နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကက်စ်မဲရိုး နေရာမှာ အစားထိုးဖို့ ယူရို သန်း ၂၀၀ သုံးမယ့် ယူနိုက်တက်၊ ဒါဝင် နူညက်ဇ်ကို ပြန်လည် ခေါ်ယူချင်နေတဲ့ နယူးကာဆယ်နဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ဖေဖော်ဝါရီ ၃ ရက် နေ့လည်ခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

လစ်ဗာပူးလ်ဟာ လေဗာကူဆင်ကို ရောက်နေတဲ့ သူတို့ရဲ့ နောက်ခံလူဟောင်း ဂျာရဲလ် ကွမ်ဆာကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ မူလအစီအစဉ်အရ Buyback clause က ၂၀၂၇ မှ စတင်မှာ ဖြစ်ပေမယ့် လာမယ့်နွေရာသီမှာတင် ယူရို သန်း ၆၀ ဝန်းကျင်နဲ့ ကြိုတင် ရောင်းချဖို့ လေဗာကူဆင် ဘက်က လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။

မိုဟာမက် ဆာလာရဲ့ နေရာကို အစားထိုးဖို့အတွက် လစ်ဗာပူးလ်ရဲ့ အဓိက ပစ်မှတ်က ဘေယန်မြူးနစ် ကြယ်ပွင့် မိုက်ကယ် အိုလီဆေး ဖြစ်ပါတယ်။ အိုလီဆေးရဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀၀ ကို လျှော့ချနိုင်ဖို့ ကိုဒီ ဂက်ခ်ပိုနဲ့ အလိုက်ပေး လဲလှယ်ဖို့ အထိ လစ်ဗာပူးလ်က မျှော်လင့်နေပါတယ်။

အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီ ကိုလည်း အာဆင်နယ်နဲ့ အတူ လစ်ဗာပူးလ်က စောင့်ကြည့်နေပါတယ်။ သူ့ကို ဘာစီလိုနာ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ ကက်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ယူရို သန်း ၂၀၀ ဝန်းကျင် အသုံးပြုဖို့ ပြင်ဆင်နေပါတယ်။ ကက်စ်မဲရိုး ကိုယ်တိုင်က နယူးကာဆယ်က ဘရူနို ဂီမာရက်စ်ကို အကြံပြုထားတယ်လို့ သိရပါတယ်။ ဆန်ဒရို တိုနာလီနဲ့ နော့တင်ဟမ်ဖောရက်စ်က အဲလီယော့တ် အန်ဒါဆင် တို့ကလည်း ယူနိုက်တက်ရဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။

ဒါဝင် နူညက်ဇ် လစ်ဗာပူးလ် တိုက်စစ်မှူးဟောင်း ဒါဝင် နူညက်ဇ်ကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ အတူ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကလည်း အံ့အားသင့်ဖွယ် ပါဝင်လာပါတယ်။

စပါး နောက်ခံလူ မစ်ကီ ဗန်ဒီဗန်ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆန်ထားပြီး သူ့ကို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့က စိတ်ဝင်စားနေပါတယ်။ စပါး ဘက်ကတော့ ပေါင်သန်း ၁၀၀ ရမှ ရောင်းချမယ်လို့ တင်းခံထားပါတယ်။ စပါးရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေဟာ တန်းမဆင်းရရေး အပေါ် မူတည်နေပါတယ်။ အကယ်၍ တန်းဆင်းသွားခဲ့ရင် ကစားသမား အများစုရဲ့ လုပ်ခလစာကို ၅၀ ရာခိုင်နှုန်း အထိ လျှော့ချမယ့် စာချုပ်အချက်အလက်တွေ ရှိနေပါတယ်။

အာဆင်နယ်ဟာ အသက် ၂၅ နှစ်အရွယ် ကိုရင်သီယန် အသင်းရဲ့ ညာနောက်ခံလူ မာသီယိုဇင်ညိုကို ကမ်းလှမ်းခဲ့ပေမယ့် ဘရာဇီးလ် ကလပ် ဘက်က ပယ်ချခဲ့ပါတယ်။

ဒါဝင် နူညက်ဇ် လစ်ဗာပူးလ် တိုက်စစ်မှူးဟောင်း ဒါဝင် နူညက်ဇ်ကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ အတူ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကလည်း အံ့အားသင့်ဖွယ် ပါဝင်လာပါတယ်။
အဲလ်ဟီလာရဲ့ လူစာရင်းထဲ ကနေပါ အထုတ်ခံထားရတဲ့ နူညက်ဇ်

