နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အန်ဇို ဖာနန်ဒက်ဇ်ကိုပဲ အားစိုက်ကြိုးပမ်းတော့မယ့် ရီးရဲလ်၊ စပိန်မြေဆီ ပြောင်းရွှေ့လိုနေတဲ့ မာမွတ်ရှ် | လာလီဂါ

အခုတစ်ခါမှာတော့ မတ်လ ၂ ရက်နေ့ နေ့လည်ခင်းအထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီ ကွင်းလယ်လူ ဗစ်တင်ညာကို ခေါ်ယူဖို့ မဖြစ်နိုင်တော့ကြောင်း လက်ခံလိုက်ပါပြီ။ ဒါကြောင့် လာလီဂါ ကလပ်ဟာ ကမ္ဘာ့ဖလား အပြီးမှာ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ အတွက် “ အစွမ်းကုန်” ကြိုးစားသွားတော့မှာ ဖြစ်ပါတယ်။ 

ဘာစီလိုနာဟာ ဖရန်ကီ ဒီယောင်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဂရိုနင်ဂင် အသင်းရဲ့ အသက် ၂၂ နှစ် အရွယ် ကွင်းလယ်လူ စတိုင် ရီဆင်င့်ခ်ကို ပစ်မှတ်ထားနေပါတယ်။ နယ်သာလန်သား ရီဆင်င့်ခ်ရဲ့ တန်ကြေးက ယူရို ၆ သန်းခန့်သာ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ် အနေနဲ့ ဒီနှစ်အတွင်း ဘာကို အဓိက ဦးစားပေး လုပ်ဆောင်ရမလဲ ဆိုတာ သံသယဖြစ်စရာ မလိုတော့ပါဘူး။ အဲဒါကတော့ အသင်းရဲ့ အဓိကကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ 

လစ်ဗာပူးလ်နဲ့ ဘာစီလိုနာ ကွင်းလယ်လူဟောင်း ဖီလစ်ပီ ကော်တင်ညိုဟာ ဗက်စကိုဒါဂါးမား အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် လာလီဂါ ကလပ်တွေ ဖြစ်တဲ့ အဲလ်ချီ၊ ဂျီရိုနာနဲ့ ရေယို ဗလက်ကာနို တို့ရဲ့ ပစ်မှတ် ဖြစ်နေပါတယ်။ 

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာ အသင်းဆီ အပြီးသတ် ပြောင်းရွှေ့နိုင်ဖို့ အတွက် ယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ လုပ်ခလစာကို လျှော့ယူဖို့နဲ့ ရသင့်ရထိုက်တဲ့ ဘောနပ်စ် တချို့ကို စွန့်လွှတ်ဖို့ အထိ သဘောတူညီခဲ့ပါတယ်။ 

အသက် ၂၀ အရွယ် အလားအလာ ရှိတဲ့ အလာဗတ်စ် နောက်ခံလူ ယူဆက်ဖ် အန်နရီကေး ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် စာရင်းထဲ ရောက်ရှိလာပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိနောက်ခံလူတွေ ဖြစ်တဲ့ ဖာရန်း ဂါစီယာနဲ့ ဖာလန်း မန်ဒီ တို့ရဲ့ အနာဂတ်က မရေမရာ ဖြစ်နေတာကြောင့် အန်နရီကေးကို အဲလ်ဗာရို ကာရီးရက်စ်ရဲ့ အရံကစားသမား အဖြစ် ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

တဖက် မှာလည်း ရီးရဲလ်မက်ဒရစ်ရဲ့ အလိုချင်ဆုံး စာရင်းမှာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီက ထိပ်ဆုံးက ရှိနေဆဲ ဖြစ်ပါတယ်။ သူ့အတွက် ပြောင်းရွှေ့ကြေးဟာ ယူရို သန်း ၅၀ ဝန်းကျင် ရှိနိုင်ပါတယ်။ 

မန်ချက်စတာစီးတီး တိုက်စစ် ကစားသမား အိုမာ မာမွတ်ရှ်ဟာ ဒီနွေရာသီမှာ လာလီဂါ ထိပ်သီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။
မန်စီးတီးမှာ ပုံမှန် ပွဲထွက်ခွင့်မရ ဖြစ်နေလို့ မပျော်ရွှင် ဖြစ်နေတဲ့ အိုမာ မာမွတ်ရှ်

ရီးရဲလ်မက်ဒရစ်ဟာ အသင်းမှာ အခြေအနေမဟန် ဖြစ်နေတဲ့ နောက်ခံလူ ဖရန် ဂါစီယာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဂျူဗင်တပ်စ် နောက်ခံလူ အန်ဒရီယာ ကမ်ဘီယာဆိုကို မျက်စိကျနေပါတယ်။ 

အကယ်၍ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီသာ ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်က ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘေယန်မြူးနစ် တို့က ယူရို ၈၅ သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေကြောင်း အကြောင်းကြားထားကြပါတယ်။ 

ဘာစီလိုနာဟာ လီယွန်နယ် မက်ဆီကို အင်တာမိုင်ယာမီ ကနေ ကစားသမား အဖြစ် ပြန်လာဖို့ ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် ကစားသမား အဖြစ် ဆက်ကစားမလား ဒါမှမဟုတ် ကစားသမား ဘဝ ကနေ အနားယူပြီး အသင်းရဲ့ နောက်ကွယ်က တာဝန်တစ်ခုခုကို ယူမလား ဆိုတာ ကိုတော့ မက်ဆီကိုယ်တိုင် ရွေးချယ်ခွင့် ပေးထားပါတယ်။ မက်ဆီကို ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားနေပါတယ်။ 

မန်ချက်စတာစီးတီး တိုက်စစ် ကစားသမား အိုမာ မာမွတ်ရှ်ဟာ ဒီနွေရာသီမှာ လာလီဂါ ထိပ်သီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ ပစ်မှတ် ဖြစ်တဲ့ ဟူလီယန် အဲလ်ဗာရက်ဇ်ကို လက်လွှတ်ရတော့မယ့် အက်တလက်တီကိုမက်ဒရစ် ကလည်း မာမွတ်ရှ်ကို ခေါ်ယူဖို့ ပြိုင်ဘက်အဖြစ် ထွက်ပေါ်လာပါတယ်။ 

ဂျူဗင်တပ်စ် ကွင်းလယ်လူ မန်ဝဲလ် လိုကတ်တယ်လီ ကလည်း ဘာစီလိုနာရဲ့ အလိုရှိဆုံး ကစားသမား စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်