လူးဝစ္စ ဒီးယက်ဇ် ကတော့ ချန်ပီယံလိဂ်မှာ ဒုတိယဆုနဲ့ ကျေနပ်ထားခဲ့ရသူ ဖြစ်တာကြောင့် အခုအခါ မှာတော့ ဘေယန်မြူးနစ်နဲ့ အတူ အောင်မြင်မှု မှတ်တိုင်သစ် တစ်ခုကို စိုက်ထူနိုင်ဖို့ မျှော်လင့်နေပြီ ဖြစ်ပါတယ်။
ဒီးယက်ဇ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ချန်ပီယံ ဖြစ်လာဖို့ သူ့ရဲ့ အသင်းက အစွမ်းကုန် ကြိုးစားနေကြောင်းလည်း ပြောကြားလာခဲ့ပါတယ်။ ဘေယန်မြူးနစ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက ပီအက်စ်ဂျီကို အနိုင်ယူပြီး ဥရောပ ချန်ပီယံဆုကို နောက်ဆုံးအကြိမ် ဆွတ်ခူးထားခဲ့တာပါ။ ဗင်းဆင့် ကွန်ပနီရဲ့ အသင်းဟာ လာမယ့် အင်္ဂါနေ့မှာ အတ္တလန္တာနဲ့ ၁၆ သင်း အဆင့် ပထမအကျော့ အဖြစ် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ အတ္တလန္တာ ကတော့ ရှုံးထွက် ပလေးအော့ဖ် အဆင့်မှာ ဒေါ့မန်ကို ကျော်ဖြတ်ပြီး ဒီအဆင့်ကို ခက်ခက်ခဲခဲ တက်လှမ်းလာတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် နောက်ဆုံး ကစားခဲ့တဲ့ ၁၂ ပွဲမှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့ဖူးပြီး ၁၀ ပွဲ အထိ အနိုင်ရရှိထားပါတယ်။ (ကျန်တစ်ပွဲ ကတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက အီတလီ ကလပ် လာဇီယိုကို ၀-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲဖြစ်ပါတယ်)။ လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေပြီး Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ အာဆင်နယ် (၂၇ ရာခိုင်နှုန်း) ပြီးရင် ဘေယန်က (၁၆ ရာခိုင်နှုန်း) နဲ့ ဒုတိယလိုက်နေပါတယ်။
၂၀၂၂ ခုနှစ်က လစ်ဗာပူးလ်နဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ ကိုလံဘီယာသား ဒီးယက်ဇ်က အခုတစ်ကြိမ် မှာတော့ ဘေယန်မြူးနစ်နဲ့ အတူ တစ်ဆင့် ထပ်တိုးပြီး ချန်ပီယံဆုကို ဆွတ်ခူးချင်နေတာပါ။ ဒါကြောင့် လူးဝစ္စ ဒီးယက်ဇ်က UEFA.com နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။
“ချန်ပီယံလိဂ်ကို အနိုင်ရရှိဖို့ ဆိုတာ မယုံနိုင်စရာကောင်းတဲ့ ခံစားချက် ဖြစ်မှာပါ။ အဲဒီအတွက်လည်း ကျွန်တော်တို့ အပြင်းအထန် ကြိုးစားနေပါတယ်။ ကျွန်တော် တို့ဟာ ကလပ် အသင်းကြီး ဖြစ်သလို ကောင်းမွန်တဲ့ ကစားသမားတွေနဲ့ နည်းပြလည်း ရှိပါတယ်။ မိသားစုကြီး တစ်ခုလိုပဲ တူညီတဲ့ ပန်းတိုင် တစ်ခုဆီကို ဦးတည် လျှောက်လှမ်းနေကြတာပါ။ ကျွန်တော်တို့ အရာအားလုံးကို အနိုင်ယူချင်ပါတယ်။”
