နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂျူဗင်တပ်စ်က အနာဂတ် အတွက် အများကြီး မတွေးပဲ တစ်နေ့ချင်းစီ ဖြတ်သန်းနေတယ် ဆိုတဲ့ စပယ်လက်တီ | စီးရီးအေ

ဂျူဗင်တပ်စ် ကတော့ မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ပီဆာကို ၄-၀ ရလဒ်နဲ့ အနိုင်ရပြီး လိဂ်ပွဲစဉ် (၄) ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်က ဂိုးပြတ် အနိုင်ယူကာ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်း စာရင်းဝင်ဖို့ နီးစပ်လာခဲ့ပါတယ်။

ကိုပါအီတလီယာနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေ ကနေ ထွက်ခွာခဲ့ရပြီး နောက်ပိုင်း ရလဒ်ပိုင်း ရုန်းကန်နေရတဲ့ ဂျူဗင်တပ်စ်ဟာ အလိုင်းရန့်ဇ်မှာ ကစားခဲ့တဲ့ စနေနေ့ ပွဲစဉ် မှာတော့ အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ပွဲအစပိုင်း မှာတော့ ဂျူဗင်တပ်တို့ အနည်းငယ် ရုန်းကန်ခဲ့ရပြီး ပီဆာ တိုက်စစ်မှူး ဒူရိုဆင်မီရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား မက်တီရာ ပါရင်က ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ကီဖရန် သူရမ်နဲ့ ဂျိုနသန် ဒေးဗစ်တို့ ဂိုးသွင်းခွင့်တွေ လွဲချော်ခဲ့လို့ ဂိုးမရှိသရေနဲ့ ပွဲနားခဲ့ရပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန် ၅၄ မိနစ် မှာတော့ ဂျူဗင်တပ်စ်တို့ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ ယီလ်ဒစ်ဇ်ရဲ့ ဖန်တီး ပေးပို့မှု ကနေ တစ်ဆင့် နောက်ခံလူ အန်ဒရီယာ ကမ်ဘီယာဆိုက ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။ ၁၁ မိနစ် အကြာ မှာတော့ လိုကတ်တယ်လီရဲ့ ကန်ချက် တိုင်ထိထွက်လာတာကို သူရမ် က ပိတ်သွင်းပြီး ဒုတိယဂိုး ရယူပေးခဲ့ပါတယ်။

ပွဲကစားချိန် ၇၅ မိနစ် မှာတော့ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမား ယီလ်ဒစ်ဇ် ကိုယ်တိုင် ကွန်ဆေးဆောင်းရဲ့ ပေးပို့မှု ကနေ တဆင့် ပြိုင်ဘက် နောက်ခံလူကို ကျော်ဖြတ်ပြီး လှပတဲ့ ကန်ချက်နဲ့ တတိယဂိုး သွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီး နာကျင်အချိန်ပို မှာတော့ လူစားဝင် ကစားသမား ဂျရယ်မီ ဘိုဂါက စတုတ္ထမြောက် အပိတ်ဂိုးကို သွင်းယူပေးခဲ့ပြီး ဂိုးပြတ် နိုင်ပွဲနဲ့ ပွဲကို အဆုံးသတ်ခဲ့ပါတယ်။

ပီဆာ အတွက်တော့ ၁၉၈၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် စီးရီးအေ ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ရပါတယ်။
စီးရီအေ Top 4 မျှော်လင့်ချက်ကို အသက်သွင်းနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ် အသင်းဟာ ဒီပွဲမှာ ဂိုးရနိုင်ခြေ (xG) ၂.၆၇ အထိ ရှိခဲ့ပြီး ပီဆာ ကတော့ ၀.၄၅ သာ ရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ တစ်ပွဲလုံးမှာ ဂိုးပေါက်ခြိမ်းခြောက်မှု ၂၄ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ စီးရီးအေမှာ ပီဆာနဲ့ တွေ့ဆုံမှု ၁၆ ကြိမ်မှာ ၁၂ ကြိမ် အထိ အနိုင်ရထားပြီး ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ ပီဆာ အတွက်တော့ ၁၉၈၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် စီးရီးအေ ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ နည်းပြ လူစီယာနို စပယ်လက်တီက “ပထမပိုင်းမှာ ကျွန်တော် တို့ရဲ့ နည်းဗျူဟာပိုင်း တစ်ခုခု လွဲချော်နေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့ပြီး ရသင့်ရထိုက်တဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့တာပါ။ အနာဂတ် အတွက် အများကြီး တွေးမနေဘဲ နေ့စဉ် လုပ်ဆောင်ရမယ့် အလုပ်တွေ အပေါ် မှာပဲ အာရုံစိုက်သွားဖို့

လိုပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ဂျူဗင်တပ်စ်က ကိုပါအီတလီ ကွာတားဖိုင်နယ်မှာ အတ္တလန္တာကို ရှုံးနိမ့်ခဲ့သလို၊ ချန်ပီယံလိဂ် မှာလည်း ဂါလာတာဆာရေးကို ရှုံးပြီး ထွက်ခဲ့ရတာကြောင့် ခက်ခဲတဲ့ ကာလကို ဖြတ်သန်းနေရတာပါ။ ဒါပေမယ့် စပယ်လက်တီ ကတော့ သူ့ရဲ့ ကစားသမားတွေ အပေါ် အကောင်းမြင်နေဆဲ ဖြစ်ပြီး “ကျွန်တော့် ကစားသမားတွေဟာ ရည်မှန်းချက်ကြီးကြတာကို တွေ့ရလို့ ဝမ်းသာပါတယ်။ သူတို့ဟာ ဒီကာလ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို သင်ခန်းစာယူပြီး အကောင်းဆုံး အသုံးချနေကြပါတယ်။” လို့ ဆိုခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်