရီရဲ့ ပထမဆုံးအကြိမ် နည်းပြ သက်တမ်း) နောက်ပိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် တစ်ရာသီ အတွင်း မီလန် ဒါဘီ ပွဲစဉ် နှစ်ပွဲစလုံးကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံမှာ အင်တာမီလန်ကို ၃ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တာဟာ ၂၀၁၀ နိုဝင်ဘာ ကနေ ၂၀၁၁ သြဂုတ်လ အတွင်း မှတ်တမ်း နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
လက်ရှိမှာ အေစီမီလန်က စီးရီးအေ ပွဲစဉ် ၂၈ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၆၀ ရရှိထားခဲ့ပြီး ဒါဟာ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီ နောက်ပိုင်း ၄ ကြိမ်မြောက် ဖြစ်လာခဲ့ပါတယ်။ Opta စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ အေစီမီလန် အနေနဲ့ အင်တာမီလန်ကို ကျော်ဖြတ်ပြီး ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး ၅.၆ ရာခိုင်နှုန်းသာ ရှိတယ်လို့ သိရပြီး အယ်လီဂရီကလည်း ဒီအချက်ကို သဘောတူပုံရပါတယ်။

အယ်လီဂရီက DAZN Italia နဲ့ အင်တာဗျူးမှာ “အင်တာမီလန်က ၇ မှတ် ဖြတ်ထားတာပါ။ ဒါဟာ အားသာချက် အကြီးကြီးဖြစ်သလို သူတို့က အတောင့်တင်းဆုံး အသင်းနဲ့ ချန်ပီယံဖြစ်ဖို့ အသေချာဆုံး အသင်း ဖြစ်နေဆဲပါ။” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူက “ကျွန်တော်တို့ အနေနဲ့ ဂိုးဧရိယာထဲမှာ ဒီထက် ပိုပြီး ကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်ကို ၁၀ မှတ်၊ ကိုမိုနဲ့ ရိုးမားကို ၉ မှတ် ဖြတ်ထားနိုင်တဲ့ အတွက် ဒီရလဒ်ကို ကျေနပ်ရပါမယ်။ ကျွန်တော် တို့ရဲ့ ပန်းတိုင်က ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ပါပဲ။” လို့ ဆိုပါတယ်။
အဲဒီပွဲ ကစားပုံအရ မီလန်ဟာ အနိုင်ရဖို့ ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။ ဂိုးရနိုင်ခြေ တွက်ချက်မှု (xG) မှာ မီလန်က ၀.၇၇ သာ ရှိပြီး အင်တာမီလန်က ၁.၂၄ အထိ ရှိခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ ခရစ္စတီယန် ချီဗူးရဲ့ အင်တာမီလန်က အခွင့်အရေး ပိုရခဲ့ပြီး ဖက်ဒရစ်ကို ဒီမာကိုရဲ့ အပိုင်ကန်ချက် လွဲချော်ခဲ့တာ ကလည်း အင်တာမီလန်် အတွက် နာကျင်စရာ ဖြစ်ခဲ့ပါတယ်။
အသင်းရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီးတော့လည်း အယ်လီဂရီက “ပထမပိုင်းမှာ လူအင်အား အများကြီး သုံးခဲ့ရလို့ ဒုတိယပိုင်းမှာ အင်တာက ပိုဖိကစားလာနိုင်ပါတယ်။ ဒါပေမယ့် ဒီမာကိုရဲ့ အခွင့်အရေးက လွဲရင် အင်တာဆီ ကနေ တကယ့် အန္တရာယ် ရှိတဲ့ အခွင့်အရေးမျိုး သိပ်မတွေ့မိပါဘူး။ ကျွန်တော်တို့ မှာလည်း ၂-၀ ဖြစ်သွားနိုင်တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။” လို့ သုံးသပ်ခဲ့ပြီး “ထပ်ပြောရရင်တော့ အင်တာမီလန် ကပဲ စကူဒက်တို ချန်ပီယံဆု အတွက် အဓိက ရေပန်းစားနေတဲ့ အသင်းပါ။ ဒီနိုင်ပွဲက ကျွန်တော်တို့ အတွက် စိတ်ဓာတ်တက်ကြွစရာပါပဲ။” လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။ အေစီမီလန်ဟာ လာမယ့် မတ်လ ၁၆ ရက်နေ့မှာ စီးရီးအေ ပွဲစဉ် အဖြစ် လာဇီယိုနဲ့ ကစားရဖို့ ရှိပြီး အင်တာမီလန် ကတော့ ၁၄ ရက်နေ့မှာ အတ္တလန္တာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