“မျက်မှောက်ခေတ် ဘောလုံးလောကမှာ ဘယ်အသင်းမဆို ဒုက္ခပေးနိုင်တဲ့ အတွက် ကျွန်တော်တို့ အမြဲမပြတ် ကြိုးစားနေဖို့ လိုအပ်သလို၊ လက်တွေ့ကျကျ နေထိုင်နိုင်ဖို့လည်း လိုအပ်ပါတယ်။ အခုခေတ်မှာ အသင်းတိုင်းက အားကောင်းလာကြတာမို့လို့ အစွမ်းကုန် ယှဉ်ပြိုင်ရမှာပါ။” လို့ ဒီးယက်ဇ်က ဆိုပါတယ်။

ဆက်လက်ပြီး သူက ဒီရာသီမှာ အစွမ်းကုန် တောက်ပပြနေတဲ့ အသင်းဖော် ဟယ်ရီကိန်း အပေါ် သူ့ရဲ့ အမြင်ကို သုံးသပ် ပြောကြားသွားခဲ့ပါသေးတယ်။ “သူ့ရဲ့ အရာ အားလုံးကို ကျွန်တော် လေးစားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိမှာ သူ့လို တိုက်စစ်မှူးမျိုး နောက်ထပ် မရှိဘူးလို့ ထင်လို့ပါပဲ။ သူက ဂိုးလည်း သွင်းတယ်၊ ဂိုးဖန်တီးမှုလည်း လုပ်ပေးတယ်။ ကွင်းထဲမှာ ပြေးလွှား ကစားသလို ကိုက် ၃၀ လောက်ကနေလည်း အတိအကျ ပေးပို့နိုင်စွမ်း ရှိပါတယ်။ သူက စွမ်းရည်တင် မကဘူး။ စိတ်ပိုင်းဆိုင်ရာ မှာလည်း အရမ်း မာကျော တောင့်တင်းတဲ့သူပါ။”
“သူ့ဆီကနေ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး သင်ယူစရာတွေ အများကြီး ရပါတယ်။ သူက အမြဲတမ်း အနိုင်ယူချင်စိတ် ရှိပြီး အသင်းကို ကူညီချင်စိတ်လည်း ရှိပါတယ်။ အပြင်းအထန် ကြိုးစား အားထုတ်တယ်။ အဲဒါက တကယ့်ကို အရေးကြီးတဲ့ အချက်ပါ။ သူ့လို ကစားသမားမျိုး အသင်းမှာ ရှိနေတာက ကျွန်တော်တို့ အတွက် စိတ်ချ လက်ချ ရှိစေပါတယ်။ သူက အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်း ရှိသူပါ။” လို့ ဒီးယက်ဇ်က ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။
အန်ဖီးလ် ကနေ ဂျာမန်မြေကို ပြောင်းရွှေ့လာပြီးနောက် ဒီးယက်ဇ်ဟာ အံ့အားသင့်ဖွယ် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၃၅ ပွဲမှာ သွင်းဂိုး ၂၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ အတွင်း ဥရောပ ထိပ်သီးလိဂ် ၅ ခုမှာ ဒီးယက်ဇ်ထက် ဂိုးပါဝင်ပတ်သက်မှု ပိုများနေသူတွေ ကတော့ မိုက်ကယ် အိုလီဆေး (၃၉)၊ ဟာလန်း (၄၀)၊ အမ်ဘာပေး (၄၄) နဲ့ ဟယ်ရီကိန်း (၅၄) တို့သာ ရှိနေပါတယ်။
သူ့ရဲ့ တိုက်စစ် တွဲဖက် ဟယ်ရီကိန်း ကလည်း ဘေယန်မြူးနစ် အတွက် ချန်ပီယံလိဂ် ၃၃ ပွဲမှာ ဂိုး ၃၃ ဂိုး (သွင်းဂိုး ၂၇၊ ဖန်တီးမှု ၆ ကြိမ်) အထိ ပါဝင်ပတ်သက်ထားပြီး ၂၀၂၃-၂၄ ရာသီက စလို့ ပြိုင်ပွဲမှာ အကောင်းဆုံး မှတ်တမ်း ပိုင်ရှင် ဖြစ်နေပါတယ်။ ဟယ်ရီကိန်းဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ မိုချန်ဂလာဘတ်နဲ့ ပွဲကို လွဲချော်ခဲ့ပေမယ့် အတ္တလန္တာနဲ့ ပွဲမှာတော့ အသင်းရဲ့ လူစာရင်းမှာ ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