နယူးကာဆယ်နဲ့ စပါး တို့ရဲ့ ပစ်မှတ် ဖြစ်တဲ့ မိုက်ကယ် ကာယိုဒီကို ဘရန့်ဖို့ဒ်က ယူရို သန်း ၃၀ သတ်မှတ်ထားပါတယ်။

အက်စတွန်ဗီလာ၊ မန်စီးတီး၊ ယူနိုက်တက် အစရှိတဲ့ ကလပ် အသင်း အများအပြားဟာ ဘယ်လ်ဂျီယံ ကလပ် ဂန့်ခ်ရဲ့ လူငယ် ကြယ်ပွင့်တွေ ဖြစ်တဲ့ မတ်တီ စမက်စ်နဲ့ ကာရက်တ်ဆက်စ် တို့ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားပါတယ်။

ရီးရဲလ်ဘက်တစ် တောင်ပံကစားသမား အက်ဇ် အာဘီဒီကို ရိုးမားက ခေါ်ယူဖို့ ကြိုးစားနေတာကို ဗီလာ၊ အဲဗာတန်၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့က ကြားဖြတ်လုယူဖို့ စောင့်ကြည့်နေပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ဂျာမန်ကလပ် ဒေါ့မန်နဲ့ ရှိထားတဲ့ သူတို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို အသုံးချပြီး လက်ရှိမှာ လူကြိုက် များနေတဲ့ နောက်ခံလူ နီကို ရှလော့တ်တာဘက်ခ်ကို အရ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ 

မန်စီးတီး ကွင်းလယ်လူ ရိုဒရီဟာ လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ထက် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ပိုပြီး စိတ်အားထက်သန်နေပါတယ်။ သူဟာ နူးကမ့်ပ်ရဲ့ အနာဂတ် စီမံကိန်းတွေ အပေါ် ပိုမိုယုံကြည်မှု ရှိနေတာကြောင့် ဖြစ်ပါတယ်။ 

တခြားတစ်ဖက် မှာတော့ ရိုဒရီဟာ စပိန်ကို ပြန်ဖို့ အတွက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ အဆင်သင့်ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ နည်းပြ ယာဂန် ကလော့ပ် ကလည်း ရိုဒရီကို ခေါ်ယူဖို့ ရီးရဲလ်ကို တိုက်တွန်းထားပါတယ်။ ဒါပေမယ့် ဥက္ကဋ္ဌ ဖလောရန်တီနို ပီရက်ဇ် ကတော့ ရိုဒရီရဲ့ ပြင်းထန်တဲ့ ဒူးဒဏ်ရာအပြီး ပုံစံကောင်း ပြန်ရ၊ မရကို အရင်စောင့်ကြည့်ချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ် ပစ်မှတ် စာရင်းမှာ ရိုဒရီအပြင် လစ်ဗာပူးလ်က အလက်ဆစ် မက်အယ်လစ္စတာလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် အသင်းရဲ့ အဓိက ကင်းထောက် ဂျူးနီ ကာလာဖတ် ကတော့ ခရစ္စတယ်ပဲလေ့စ်က လူငယ်ကြယ်ပွင့် အဒမ် ဝှာတန် ကိုသာ ခေါ်ယူဖို့ တိုက်တွန်းနေပါတယ်။ 

ဘေယန်မြူးနစ်ဟာ တိုက်စစ်မှူး ဟယ်ရီကိန်းကို ဘာစီလိုနာက ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို အဆုံးသတ်နိုင်ဖို့ အတွက် သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းနေပါတယ်။ 

အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီဟာ အန်တွန် ဂရစ်ဇ်မန်းကို အမေရိကန်ကလပ် အော်လန်ဒိုစီးတီးဆီ အခုချက်ချင်း မပြောင်းဖြစ်အောင် ဖျောင်းဖျနိုင်ခဲ့ပုံရပါတယ်။ အော်လန်ဒို အသင်းဘက်က အခုမပြောင်းရင် နွေရာသီမှာ ထပ်မံကမ်းလှမ်းမှာ မဟုတ်ဘူးလို့ သတိပေးထားပေမယ့် ဂရစ်ဇ်မန်း ကတော့ အေးအေးဆေးဆေးပဲ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်